ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ထဲမွာ ေအေအ ဖမ္းဆီးေခၚေဆာင္သြားသူ ၃ ေယာက္ကို ေသဆုံးလ်က္သား ေတြ႕ရသလို ေနာက္ထပ္ ရြာသားေတြကို ဖမ္းဆီးသြားေသးတယ္လို႔ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ား ေပါင္းစပ္ညႇိႏွိုင္းေရးေကာင္စီ တာဝန္ရွိသူက ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္၊ ဆီးဖေလာင္းရြာက ခ်င္းလူမ်ိဳး ေက်ာင္းဆရာ ဦးအာေဗလနဲ႔ ရခိုင္လူမ်ိဳး ရြာသား ၂ ေယာက္ကို ရခိုင့္တပ္ေတာ္(ေအေအ) က ဇန္နဝါရီ ၇ ရက္ေန႔မွာ ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ အဲဒီေကာင္စီက ထုတ္ျပန္ပါတယ္။

ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေပါင္းစပ္ညႇိႏွိုင္းေရးေကာင္စီ ဥကၠ႒ ဦးေက်ာ္ၿငိမ္းက “သူတို႔အေလာင္းေတြကို မေန႔က ေတြ႕တယ္။ ဒီမနက္မွာ ျပန္သယ္လာၿပီး သၿဂႋဳဟ္လိုက္ၿပီ။ လည္ပင္းကို လွီးထားတယ္။ ေနာက္ေက်ာကိုလည္း ဓားနဲ႔ ခြဲစိတ္ထားတယ္” လို႔ ေျပာပါတယ္။


ရခိုင့္တပ္ေတာ္(ေအေအ)ရဲ့ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေတာ့ ဒီကိစၥဟာ သူတို႔နဲ႔ မပတ္သက္ဘူးလို႔ ဒီဗြီဘီကို ေျပာပါတယ္။

“အဲဒီကိစၥကေတာ့ က်ေနာ္တို႔နဲ႔ ပတ္သက္မႈ လုံးဝ မရွိဘူးဗ်။ အခင္းျဖစ္တယ္ဆိုတဲ့ ေနရာကလည္းပဲ ခလ၇ ၂၈၉ ေနာက္ေက်ာမွ တည္ရွိတဲ့ေနရာ။ လုံျခဳံေရး အထူးတင္းက်ပ္ၿပီးေတာ့ ထူထပ္တဲ့ေနရာ ျဖစ္တယ္။ အဲလိုေနရာမ်ိဳးမွာ က်ေနာ္တို႔တပ္ဖြဲ႕က ဖမ္းဆီးသြားတယ္ ဆိုတာကေတာ့ အေျခအျမစ္ မရွိတဲ့ စြပ္စြဲခ်က္ပဲ ျဖစ္တယ္ဗ်။” 

ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ား ေပါင္းစပ္ညႇိႏွိုင္းေရးေကာင္စီဥကၠ႒ ဦးေက်ာ္ၿငိမ္းက ေအေအဟာ လြန္ခဲ့တဲ့တပတ္ေလာက္ကစၿပီး ပလက္ဝၿမိဳ႕နယ္၊ က်ီးေလရြာကို အဝင္အထြက္လုပ္ေနၿပီး ရြာသား ၁၃၀ ေက်ာ္ကို ရိကၡာသယ္ဖို႔ ေခၚေဆာင္သြားတယ္လို႔ ေျပာပါတယ္။

“လာတဲ့စက္ေလွေတြကို တားတယ္။ ရိကၡာေတြ ယူတယ္။ ဒါေတြကိုသယ္ဖို႔ဆိုၿပီး ရြာသားေတြကို ေခၚသြားတာ။ ဒီမနက္ကလည္း ေခၚသြားေသးတယ္။ ရြာကလူေတြကို အျပင္ကိုလည္း မထြက္ခိုင္းဘူး” လို႔ ေျပာပါတယ္။ လက္ရွိမွာေတာ့ ရြာမွာ ကေလးေတြပဲ က်န္ခဲ့တယ္လို႔ သူက ဆိုပါတယ္။

