
သရုပ္ေဆာင္ မိုးေဟကိုက မိဘႏွစ္ပါးကို ရိုေသျမတ္ႏိုးျပီး ျပဳစုေစာင့္ေရွာက္တဲ့ေနရာမွာေတာ့ ပရိသတ္ေတြ ေလးစားအားက်ရသူတစ္ဦးပါ။



သူမ ရဲ႕ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းတစ္ခုျဖစ္တဲ့ အႏုပညာလုပ္ငန္းကိုေတာင္မွ မိခင္ျဖစ္သူ က်န္းမာေရးမေကာင္းတာေၾကာင့္ ရပ္နားခဲ့တာလည္းျဖစ္ပါတယ္။ မိခင္ျဖစ္သူရဲ႕ အနားမွာ ျပဳစုေစာင့္ေရွာက္လ်က္ရွိျပီး မိဘေတြရဲ႕ ေက်းဇူးကို ဆပ္ေနသူတစ္ဦးပါ။ မိခင္က်န္းမာေရးနဲ႔ပတ္သက္လာရင္ အႏုပညာအလုပ္ေတြကိုပါ ေရႊ႕ဆိုင္းပစ္ဖို႔ ဝန္မေလးတတ္တဲ့ သမီးအလိမၼာေလးတစ္ဦးလည္းျဖစ္ပါတယ္။



မုိးေဟကိုက သူမရဲ႕ မိဘ ႏွစ္ပါးကို အမွဴးထားျပီးေတာ့ အစ္မေတာ္ျမနန္းႏြယ္ကို ဝတ္စံုျပည့္ဆပ္ကပ္လွဴဒါန္းခဲ့ေၾကာင္း သူမရဲ႕ လူမွုကြန္ယက္ေဖ့ဘုတ္စာမ်က္ႏွာထက္ကေန ေရးသားေဖာ္ျပလာပါတယ္။



“မိဘႏွစ္ပါးအားအမႈးထား၍ပထမဦးဆုံးအႀကိမ္အျဖစ္ အစ္မေတာ္ ျမနန္းႏြယ္ကို ဝတ္စုံျပည့္ဆပ္ကပ္လႉဒါန္းခဲ့ပါတယ္ အစ္မေတာ္ရဲ႕ဝတ္စုံကို မိုးစိတ္တိုင္းက်ျဖစ္ေအာင္ ခ်ဳပ္လုပ္ေပးတဲ့ ဒီဇိုင္နာ ကိုမင္းသက္စံ ကိုလည္း ေက်းဇူးတင္ပါတယ္ ၇ရက္သားသမီးအေပါင္း သာဓု ေခၚဆိုႏိုင္ၾကပါေစေသာ္
” လို႔ ၇ ရက္သားသမီး သူမရဲ႕ ပရိသတ္ေတြကိုပါ သာဓုေခၚဆိုေစခဲ့တာျဖစ္ပါတယ္။



အစ္မေတာ္ရဲ႕ ဝတ္စံုကိုေတာ့ ဒီဇိုင္နာ မင္းသက္စံက သူမစိတ္တုိင္းက်ျဖစ္ေအာင္ ခ်ဳပ္ေပးခဲ့တယ္လို႔ သိရပါတယ္။



Cele Star
Unicode
သရုပ်ဆောင် မိုးဟေကိုက မိဘနှစ်ပါးကို ရိုသေမြတ်နိုးပြီး ပြုစုစောင့်ရှောက်တဲ့နေရာမှာတော့ ပရိသတ်တွေ လေးစားအားကျရသူတစ်ဦးပါ။
သူမ ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်တဲ့ အနုပညာလုပ်ငန်းကိုတောင်မှ မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းတာကြောင့် ရပ်နားခဲ့တာလည်းဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ အနားမှာ ပြုစုစောင့်ရှောက်လျက်ရှိပြီး မိဘတွေရဲ့ ကျေးဇူးကို ဆပ်နေသူတစ်ဦးပါ။ မိခင်ကျန်းမာရေးနဲ့ပတ်သက်လာရင် အနုပညာအလုပ်တွေကိုပါ ရွှေ့ဆိုင်းပစ်ဖို့ ဝန်မလေးတတ်တဲ့ သမီးအလိမ္မာလေးတစ်ဦးလည်းဖြစ်ပါတယ်။
မိုးဟေကိုက သူမရဲ့ မိဘ နှစ်ပါးကို အမှူးထားပြီးတော့ အစ်မတော်မြနန်းနွယ်ကို ဝတ်စုံပြည့်ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သူမရဲ့ လူမှုကွန်ယက်ဖေ့ဘုတ်စာမျက်နှာထက်ကနေ ရေးသားဖော်ပြလာပါတယ်။
“မိဘနှစ်ပါးအားအမှုးထား၍ပထမဦးဆုံးအကြိမ်အဖြစ် အစ်မတော် မြနန်းနွယ်ကို ဝတ်စုံပြည့်ဆပ်ကပ်လှူဒါန်းခဲ့ပါတယ် အစ်မတော်ရဲ့ဝတ်စုံကို မိုးစိတ်တိုင်းကျဖြစ်အောင် ချုပ်လုပ်ပေးတဲ့ ဒီဇိုင်နာ ကိုမင်းသက်စံ ကိုလည်း ကျေးဇူးတင်ပါတယ် ရရက်သားသမီးအပေါင်း သာဓု ခေါ်ဆိုနိုင်ကြပါစေသော်🙏” လို့ ၇ ရက်သားသမီး သူမရဲ့ ပရိသတ်တွေကိုပါ သာဓုခေါ်ဆိုစေခဲ့တာဖြစ်ပါတယ်။
အစ်မတော်ရဲ့ ဝတ်စုံကိုတော့ ဒီဇိုင်နာ မင်းသက်စံက သူမစိတ်တိုင်းကျဖြစ်အောင် ချုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Cele Star

0 Comments