
Unicode




တရုတ်နိုင်ငံရဲ့ နာမည်ကြီးသတင်းမီဒီယာတွေမှာ အကျယ်တဝင့်ဖော်ပြခြင်းခံလိုက်ရတဲ့ မင်းသားချော ခါရာ




မော်ဒယ်မင်းသားချော ခါရာကတော့ တရုတ်နိုင်ငံရဲ့ နာမည်ကြီးသတင်းမီဒီယာတွေဖြစ်တဲ့ Ogue, Bazaar , Rayli, Pclady, Cosmopolitan, Fengsung တို့မှာ သူ့ရဲ့ သရုပ်ဆောင် ပီပြင်မှု နှင့် အတူသူ၏ ထူးခြားသည့်ရုပ်ရည်ကြောင့် တို့ကြောင့် အကျယ်တဝင့် ဖော်ပြခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။ တရုတ်မီဒီယာများ၏ ဖော်ပြချက်မှာတော့ သရုပ်ဆောင်ခါရာသည် ၂၀၁၄ ခုနှစ်တွင် Mr.Asia Myanmar ၏ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ဟောင်ကောင်သို့ MR.Asia ပြိုင်ပွဲတွင် ပါဝင်ရန်ရွေးခံခဲ့ရသည့် အပြင် သရုပ်ဆောင်ခါရာသည် Myanmar Star Award 2019 Rising Star Award ဆုကိုလည်းလက်ခံရရှိခဲ့ကြောင်း ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

Image may contain: 1 person, closeup

မင်းသားချော ခါရာဟာ တရုတ်နာမည်ကြီး စန္ဒယားပညာရှင် Lang Lang နဲ့ ရုပ်ချင်ဆင်ပေမယ့် ခါရာကတော့ အမိုက်စားဘော်ဒီနဲ့ ဖက်ရှင်ကျလွန်းတယ်လို့ ဖော်ပြထားပါသေးတယ်။ သူဟာမြန်မာနိုင်ငံမှာ ထိပ်တန်းပရော်ဖက်ရှင်နယ်မော်ဒယ်တစ်ဦးအဖြစ် MR.Asia ပြိုင်ပွဲတွင် ဒုတိယဆုကိုရရှိခဲ့ပြီး Sportsman Award၊ Asian Charm Award စသည့်ဆုများစွာကိုရရှိခဲ့ပါသေးတယ်။လက်ရှိတွင်လည်း သရုပ်ဆောင်ခါရာသည် ပြည်တွင်းမီဒီယာတစ်ခုဖြစ်သည့် Canal+ နှင့် Bonanza ထုတ်လွှင့်ပြသခဲ့သည့် လိပ်ပြာ ဇာတ်လမ်းတွဲတွင်လည်း အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး မနေ့က ဖြစ်သည်၊ လောကကြိုးဝိုင်း၊ ဆေးမင်ရည်ချည်သောကြိုး စသည့် ဇာတ်လမ်းတွဲများတွင်လည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။

Image may contain: 1 person, smiling, sitting

CeleGabar ပရိသတ်ကြီးရေ မော်ဒယ်မင်းသားချော ခါရာကတော့ မြန်မာနိုင်ငံမှာသာမကပဲ သူ့ရဲ့သရုပ်ဆောင် ပီပြင်မှု နှင့် အတူသူ၏ ထူးခြားသည့်ရုပ်ရည်၊ ဖက်ရှင်တွေကြောင့် တရုတ်နိုင်ငံရဲ့ နာမည်ကြီးသတင်းမီဒီယာတွေဖြစ်တဲ့ Ogue, Bazaar , Rayli, Pclady, Cosmopolitan, Fengsung တို့မှာပါ အကျယ်တဝင့် ဖော်ပြခြင်းခံခဲ့ရတဲ့နော်။နောက်ဆိုရင် မော်ဒယ်မင်းသားချော ခါရာရဲ့ တရုတ်နိုင်ငံမှာစတင်တော့မယ့် အနုပညာခြေလှမ်းသစ်တွေကို မြင်တွေ့ရတော့မှာ