အာရပ္ကမၻာရဲ့သက္တမ္းအရွည္ဆုံး အုပ္ခ်ဳပ္သူျဖစ္တဲ့ အိုမန္ဘုရင္ ကာဘုဘင္အယ္လ္ဆတ္ဟာ အသက္ ၇၉ ႏွစ္အရြယ္မွာ ကြန္လြယ္သြားခဲ့ၿပီ ျဖစ္ပါတယ္။

အိုမန္ဘုရင္ဟာ ဘယ္လ္ဂ်ီယံနိုင္ငံမွာ က်န္းမာေရးဆိုင္ရာ စစ္ေဆးကုသတာေတြ လုပ္ခဲ့ၿပီး ၿပီးခဲ့တဲ့လကမွ အိုမန္နိုင္ငံကို ျပန္လည္ေရာက္ရွိလာခဲ့သူပါ။ သူဟာ ကင္ဆာေရာဂါ ခံစားခဲ့ရတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ဖူးပါတယ္။

“ဘုရင္ႀကီးဟာ ေသာၾကာေန႔ (ဇန္နဝါရီ ၁၀ ရက္) မွာ ကြယ္လြန္သြားခဲ့တာျဖစ္တယ္” လို႔ အိုမန္ ေတာ္ဝင္မိသားစုက ထုတ္ျပန္ေၾကညာပါတယ္။

အိုမန္ဘုရင္ဟာ လက္မထပ္ရေသးသူ ျဖစ္ၿပီးေတာ့ သူ႔ရဲ့ေသဆုံးမႈအတြက္ နိုင္ငံအတြင္း သုံးရက္တိုင္တိုင္ ဝမ္းနည္းမႈ အခမ္းအနား လုပ္သြားမယ္လို႔လည္း ထုတ္ျပန္ေၾကညာထားပါတယ္။

ကြယ္လြန္သူ အိုမန္ဘုရင္ဟာ ေသြးထြက္သံယိုမႈရွိခဲ့တဲ့ ၁၉၇၀ ျပည့္ႏွစ္ အာဏာသိမ္းယူမႈအတြင္း ၿဗိတိသၽွ အကူအညီနဲ႔ ဖခင္ျဖစ္သူကို နန္းခ်ခဲ့သူ ျဖစ္ပါတယ္။

သူဟာ နိုင္ငံရဲ့ေရနံႂကြယ္ဝမႈကို အေျခခံၿပီး အိုမန္နိုင္ငံကို ဖြံ့ၿဖိဳးတိုးတက္မႈလမ္းေၾကာင္းေပၚ ေရာက္ေအာင္ ေဆာင္ရြက္ခဲ့သူလည္း ျဖစ္ပါတယ္။

အိုမန္ဘုရင္ဟာ အိမ္ေထာင္ျပဳခဲ့ျခင္း မရွိတာေၾကာင့္ ထီးနန္းအရိုက္အရာကို ဆက္ခံမယ့္သူ မရွိဘဲ လစ္လပ္ေနတဲ့ ရာထူးကို ဆက္ခံဖို႔ အမ်ိဳးသား ၅၀ ပါ အုပ္စုအတြင္းမွ တဦးကို ေရြးခ်ယ္သြား မယ္လို႔လည္း အိုမန္ေတာ္ဝင္ေရးရာဌာနက ေျပာပါတယ္။

ထြက္ေပၚလာတဲ့ သတင္းေတြအရ ဘုရင္အသစ္ ရာထူးအတြက္ ဟိုင္သန္ဘင္တာရစ္ အယ္လ္ဆတ္က စေနေန႔မွာ က်မ္းသစၥာ က်ိန္ဆိုခဲ့တယ္လို႔ သိရပါတယ္။

ဒီသတင္းကို အိုမန္႐ုပ္ျမင္သံၾကားရဲ့ထုတ္ျပန္ခ်က္ကို အေျခခံကာ ေဖာ္ျပေနၾကျခင္းျဖစ္ၿပီး ကြယ္လြန္သူ အိုမန္ဘုရင္က သူ႔ေနရာဆက္ခံသူကို ေသတမ္းစာ ေရးသား သတ္မွတ္ခဲ့ျခင္း ျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမဲ့ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ ေဖာ္ျပထားျခင္း မရွိခဲ့ပါဘူး။

