ျမန္မာႏိုင္ငံရဲ႕စီးပြားေရးဟာ တိုးတက္မႈရွိေနေပမယ့္ ေငြေၾကးေဖာင္းပြမႈေၾကာင့္ ကုန္ေဈးႏႈန္းတက္တဲ့ ျပႆနာကို သတိထားသင့္တယ္လို႔ ကမာၻဘဏ္တာဝန္ရွိသူက ေျပာပါတယ္။၂၀၁၉ ခုႏွစ္ထဲမွာ ေငြေၾကးေဖာင္းပြတာေတြ ဆက္တိုက္ျမင့္တက္လာခဲ့တာေၾကာင့္ အေျခခံ စားေသာက္ကုန္ေဈးႏႈန္းေတြ ျမင့္တက္လာသလို မီတာခေတြ ျမင့္တက္လာတာေၾကာင့္လည္း ကုန္ေဈးႏႈန္းတက္ခဲ့တယ္လို႔ ဆိုပါတယ္။
Image result for ေငြေၾကးေဖာင္းပြမွု
ေငြေၾကးေဖာင္းပြမႈဟာ ၁၀ ဒသမ ၄ ရာခိုင္ႏႈန္းေက်ာ္အထိ ေရာက္ရွိလာတာေၾကာင့္ အစိုးရအေနနဲ႔ ေသေသခ်ာခ်ာကိုင္တြယ္ဖို႔ လိုအပ္ေနတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္းကိုေတာ့ ၆ ဒသမ ၃ ကေန ၆ ဒသမ ၄ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ေပးထားတယ္လို႔ ကမာၻဘဏ္က ဆိုပါတယ္။
Image result for ေငြေၾကးေဖာင္းပြမွု
ျမန္မာႏိုင္ငံရဲ႕စီးပြားေရးဟာ ကုန္ထုတ္လုပ္မႈဘက္မွာ တိုးတက္လာႏိုင္တာေၾကာင့္ ၂၀၂၀ အတြက္ ျမန္မာစီးပြားေရးတိုးတက္ႏိုင္တဲ့အေျခအေနအျဖစ္ ခန႔္မွန္းထားတယ္လို႔ဆိုပါတယ္။ ဒါေပမဲ့ ႏိုင္ငံရဲ႕လိုအပ္ခ်က္အရ သြင္းကုန္တင္သြင္းမႈဟာ ဆက္လက္ျမင့္တက္လာႏိုင္တာေၾကာင့္ ေဒၚလာလိုအပ္ခ်က္အရ ေငြေၾကးတန္ဖိုး မတည္ၿငိမ္မႈေတြလည္း ရွိႏိုင္တယ္လို႔ ဆိုပါတယ္။
Image result for ေငြေၾကးေဖာင္းပြမွု
ကမာၻဘဏ္က ျမန္မာႏိုင္ငံရဲ႕စီးပြားေရးအေပၚ ေစာင့္ၾကည့္တဲ့ အစီအရင္ခံစာဟာ တႏွစ္ကို ႏွစ္ႀကိမ္ထုတ္ျပန္ေနတာ ျဖစ္ပါတယ္။ ကမာၻေပၚမွာ စီးပြားေရးတိုးတက္မႈ တုန႔္ဆိုင္းေနခ်ိန္မွာ ျမန္မာျပည္ကေတာ့ ဆက္လက္တိုးတက္ေနတဲ့ အေျခအေနေကာင္းေတြ ရွိေနတယ္လို႔ ကမာၻဘဏ္ရဲ႕ပညာရွင္ေတြက ေျပာပါတယ္။
Image result for ေငြေၾကးေဖာင္းပြမွု

ဒီဗြီဘီ


Unicode







မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ တိုးတက်မှုရှိနေပေမယ့် ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းတက်တဲ့ ပြဿနာကို သတိထားသင့်တယ်လို့ ကမ္ဘာဘဏ်တာဝန်ရှိသူက ပြောပါတယ်။၂၀၁၉ ခုနှစ်ထဲမှာ ငွေကြေးဖောင်းပွတာတွေ ဆက်တိုက်မြင့်တက်လာခဲ့တာကြောင့် အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာသလို မီတာခတွေ မြင့်တက်လာတာကြောင့်လည်း ကုန်ဈေးနှုန်းတက်ခဲ့တယ်လို့ ဆိုပါတယ်။


ငွေကြေးဖောင်းပွမှုဟာ ၁၀ ဒသမ ၄ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိလာတာကြောင့် အစိုးရအနေနဲ့ သေသေချာချာကိုင်တွယ်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုတော့ ၆ ဒသမ ၃ ကနေ ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးထားတယ်လို့ ကမ္ဘာဘဏ်က ဆိုပါတယ်။


မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ကုန်ထုတ်လုပ်မှုဘက်မှာ တိုးတက်လာနိုင်တာကြောင့် ၂၀၂၀ အတွက် မြန်မာစီးပွားရေးတိုးတက်နိုင်တဲ့အခြေအနေအဖြစ် ခန့်မှန်းထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့လိုအပ်ချက်အရ သွင်းကုန်တင်သွင်းမှုဟာ ဆက်လက်မြင့်တက်လာနိုင်တာကြောင့် ဒေါ်လာလိုအပ်ချက်အရ ငွေကြေးတန်ဖိုး မတည်ငြိမ်မှုတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။


ကမ္ဘာဘဏ်က မြန်မာနိုင်ငံရဲ့စီးပွားရေးအပေါ် စောင့်ကြည့်တဲ့ အစီအရင်ခံစာဟာ တနှစ်ကို နှစ်ကြိမ်ထုတ်ပြန်နေတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ စီးပွားရေးတိုးတက်မှု တုန့်ဆိုင်းနေချိန်မှာ မြန်မာပြည်ကတော့ ဆက်လက်တိုးတက်နေတဲ့ အခြေအနေကောင်းတွေ ရှိနေတယ်လို့ ကမ္ဘာဘဏ်ရဲ့ပညာရှင်တွေက ပြောပါတယ်။





ဒီဗွီဘီ