အဆိုတော် မနောဟာ မြန်မာနိုင်ငံမှာ အတော့်ကို အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ပါ…သူ့ရဲ့ ကျေးလက်သဘာဝကို ထင်ဟပ်စေတဲ့ သီချင်းတွေဟာ ဆိုရင် တောရောမြို့ပါမကျန် အကုန်ကြိုက်ကြတာပဲ ဖြစ်ပါတယ်..ဒါ့အပြင် အလှူမင်္ဂလာပွဲတွေမှာလည်း မနောမပါရင် မပြီးဘူးလို့ ဆိုရမှာပါ…ဒီလို မြန်မာနိုင်ငံမှာ ကျော်ကြားတဲ့ မနောရဲ့ ဗိုလ်အောင်ဒင် သီချင်းဆိုရင် နိုင်ငံခြားထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်…
Image may contain: 1 person
Image may contain: 1 person, wedding
လတ်တလောမှာလည်း မနောဟာ ထိုင်းနိုင်ငံမှာ သွားရောက်ဖျော်ဖြေခဲ့ပြီး သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကို သူ့ရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် ခုလိုချပြခဲ့ပါတယ်…“ထိုင်းနိုင်ငံ မဲဆောက်မှာ ဆိုခဲ့တယ် ..ချီးကျူးစရာတစ်ခုတွေ့ခဲ့တယ် ….အမျိုး ဘာသာသာသနာကိုစောင့်ရှောက်တဲ့ ထိုင်းနိုင်ငံမှာအနေကြာပြီး မြန်မာလူမျိုးတွေ အဲဒီမှာတော်တော်များများကိုရှိနေတာဗျာ့…ရှိတဲ့ထဲမှာ ထူးခြားတာက …ဦးကျော်သောင်းတို့ဇနီးမောင်နှံ ဟာ မြန်မာလူမျိုးရဲ့ ဓလေ့ ထုံးတန်း အစဉ်အလာကို အမြဲထိမ်းသိမ်းပေးနေပြီး သူ၏ သားသမီးမြေးလေးတွေဟာ ထိုင်းမှာပဲမွေးပေမယ့် အားလုံးမြန်မာစကားပဲပြောခိုင်းတယ် … ထိုင်းစာလည်းတက်တယ်ပေါ့…
Image may contain: 1 person, on stage and text
ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာလှူတာတွေတော်တော်များတယ် … အခုပွဲမှာလည်း မြန်မာ့ဓလေ့ဝတ်စားတွေနဲ့ယဉ်ကျေးမှုကို ချပြတယ်…မြန့်မာ့ဆိုင်းဝိုင်းနဲ့ အဆို အတီးအက အစုံပါတယ်… မြန်မာမုန့်အစုံဆိုင်တန်းများဖွင့်ရောင်းကြတယ် ….ထိုင်းနိုင်ငံလူကြီးများကြွရောက်အားပေးဖွင့်ပွဲလုပ်ကြတယ် …ထိုလူကြီးများကိုမြန်မာမုန့်နဲ့ပဲ ဧည့်ခံတယ်…ပြီးတော့ ဦးကျော်သောင်းဟာ မိခင်ကြီး ၉၃ နှစ်ထိ လိုတာမရှိအောင်ဆောင်ရွက်ပြီး ကျေးဇူးဆပ်သူတစ်ဦးလည်းဖြစ်တယ်….
Image may contain: 1 person, outdoor and closeup
ဒါကြောင့် ကျနော်တို့ အတုယူစရာတွေတွေ့ခဲ့ရတယ်…မိမိဘယ်နေရာ ဘယ်နိုင်ငံရောက်ရောက် မိမိရဲ့ နိုင်ငံ နှင့် လူမျိုး ဘာသာ ကိုတော့အလေးထားရမယ်…တိုင်းတစ်ပါးရဲ့ အရိပ်မိပြီး မိခင်ဘာသာရပ်မေ့သွားသူမဖြစ်ရဘူး… ဒါဟာ အင်မတန်မှ ဂုဏ်ယူစရာဖြစ်တာမို့တင်ပြအပ်ပါတယ် …အားလုံးသာယာချမ်းမြေ့ပါစေ…” ဆိုပြီး ရေးသားခဲ့တာပါ…မနောပြောတာလည်း မှန်ပါတယ်…မြန်မာဆိုတာ ဘယ်နေရာရောက်ရောက်မြန်မာပါပဲ…အဲတာကြောင့် ကျနော်တို့ အားလုံး မြန်မာဆိုတဲ့ စိတ်နဲ့ ကိုယ့်မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းပြီး မြန်မာ့ဂုဏ်တက်အောင် ကြိုးစားကြပါစို့နော်..
Image may contain: 4 people, people on stage, people standing and indoor
Image may contain: 1 person