
လူေသသြားခဲ့ေပမယ့္ နာမည္မေသနိုင္ဘူးဆိုတဲ့ စကားကို လူတိုင္း ၾကားဖူးေနက်ျဖစ္မွာပါ။ အဲ့ဒီစကားအတိုင္းပဲ အဆိုေတာ္ၾကီး ထူးအိမ္သင္ ကြယ္လြန္သြားခဲ့ေပမယ့္ သူဖန္တီးထားတဲ့ အနုပညာေတြကေတာ့ က်န္ရစ္ေနဆဲ ျဖစ္ပါတယ္။ ဆယ္စုနွစ္တစ္ခုေတာင္ ေက်ာ္လြန္သြားျပီဆိုေပမယ့္ ထူးအိမ္သင္ရဲ့ သီခ်င္းေတြကေတာ့ အခုခ်ိန္ထိတိုင္ ပရိသတ္ေတြ စြဲစြဲျမဲျမဲ နားဆင္ေနၾကဆဲ ျဖစ္ပါတယ္။


အဆိုေတာ္ၾကီး ထူးအိမ္သင္ရဲ့ တစ္ဦးတည္းေသာသမီးျဖစ္တဲ့ မိကြန္ေထာကလည္း “တုႏိႈင္းမဲ႔ ရတနာ” သီခ်င္းမွာ သရုုပ္ေဆာင္ခဲ့ျပီး တစ္နုိင္ငံလံုးက ပရိသတ္ေတြ ခ်စ္ၾကရတဲ့ မိန္းကေလး ျဖစ္လို့လာတာပဲ ျဖစ္ပါတယ္။


အဆိုေတာ္ၾကီး ထူးအိမ္သင္ ကြယ္လြန္သြားခဲ့တာ အခုဆိုရင္ (၁၆) နွစ္တိုင္ ရိွျပီျဖစ္ျပီး ထူးအိမ္သင္ရဲ့ သမီးေလး မိကြန္ေထာကလည္း အခုဆိုရင္ အသက္ (၂၃) နွစ္ေက်ာ္ရိွေနျပီ ျဖစ္ပါတယ္။


မိကြန္ေထာေလးက ေမေမရဲ့ သြန္သင္ဆံုးမမႈေတြနဲ့ အေကာင္းဆံုး ျပုစုပ်ိဳးေထာင္မႈေၾကာင့္ သမီးအလိမၼာေလးျဖစ္လာခဲ့ျပီး ပညာေရးမွာလည္း ထူးခၽြန္ခဲ့ပါတယ္။ အခုဆိုရင္ မိကြန္ေထာက ရန္ကုန္နိုင္ငံျခားဘာသာတကၠသိုလ္မွာ အဂၤလိပ္စာဘာသာနဲ႔ ဘြဲ႔ရခဲ့ျပီး အခုဆိုရင္ MBA ဘြဲ႔ကိုပါ ဆက္လက္ရရိွခဲ့တာ ျဖစ္ပါတယ္။


ထူးခၽြန္ထက္ျမက္တဲ့ သမီးလိမၼာေလး မိကြန္ေထာအတြက္ ေဖေဖထူးအိမ္သင္က ေကာင္းကင္ဘံုကေန ဂုဏ္ယူေနမယ္ ထင္ပါတယ္။ ပရိသတ္ၾကီးလည္း မိကြန္ေထာအတြက္ ဂုဏ္ျပဳဝမ္းသာစကားေလး ေျပာခဲ့ၾကပါဦးေနာ္။



momolay
Unicode
လူသေသွားခဲ့ပေမယ့် နာမည်မသေနိုင်ဘူးဆိုတဲ့ စကားကို လူတိုင်း ကြားဖူးနေကျဖြစ်မှာပါ။ အဲ့ဒီစကားအတိုင်းပဲ အဆိုတော်ကြီး ထူးအိမ်သင် ကွယ်လွန်သွားခဲ့ပေမယ့် သူဖန်တီးထားတဲ့ အနုပညာတွေကတော့ ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုတောင် ကျော်လွန်သွားပြီဆိုပေမယ့် ထူးအိမ်သင်ရဲ့ သီချင်းတွေကတော့ အခုချိန်ထိတိုင် ပရိသတ်တွေ စွဲစွဲမြဲမြဲ နားဆင်နေကြဆဲ ဖြစ်ပါတယ်။
အဆိုတော်ကြီး ထူးအိမ်သင်ရဲ့ တစ်ဦးတည်းသောသမီးဖြစ်တဲ့ မိကွန်ထောကလည်း “တုနှိုင်းမဲ့ ရတနာ” သီချင်းမှာ သရုုပ်ဆောင်ခဲ့ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေ ချစ်ကြရတဲ့ မိန်းကလေး ဖြစ်လို့လာတာပဲ ဖြစ်ပါတယ်။
အဆိုတော်ကြီး ထူးအိမ်သင် ကွယ်လွန်သွားခဲ့တာ အခုဆိုရင် (၁၆) နှစ်တိုင် ရှိပြီဖြစ်ပြီး ထူးအိမ်သင်ရဲ့ သမီးလေး မိကွန်ထောကလည်း အခုဆိုရင် အသက် (၂၃) နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။
မိကွန်ထောလေးက မေမေရဲ့ သွန်သင်ဆုံးမမှုတွေနဲ့ အကောင်းဆုံး ပြုစုပျိုးထောင်မှုကြောင့် သမီးအလိမ္မာလေးဖြစ်လာခဲ့ပြီး ပညာရေးမှာလည်း ထူးချွန်ခဲ့ပါတယ်။ အခုဆိုရင် မိကွန်ထောက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ အင်္ဂလိပ်စာဘာသာနဲ့ ဘွဲ့ရခဲ့ပြီး အခုဆိုရင် MBA ဘွဲ့ကိုပါ ဆက်လက်ရရှိခဲ့တာ ဖြစ်ပါတယ်။
ထူးချွန်ထက်မြက်တဲ့ သမီးလိမ္မာလေး မိကွန်ထောအတွက် ဖေဖေထူးအိမ်သင်က ကောင်းကင်ဘုံကနေ ဂုဏ်ယူနေမယ် ထင်ပါတယ်။ ပရိသတ်ကြီးလည်း မိကွန်ထောအတွက် ဂုဏ်ပြုဝမ်းသာစကားလေး ပြောခဲ့ကြပါဦးနော်။
0 Comments