ေအေအ ေျပာခြင့္ရွိသူ ခိုင္သုခက “အဲဒီလိုျဖစ္စဥ္မ်ိဳး မရွိဘူးဗ်။ ကုလားတန္ျမစ္ေၾကာင္းမွာေတာ့ လုံျခဳံေရးအရ စစ္ေဆးတာေတာ့ ရွိတယ္။ လူ ၁၃၀ ေက်ာ္ကို ဖမ္းတာေတာ့ မရွိဘူး။ ေနာက္ၿပီး သူတို႔ေျပာသလို အမ်ိဳးသမီးတေယာက္ကို လိင္ပိုင္းဆိုင္ရာ မေတာ္မတရား လုပ္တယ္ဆိုတာမ်ိဳးလည္း မရွိဘူးလို႔ သိရတယ္” လို႔ ေျပာပါတယ္။

ဦးေက်ာ္ၿငိမ္းကေတာ့ ရြာက အမ်ိဳးသမီးငယ္တေယာက္ကို မေတာ္မတရား က်င့္ႀကံဖို႔ ႀကိဳးစားတာကို ရြာလူႀကီးေတြက တားဆီးခဲ့တာေၾကာင့္ ရြာလူႀကီးေတြ ရိုက္ႏွက္ခံရတယ္လို႔ ဆိုပါတယ္။

ဒီလိုခ်ိဳးေဖာက္တာေတြရွိရင္ တိတိက်က် တိုင္ၾကားဖို႔ ခိုင္သုခက ေျပာပါတယ္။

“က်ေနာ္တို႔တပ္ဖြဲ႕ေတြ လူ႔အခြင့္အေရးခ်ိဳးေဖာက္တယ္ဆိုလို႔ရွိရင္ ဘယ္ရြာမွာ၊ ဘယ္ေန႔က၊ ဘယ္လို ခ်ိဳးေဖာက္သြားတယ္ဆိုတာ က်ေနာ္တို႔အဖြဲ႕အစည္းကို တိတိက်က် လာၿပီးတိုင္ပါ။ က်ေနာ္တို႔ဘက္က တရားမၽွတမႈရွိရွိ စုံစမ္းစစ္ေဆးၿပီးေတာ့ တကယ္က်ဴးလြန္လို႔ရွိရင္ ခ်ိဳးေဖာက္တဲ့သူကို လိုအပ္သလို ျပတ္ျပတ္သားသား အေရးယူ ေဆာင္ရြက္သြားမွာ ျဖစ္တယ္” လို႔ ေျပာပါတယ္။ 

ပလက္ဝၿမိဳ႕နယ္၊ ပြီပုန္းရြာက ပညာေရးဝန္ထမ္းတေယာက္ ျဖစ္တဲ့ ဦးေတာင္ပိုင္ကိုလည္း ေအေအက ဖမ္းဆီးေခၚေဆာင္သြားတာ အခုထိ ျပန္မလႊတ္ေပးေသးဘူးလို႔လည္း ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ား ေပါင္းစပ္ညႇိႏွိုင္းေရးေကာင္စီက ဆိုပါတယ္။



Unicode




အေအေ ဖမ်းခေါ်သွားသူ ၃ ဦးကို သေဆုံးလျက်တွေ့ဟု ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီပြော




ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ အေအေ ဖမ်းဆီးခေါ်ဆောင်သွားသူ ၃ ယောက်ကို သေဆုံးလျက်သား တွေ့ရသလို နောက်ထပ် ရွာသားတွေကို ဖမ်းဆီးသွားသေးတယ်လို့ ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ တာဝန်ရှိသူက ပြောပါတယ်။

ပလက်ဝမြို့နယ်၊ ဆီးဖလောင်းရွာက ချင်းလူမျိုး ကျောင်းဆရာ ဦးအာဗေလနဲ့ ရခိုင်လူမျိုး ရွာသား ၂ ယောက်ကို ရခိုင့်တပ်တော်(အေအေ) က ဇန်နဝါရီ ၇ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီကောင်စီက ထုတ်ပြန်ပါတယ်။

ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက “သူတို့အလောင်းတွေကို မနေ့က တွေ့တယ်။ ဒီမနက်မှာ ပြန်သယ်လာပြီး သင်္ဂြိုဟ်လိုက်ပြီ။ လည်ပင်းကို လှီးထားတယ်။ နောက်ကျောကိုလည်း ဓားနဲ့ ခွဲစိတ်ထားတယ်” လို့ ပြောပါတယ်။