ကာဘုဟာ အိုမန္နိုင္ငံကို ၁၉၇၀ ျပည့္ႏွစ္ကတည္းက စတင္အုပ္ခ်ဳပ္ခဲ့သူျဖစ္ၿပီး အယ္လ္ဆတ္မ်ိဳးဆက္ရဲ့ ရွစ္ဦးေျမာက္ ဆူလ္တန္ဘုရင္လည္း ျဖစ္ပါတယ္။


Unicode


အိုမန်ဘုရင် ကွယ်လွန်



အာရပ်ကမ္ဘာရဲ့သက်တမ်းအရှည်ဆုံး အုပ်ချုပ်သူဖြစ်တဲ့ အိုမန်ဘုရင် ကာဘုဘင်အယ်လ်ဆတ်ဟာ အသက် ၇၉ နှစ်အရွယ်မှာ ကွန်လွယ်သွားခဲ့ပြီ ဖြစ်ပါတယ်။

အိုမန်ဘုရင်ဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ စစ်ဆေးကုသတာတွေ လုပ်ခဲ့ပြီး ပြီးခဲ့တဲ့လကမှ အိုမန်နိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့သူပါ။ သူဟာ ကင်ဆာရောဂါ ခံစားခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

“ဘုရင်ကြီးဟာ သောကြာနေ့ (ဇန်နဝါရီ ၁၀ ရက်) မှာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်” လို့ အိုမန် တော်ဝင်မိသားစုက ထုတ်ပြန်ကြေညာပါတယ်။

အိုမန်ဘုရင်ဟာ လက်မထပ်ရသေးသူ ဖြစ်ပြီးတော့ သူ့ရဲ့သေဆုံးမှုအတွက် နိုင်ငံအတွင်း သုံးရက်တိုင်တိုင် ဝမ်းနည်းမှု အခမ်းအနား လုပ်သွားမယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

ကွယ်လွန်သူ အိုမန်ဘုရင်ဟာ သွေးထွက်သံယိုမှုရှိခဲ့တဲ့ ၁၉၇၀ ပြည့်နှစ် အာဏာသိမ်းယူမှုအတွင်း ဗြိတိသျှ အကူအညီနဲ့ ဖခင်ဖြစ်သူကို နန်းချခဲ့သူ ဖြစ်ပါတယ်။

သူဟာ နိုင်ငံရဲ့ရေနံကြွယ်ဝမှုကို အခြေခံပြီး အိုမန်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ် ရောက်အောင် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

အိုမန်ဘုရင်ဟာ အိမ်ထောင်ပြုခဲ့ခြင်း မရှိတာကြောင့် ထီးနန်းအရိုက်အရာကို ဆက်ခံမယ့်သူ မရှိဘဲ လစ်လပ်နေတဲ့ ရာထူးကို ဆက်ခံဖို့ အမျိုးသား ၅၀ ပါ အုပ်စုအတွင်းမှ တဦးကို ရွေးချယ်သွား မယ်လို့လည်း အိုမန်တော်ဝင်ရေးရာဌာနက ပြောပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဘုရင်အသစ် ရာထူးအတွက် ဟိုင်သန်ဘင်တာရစ် အယ်လ်ဆတ်က စနေနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို အိုမန်ရုပ်မြင်သံကြားရဲ့ထုတ်ပြန်ချက်ကို အခြေခံကာ ဖော်ပြနေကြခြင်းဖြစ်ပြီး ကွယ်လွန်သူ အိုမန်ဘုရင်က သူ့နေရာဆက်ခံသူကို သေတမ်းစာ ရေးသား သတ်မှတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။

ကာဘုဟာ အိုမန်နိုင်ငံကို ၁၉၇၀ ပြည့်နှစ်ကတည်းက စတင်အုပ်ချုပ်ခဲ့သူဖြစ်ပြီး အယ်လ်ဆတ်မျိုးဆက်ရဲ့ ရှစ်ဦးမြောက် ဆူလ်တန်ဘုရင်လည်း ဖြစ်ပါတယ်။