မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ ေမာင္သည္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ေဆးကုသမႈခံယူေနေသာ္လည္း တိုင္းအစိုးရအဖြဲ႕ တာဝန္မ်ားကို ထမ္းေဆာင္ေနဆဲျဖစ္ေၾကာင္း ေခတၱဝန္ႀကီးခ်ဳပ္ဦးဇာနည္ေအာင္က ေျပာသည္။
Image result for ေဒါက္တာေဇာ္ျမင့္ေမာင္
ေဒါက္တာေဇာ္ျမင့္ေမာင္ သည္ ဇန္နဝါရီ ၁၃ ရက္က တိုင္း ေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးမ်ား ႏွင့္ ဗီဒီယိုေကာလ္မွတစ္ဆင့္အ စည္းအေဝး ျပဳလုပ္ခဲ့ေၾကာင္း ၎က ေျပာသည္။‘‘ကြၽန္ေတာ္တို႔နဲ႔ အၿမဲတမ္း ဗီဒီယိုေကာလ္ ေျပာပါတယ္။ တနလၤာေန႔က ဝန္ႀကီးအဖြဲ႕အား လုံးကို ဝန္ႀကီးခ်ဳပ္ႀကီးက ဘန္ ေကာက္ကေန ဗီဒီယိုေကာလ္နဲ႔ အစည္းအေဝးထိုင္တယ္။ ဆိုလို တဲ့အဓိပၸာယ္က သူဒီမွာမရွိေသာ္ လည္းပဲ အစိုးရအဖြဲ႕တာဝန္ေတြ ကို အၿမဲမျပတ္ေဆာင္႐ြက္လ်က္ရွိ တယ္’’ ဟု ၎ကဆိုသည္။
Image result for ေဒါက္တာေဇာ္ျမင့္ေမာင္
ဇန္နဝါရီ ၂၆ရက္တြင္ က်င္းပမည့္ မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝး၌ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ရာထူးအေျပာင္းအလဲျဖစ္ႏိုင္သည္ဟု သတင္းမ်ား ထြက္ေပၚေနေသာ္ လည္း မွန္ကန္မႈမရွိေၾကာင္း ဦးဇာနည္ေအာင္ႏွင့္ တိုင္းေဒသ ႀကီးစီမံကိန္းႏွင့္ ဘ႑ာေရးဝန္ ႀကီး ဦးျမတ္သူက ျငင္းဆိုသည္။‘‘ရာထူးလႊဲ မယ္ဆိုတာ မဟုတ္ပါဘူး။ က်န္းမာေရးအေျခအေနက ေဒါင္ေဒါင္ျမည္ပဲ’’ဟု ဦးျမတ္သူက ဆိုသည္။ ေဆးကုသမႈခံယူေနရသည့္ ကာလျဖစ္သျဖင့္ ထိုင္းႏိုင္ငံတြင္ ေနထိုင္ေနျခင္းျဖစ္ၿပီး က်န္းမာေရးေကာင္းမြန္ေၾကာင္း ၎တို႔က ေျပာသည္။
Related image
ေသြးကင္ဆာေရာဂါခံစား ေနရသည့္ ေဒါက္တာေဇာ္ျမင့္ ေမာင္သည္ ေအာက္တိုဘာလ ကုန္ပိုင္းက ထိုင္းႏိုင္ငံသို႔သြား ေရာက္ေဆးကုသမႈခံယူခဲ့ၿပီးဒီဇင္ဘာေနာက္ဆုံးပတ္တြင္ မႏၲေလးၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိခဲ့သည္။ဇန္နဝါရွီ ၁ ရက္တြင္ ဝန္ ႀကီးခ်ဳပ္သည္ အဆုတ္အေအးပတ္ကာ မႏၲေလးၿမိဳ႕အေထြေထြေရာ ဂါကုေဆး႐ုံႀကီး ႏွလုံးကုသ ေဆာင္တြင္ တက္ေရာက္ေဆးကု သမႈခံယူခဲ့ၿပီး ဇန္နဝါရီ ၄ရက္တြင္ ထိုင္းႏိုင္ငံသို႔ေဆးကုသမႈခံယူရန္ ျပန္လည္သြားေရာက္ခဲ့သည္။
Image result for ေဒါက္တာေဇာ္ျမင့္ေမာင္ က်န္းမာေရး

ဆဲဗင္းေဒး





 Unicode



ဆေးကုသမှုခံယူနေသည့် ဒေါက်တာဇော်မြင့်မောင် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဗီဒီယိုကောလ်ဖြင့် အစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသမှုခံယူနေသော်လည်း တိုင်းအစိုးရအဖွဲ့ တာဝန်များကို ထမ်းဆောင်နေဆဲဖြစ်ကြောင်း ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်က ပြောသည်။


ဒေါက်တာဇော်မြင့်မောင် သည် ဇန်နဝါရီ ၁၃ ရက်က တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ နှင့် ဗီဒီယိုကောလ်မှတစ်ဆင့်အ စည်းအဝေး ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။‘‘ကျွန်တော်တို့နဲ့ အမြဲတမ်း ဗီဒီယိုကောလ် ပြောပါတယ်။ တနင်္လာနေ့က ဝန်ကြီးအဖွဲ့အား လုံးကို ဝန်ကြီးချုပ်ကြီးက ဘန် ကောက်ကနေ ဗီဒီယိုကောလ်နဲ့ အစည်းအဝေးထိုင်တယ်။ ဆိုလို တဲ့အဓိပ္ပာယ်က သူဒီမှာမရှိသော် လည်းပဲ အစိုးရအဖွဲ့တာဝန်တွေ ကို အမြဲမပြတ်ဆောင်ရွက်လျက်ရှိ တယ်’’ ဟု ၎င်းကဆိုသည်။



ဇန်နဝါရီ ၂၆ရက်တွင် ကျင်းပမည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ရာထူးအပြောင်းအလဲဖြစ်နိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသော် လည်း မှန်ကန်မှုမရှိကြောင်း ဦးဇာနည်အောင်နှင့် တိုင်းဒေသ ကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီး ဦးမြတ်သူက ငြင်းဆိုသည်။‘‘ရာထူးလွှဲ မယ်ဆိုတာ မဟုတ်ပါဘူး။ ကျန်းမာရေးအခြေအနေက ဒေါင်ဒေါင်မြည်ပဲ’’ဟု ဦးမြတ်သူက ဆိုသည်။ ဆေးကုသမှုခံယူနေရသည့် ကာလဖြစ်သဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်နေခြင်းဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းတို့က ပြောသည်။


သွေးကင်ဆာရောဂါခံစား နေရသည့် ဒေါက်တာဇော်မြင့် မောင်သည် အောက်တိုဘာလ ကုန်ပိုင်းက ထိုင်းနိုင်ငံသို့သွား ရောက်ဆေးကုသမှုခံယူခဲ့ပြီးဒီဇင်ဘာနောက်ဆုံးပတ်တွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ဇန်နဝါရှီ ၁ ရက်တွင် ဝန် ကြီးချုပ်သည် အဆုတ်အအေးပတ်ကာ မန္တလေးမြို့အထွေထွေရော ဂါကုဆေးရုံကြီး နှလုံးကုသ ဆောင်တွင် တက်ရောက်ဆေးကု သမှုခံယူခဲ့ပြီး ဇန်နဝါရီ ၄ရက်တွင် ထိုင်းနိုင်ငံသို့ဆေးကုသမှုခံယူရန် ပြန်လည်သွားရောက်ခဲ့သည်။


ဆဲဗင်းဒေး