
သရုပ္ေဆာင္နႏၵာလႈိင္ကေတာ့ ၂၀၂၀ ႏွစ္သစ္ေလးမွာ မဂၤလာရွိစြာနဲ႔ သီရိသုဓမၼသိဂႌဘြဲ႕ၾကီးကို ေပးအပ္ျခင္း ခံလုိက္ရျပီပဲျဖစ္ပါတယ္။

နႏၵာလႈိင္က သူမအခုလိုဆုရရွိခဲ႔တဲ႔အေၾကာင္း ပရိသတ္ကို ေဝမွ်ေပးခဲ႔တာျဖစ္ျပီး “သီရိသုဓမၼသိဂႌဘြဲ႕ကို ခ်ီးျမႇင့္ခံရတဲ့အတြက္ အတိုင္းမသိ ဝမ္းသာၿပီး၂၀၂၀ ႏွစ္သစ္မွ စ၍ မိသားစုႏွင့္အတူ ဒီထက္မက သာသနာကို အေထာက္အပံ့ျပဳ လႉဒါန္းႏိုင္ခြင့္ ရရပါေစ” လို႔ သူမရဲ႕ ေဖ့ဘုတ္မွာေျပာထားတာပါ။


နႏၵာလႈိင္ဟာ အစိုးရက သီရိသုဓမၼသိဂႌဘြဲ႕ခ်ီးျမွင့္ခံရသူစာရင္းရဲ႕ နံပါတ္ ၂၉ မွာ ပါဝင္ခဲ႔တာျဖစ္ျပီး သူမရဲ႕ ပရိသတ္ေတြကေတာ့ သူမအတြက္ ဂုဏ္ယူမဆံုးျဖစ္ေနၾကပါတယ္။ သရုပ္ေဆာင္နႏၵာလႈိင္ဟာ ခင္ပြန္းျဖစ္သူ ေဇသီဟနဲ႔အတူ မၾကာေသးခင္ကပဲ ရွင္အပါး ၅၀၀၀ လွဴဒါန္းပြဲကိုလည္း ျပဳလုပ္ခဲ႔သူျဖစ္ျပီး ခင္ပြန္းျဖစ္သူကအဲဒီရွင္ျပဳပြဲမွာ ပဥၨင္းဝတ္ကုသိုလ္ယူခဲ႔ပါတယ္။



သရုပ္ေဆာင္နႏၵာလႈိင္ဟာ လက္ရွိမွာ သမီးေလးသံုးေယာက္ပိုင္ဆုိင္ထားျပီး သူမရဲ႕ MIssha အလွကုန္ကိုလည္း ဆုိင္ခြဲေပါင္းမ်ားစြာ ဖြင့္လွစ္ႏုိင္ေအာင္ စြမ္းေဆာင္ႏုိင္ခဲ႔သူတစ္ဦးလို႔လည္း ဆိုရမွာပါ။ အႏုပညာပိုင္းေရာ၊ စီးပြားေရး၊ ကုသိုလ္ေရးပိုင္းပါမက်န္ ေတာ္လြန္းသူ နႏၵာလႈိင္က အခုဆိုရင္ သီရိသုဓမၼသိဂႌ ေဒၚနႏၵာလႈိင္ျဖစ္သြားခဲ႔ပါျပီ။ သီရိသုဓမၼသိဂႌဘြဲ႔ကို သူမအျပင္ သူမရဲ႕ ေယာကၡမျဖစ္သူ ေဇကမၻာဦးခင္ေရႊကပါ ရရွိခဲ႔တာျဖစ္ပါတယ္။


Cele Star
Unicode
သရုပ်ဆောင်နန္ဒာလှိုင်ကတော့ ၂၀၂၀ နှစ်သစ်လေးမှာ မင်္ဂလာရှိစွာနဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့ကြီးကို ပေးအပ်ခြင်း ခံလိုက်ရပြီပဲဖြစ်ပါတယ်။
နန္ဒာလှိုင်က သူမအခုလိုဆုရရှိခဲ့တဲ့အကြောင်း ပရိသတ်ကို ဝေမျှပေးခဲ့တာဖြစ်ပြီး “သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ချီးမြှင့်ခံရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပြီး၂၀၂၀ နှစ်သစ်မှ စ၍ မိသားစုနှင့်အတူ ဒီထက်မက သာသနာကို အထောက်အပံ့ပြု လှူဒါန်းနိုင်ခွင့် ရရပါစေ” လို့ သူမရဲ့ ဖေ့ဘုတ်မှာပြောထားတာပါ။
နန္ဒာလှိုင်ဟာ အစိုးရက သီရိသုဓမ္မသိင်္ဂီဘွဲ့ချီးမြှင့်ခံရသူစာရင်းရဲ့ နံပါတ် ၂၉ မှာ ပါဝင်ခဲ့တာဖြစ်ပြီး သူမရဲ့ ပရိသတ်တွေကတော့ သူမအတွက် ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။ သရုပ်ဆောင်နန္ဒာလှိုင်ဟာ ခင်ပွန်းဖြစ်သူ ဇေသီဟနဲ့အတူ မကြာသေးခင်ကပဲ ရှင်အပါး ၅၀၀၀ လှူဒါန်းပွဲကိုလည်း ပြုလုပ်ခဲ့သူဖြစ်ပြီး ခင်ပွန်းဖြစ်သူကအဲဒီရှင်ပြုပွဲမှာ ပဥ္ဇင်းဝတ်ကုသိုလ်ယူခဲ့ပါတယ်။
သရုပ်ဆောင်နန္ဒာလှိုင်ဟာ လက်ရှိမှာ သမီးလေးသုံးယောက်ပိုင်ဆိုင်ထားပြီး သူမရဲ့ MIssha အလှကုန်ကိုလည်း ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သူတစ်ဦးလို့လည်း ဆိုရမှာပါ။ အနုပညာပိုင်းရော၊ စီးပွားရေး၊ ကုသိုလ်ရေးပိုင်းပါမကျန် တော်လွန်းသူ နန္ဒာလှိုင်က အခုဆိုရင် သီရိသုဓမ္မသိင်္ဂီ ဒေါ်နန္ဒာလှိုင်ဖြစ်သွားခဲ့ပါပြီ။ သီရိသုဓမ္မသိင်္ဂီဘွဲ့ကို သူမအပြင် သူမရဲ့ ယောက္ခမဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေကပါ ရရှိခဲ့တာဖြစ်ပါတယ်။
0 Comments