ရခိုင့်တပ်တော်(အေအေ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဒီကိစ္စဟာ သူတို့နဲ့ မပတ်သက်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီကိစ္စကတော့ ကျနော်တို့နဲ့ ပတ်သက်မှု လုံးဝ မရှိဘူးဗျ။ အခင်းဖြစ်တယ်ဆိုတဲ့ နေရာကလည်းပဲ ခလရ ၂၈၉ နောက်ကျောမှ တည်ရှိတဲ့နေရာ။ လုံခြုံရေး အထူးတင်းကျပ်ပြီးတော့ ထူထပ်တဲ့နေရာ ဖြစ်တယ်။ အဲလိုနေရာမျိုးမှာ ကျနော်တို့တပ်ဖွဲ့က ဖမ်းဆီးသွားတယ် ဆိုတာကတော့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်ပဲ ဖြစ်တယ်ဗျ။” 

ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အေအေဟာ လွန်ခဲ့တဲ့တပတ်လောက်ကစပြီး ပလက်ဝမြို့နယ်၊ ကျီးလေရွာကို အဝင်အထွက်လုပ်နေပြီး ရွာသား ၁၃၀ ကျော်ကို ရိက္ခာသယ်ဖို့ ခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။

“လာတဲ့စက်လှေတွေကို တားတယ်။ ရိက္ခာတွေ ယူတယ်။ ဒါတွေကိုသယ်ဖို့ဆိုပြီး ရွာသားတွေကို ခေါ်သွားတာ။ ဒီမနက်ကလည်း ခေါ်သွားသေးတယ်။ ရွာကလူတွေကို အပြင်ကိုလည်း မထွက်ခိုင်းဘူး” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ရွာမှာ ကလေးတွေပဲ ကျန်ခဲ့တယ်လို့ သူက ဆိုပါတယ်။

အေအေ ပြောခွင့်ရှိသူ ခိုင်သုခက “အဲဒီလိုဖြစ်စဉ်မျိုး မရှိဘူးဗျ။ ကုလားတန်မြစ်ကြောင်းမှာတော့ လုံခြုံရေးအရ စစ်ဆေးတာတော့ ရှိတယ်။ လူ ၁၃၀ ကျော်ကို ဖမ်းတာတော့ မရှိဘူး။ နောက်ပြီး သူတို့ပြောသလို အမျိုးသမီးတယောက်ကို လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်တယ်ဆိုတာမျိုးလည်း မရှိဘူးလို့ သိရတယ်” လို့ ပြောပါတယ်။

ဦးကျော်ငြိမ်းကတော့ ရွာက အမျိုးသမီးငယ်တယောက်ကို မတော်မတရား ကျင့်ကြံဖို့ ကြိုးစားတာကို ရွာလူကြီးတွေက တားဆီးခဲ့တာကြောင့် ရွာလူကြီးတွေ ရိုက်နှက်ခံရတယ်လို့ ဆိုပါတယ်။

ဒီလိုချိုးဖောက်တာတွေရှိရင် တိတိကျကျ တိုင်ကြားဖို့ ခိုင်သုခက ပြောပါတယ်။

“ကျနော်တို့တပ်ဖွဲ့တွေ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုလို့ရှိရင် ဘယ်ရွာမှာ၊ ဘယ်နေ့က၊ ဘယ်လို ချိုးဖောက်သွားတယ်ဆိုတာ ကျနော်တို့အဖွဲ့အစည်းကို တိတိကျကျ လာပြီးတိုင်ပါ။ ကျနော်တို့ဘက်က တရားမျှတမှုရှိရှိ စုံစမ်းစစ်ဆေးပြီးတော့ တကယ်ကျူးလွန်လို့ရှိရင် ချိုးဖောက်တဲ့သူကို လိုအပ်သလို ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။ 

ပလက်ဝမြို့နယ်၊ ပွီပုန်းရွာက ပညာရေးဝန်ထမ်းတယောက် ဖြစ်တဲ့ ဦးတောင်ပိုင်ကိုလည်း အေအေက ဖမ်းဆီးခေါ်ဆောင်သွားတာ အခုထိ ပြန်မလွှတ်ပေးသေးဘူးလို့လည်း ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ဆိုပါတယ်။