



ဧရာဝတီ
Unicode
ကာမလိမ်လည်မှုဖြင့် ရည်းစားဟောင်းက တရားစွဲဆိုထားတဲ့ မိုးအောင်ရင်ကတော့ ယနေ့၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ၄ ကြိမ်မြောက် ရုံးချိန်းကို လာရောက်ခဲ့ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာတော့ တရားလို၊ တရားပြိုင် ၂ဖက် အပြီးသတ် အကြိုညှိနှိုင်းမှု ပြုလုပ်ခဲ့ကြပြီး စစ်ဆေးမယ့် ရုံးချိန်းများကိုလည်း ၂ ပတ်လျှင် ၁ ကြိမ်ဖြင့် ၃ ချိန်း ချိန်းဆိုကာ အဆိုပါ ရုံးချိန်းများမှာ အပြီးသတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ဧရာဝတီ

0 Comments