အာမခံမရွိသည့္ပစၥည္းမ်ားျမန္မာႏုိင္ငံသို႔မေရာင္းရန္ တရုတ္ႏိုင္ငံႏွင့္ေဆြးေႏြးမည္ျဖစ္ေၾကာင္း UMFCCI မွဒုတိယဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးက ေျပာသည္။ရန္ကုန္ၿမိဳ႕၊ Wyndham Grand Yangon Hotel တြင္ ဇန္န၀ါရီလ ၁၄ ရက္ကက်င္းပသည့္ တရုတ္ႏုိင္ငံႏွင့္ကမာၻေဆြးေႏြးပြဲတြင္ အကုန္သိသတင္းဌာနထံေျဖၾကားျခင္းျဖစ္သည္။
Image result for ေဒါက္တာေမာင္ေမာင္ေလး UMFCCi
“တရုတ္သမၼတရွီက်င္းဖ်င္ ျမန္မာႏုိင္ငံကုိလာတဲ့အခါ ကုန္သြယ္မႈကုိအရယူႏုိင္ဖုိ႔လုိပါတယ္။ ၿပီးေတာ့ ျမန္မာႏုိင္ငံကုိ အာမခံမရွိတဲ့ပစၥည္းေတြကုိ လာၿပီးေတာ့မပုံေအာဖုိ႔လုိတယ္။ ဒါေတြကုိေတာ့ သက္ဆုိင္ရာ တာ၀န္ရွိသူေတြအေနနဲ႔ တရုတ္သမၼတလာတဲ့အခါမွာ ေဆြးေႏြးမႈေတြ လုပ္သင့္ပါတယ္။ ၿပီးေတာ့ ျမန္မာႏုိင္ငံကုိ အရည္အေသြးမမီတဲ့ပစၥည္းေတြကုိ မေရာင္းဖုိ႔ေျပာသင့္တယ္” ဟု ကုန္သည္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းမွ ဒုတိယဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးက ေျပာသည္။
Image result for ေဒါက္တာေမာင္ေမာင္ေလး UMFCCi
လက္ရွိတြင္ တရုတ္ႏုိင္ငံမွစားသုံးရန္မသင့္သည့္စားေသာက္ကုန္ပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္းမ်ားသည္ ျမန္မာႏုိင္ငံသုိ႔နယ္စပ္လမ္းေၾကာင္းမွ၀င္ေရာက္မႈမ်ားရွိေနေၾကာင္း သိရသည္။ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ဖိတ္ၾကားမႈေၾကာင့္ တရုတ္သမၼတ Xi Jinping သည္ ဇန္နဝါရီလ ၁၇ ရက္မွ ၁၈ ရက္အထိ ၂ ရက္ၾကာလာေရာက္မည္ျဖစ္ၿပီး ယင္းခရီးစဥ္သည္ ၂၀၂၀ ခုႏွစ္အတြင္းတရုတ္သမၼတ၏ ပထမဦးဆံုးခရီးစဥ္ျဖစ္ကာ ၁၉ ႏွစ္အတြင္းပထမဦးဆံုးတရုတ္သမၼတတစ္ဦးအေနျဖင့္ လာေရာက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
Image result for တရုတ္သမၼတ Xi Jinping
အကုန္သိ




Unicode






အာမခံမရှိသည့်ပစ္စည်းများမြန်မာနိုင်ငံသို့မရောင်းရန် တရုတ်နိုင်ငံနှင့်ဆွေးနွေးမည်ဖြစ်ကြောင်း UMFCCI မှဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။ရန်ကုန်မြို့၊ Wyndham Grand Yangon Hotel တွင် ဇန်နဝါရီလ ၁၄ ရက်ကကျင်းပသည့် တရုတ်နိုင်ငံနှင့်ကမ္ဘာဆွေးနွေးပွဲတွင် အကုန်သိသတင်းဌာနထံဖြေကြားခြင်းဖြစ်သည်။



“တရုတ်သမ္မတရှီကျင်းဖျင် မြန်မာနိုင်ငံကိုလာတဲ့အခါ ကုန်သွယ်မှုကိုအရယူနိုင်ဖို့လိုပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို အာမခံမရှိတဲ့ပစ္စည်းတွေကို လာပြီးတော့မပုံအောဖို့လိုတယ်။ ဒါတွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တရုတ်သမ္မတလာတဲ့အခါမှာ ဆွေးနွေးမှုတွေ လုပ်သင့်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို အရည်အသွေးမမီတဲ့ပစ္စည်းတွေကို မရောင်းဖို့ပြောသင့်တယ်” ဟု ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။



လက်ရှိတွင် တရုတ်နိုင်ငံမှစားသုံးရန်မသင့်သည့်စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများသည် မြန်မာနိုင်ငံသို့နယ်စပ်လမ်းကြောင်းမှဝင်ရောက်မှုများရှိနေကြောင်း သိရသည်။နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဖိတ်ကြားမှုကြောင့် တရုတ်သမ္မတ Xi Jinping သည် ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ ၂ ရက်ကြာလာရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်သည် ၂၀၂၀ ခုနှစ်အတွင်းတရုတ်သမ္မတ၏ ပထမဦးဆုံးခရီးစဉ်ဖြစ်ကာ ၁၉ နှစ်အတွင်းပထမဦးဆုံးတရုတ်သမ္မတတစ်ဦးအနေဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။



အကုန်သိ