အက္ရွ္ေလယန္းသာ အင္တာမီလန္အသင္းကို ေျပာင္းေရႊ႕သြားခဲ့မယ္ဆိုရင္ လစ္လပ္သြားမယ့္ အသင္းေခါင္းေဆာင္ရာထူးကို ေနာက္ခံလူ ဟယ္ရီမက္ဂြိဳင္းယားထံ ေပးအပ္သြားဖို႔ ယူနိုက္တက္အသင္းဘက္က စီစဥ္ေနေၾကာင္း The Sun သတင္းမွာ ေဖာ္ျပပါတယ္။

မက္ဂြိဳင္းယားဟာ အသင္းကို ၿပီးခဲ့တဲ့ ေျခာက္လခန္႔က ေရာက္ရွိလာခဲ့တာ ျဖစ္ေပမယ့္ သူဟာ အသင္းေခါင္းေဆာင္ရာထူးအတြက္ ထိုက္တန္မႈရွိေၾကာင္းကို ျပသခဲ့ၿပီး ျဖစ္ပါတယ္။

လက္ရွိအသင္းေခါင္းေဆာင္ အက္ရွ္ေလယန္းဟာ အင္တာမီလန္အသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ ေဆြးေႏြးေနၿပီး ဒီအေျပာင္းအေရႊ႕ဟာ မၾကာခင္အခ်ိန္အတြင္း အၿပီးသတ္နိုင္ေတာ့မယ္လို႔ ယူဆရပါတယ္။

ညာေနာက္ခံလူနဲ႔ ယူနိုက္တက္အသင္းတို႔ရဲ့ စာခ်ဳပ္ဟာ ဒီေႏြရာသီမွာ ကုန္ဆုံးေတာ့မွာ ျဖစ္တာေၾကာင့္ သူဟာ အခုအေျပာင္းအေရႊ႕မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာသြားနိုင္ေတာ့မွာ ျဖစ္ပါတယ္။

အင္တာမီလန္အသင္းက သူ႔ကို ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ေခၚယူဖို႔ စိတ္အားထက္သန္ေနတာျဖစ္ၿပီး ယူနိုက္တက္ဘက္က ဒီအေျပာင္းအေရႊ႕ကို တားဆီးနိုင္ဖို႔ ေတာ္ေတာ္ေလး ခက္ခဲမွာ ျဖစ္ပါတယ္။

အသင္းဘက္က သူတို႔အသင္းေခါင္းေဆာင္ကို အသင္းမွာ ဆက္ထိန္းထားနိုင္ဖို႔ စာခ်ဳပ္တႏွစ္ တိုးျမႇင့္ဖို႔အထိ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့ ထြက္ေပၚလာတဲ့ သတင္းေတြအရ အသင္းေခါင္းေဆာင္အသစ္ကို ေရြးခ်ယ္လိုက္ျခင္းက ဒီအေျပာင္းအေရႊ႕ဟာ မၾကာခင္ ျဖစ္ေပၚေတာ့မယ္ဆိုတဲ့ အဓိပၸာယ္လည္း ျဖစ္ပါတယ္။

The Sun ရဲ့ ေဖာ္ျပခ်က္မွာ မက္ဂြိဳင္းယားဟာ အေျပာင္းအေရႊ႕ၿပီးတာနဲ႔ အသင္းေခါင္းေဆာင္သစ္အျဖစ္ ေၾကညာခံရမယ္လို႔ ပါရွိပါတယ္။

အဂၤလန္လက္ေရြးစင္ ဗဟိုေနာက္ခံလူဟာ အသင္းကို ေရာက္လာတာ မၾကာေသးေပမယ့္ သူ႔ရဲ့ အသင္းအေပၚ ထိန္းေက်ာင္းေခါင္းေဆာင္နိုင္မႈကိုေတာ့ အားလုံးက အသိအမွတ္ျပဳ ခ်ီးက်ဴးထားၾကပါတယ္။

မက္ဂြိဳင္းယားဟာ ဒီရာသီအတြင္း ယူနိုက္တက္အသင္းေခါင္းေဆာင္အျဖစ္ ေျခာက္ႀကိမ္ တာဝန္ေပးခံခဲ့ရၿပီး ဒီေျခာက္ႀကိမ္မွာ ႏွစ္ပြဲ နိုင္၊ ႏွစ္ပြဲ သေရ၊ ႏွစ္ပြဲ ရႈံးဆိုတဲ့ ရလဒ္တခုကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။




Unicode




မန်ယူနိုက်တက်အသင်း ခေါင်းဆောင်အဖြစ် မက်ဂွိုင်းယားကို ခန့်အပ်မည်ဟု သတင်းထွက်



အက်ရှ်လေယန်းသာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် လစ်လပ်သွားမယ့် အသင်းခေါင်းဆောင်ရာထူးကို နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားထံ ပေးအပ်သွားဖို့ ယူနိုက်တက်အသင်းဘက်က စီစဉ်နေကြောင်း The Sun သတင်းမှာ ဖော်ပြပါတယ်။

မက်ဂွိုင်းယားဟာ အသင်းကို ပြီးခဲ့တဲ့ ခြောက်လခန့်က ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် သူဟာ အသင်းခေါင်းဆောင်ရာထူးအတွက် ထိုက်တန်မှုရှိကြောင်းကို ပြသခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိအသင်းခေါင်းဆောင် အက်ရှ်လေယန်းဟာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးနေပြီး ဒီအပြောင်းအရွှေ့ဟာ မကြာခင်အချိန်အတွင်း အပြီးသတ်နိုင်တော့မယ်လို့ ယူဆရပါတယ်။

ညာနောက်ခံလူနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီနွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် သူဟာ အခုအပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားနိုင်တော့မှာ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းက သူ့ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်အားထက်သန်နေတာဖြစ်ပြီး ယူနိုက်တက်ဘက်က ဒီအပြောင်းအရွှေ့ကို တားဆီးနိုင်ဖို့ တော်တော်လေး ခက်ခဲမှာ ဖြစ်ပါတယ်။

အသင်းဘက်က သူတို့အသင်းခေါင်းဆောင်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ စာချုပ်တနှစ် တိုးမြှင့်ဖို့အထိ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ အသင်းခေါင်းဆောင်အသစ်ကို ရွေးချယ်လိုက်ခြင်းက ဒီအပြောင်းအရွှေ့ဟာ မကြာခင် ဖြစ်ပေါ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်မှာ မက်ဂွိုင်းယားဟာ အပြောင်းအရွှေ့ပြီးတာနဲ့ အသင်းခေါင်းဆောင်သစ်အဖြစ် ကြေညာခံရမယ်လို့ ပါရှိပါတယ်။

အင်္ဂလန်လက်ရွေးစင် ဗဟိုနောက်ခံလူဟာ အသင်းကို ရောက်လာတာ မကြာသေးပေမယ့် သူ့ရဲ့ အသင်းအပေါ် ထိန်းကျောင်းခေါင်းဆောင်နိုင်မှုကိုတော့ အားလုံးက အသိအမှတ်ပြု ချီးကျူးထားကြပါတယ်။

မက်ဂွိုင်းယားဟာ ဒီရာသီအတွင်း ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ခြောက်ကြိမ် တာဝန်ပေးခံခဲ့ရပြီး ဒီခြောက်ကြိမ်မှာ နှစ်ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံးဆိုတဲ့ ရလဒ်တခုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။