Image may contain: 1 person, smiling, standing and outdoor
Image may contain: 1 person, smiling, sky, cloud, mountain, outdoor and nature
Image may contain: 1 person, smiling, sky, outdoor and nature
မိုမိုလေး

 Unicode



ဆွစ်ဇာလန်မှာ နှင်းခွေးကြီးတွေနဲ့အတူတူ တောင်တက်ခဲ့တဲ့ ဝတ်မှုံရွှေရည်




နိုင်ငံကျော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ကျရာဇာတ်ရုပ်ကို ပီပြင်အောင် စိတ်ရောကိုယ်ပါနစ်ပြီး သရုပ်ဆောင်တတ်သူလေးပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ အနုပညာပါရမီကြောင့် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေပြီး မြန်မာနိုင်ငံမှာလည်း ဒိတ်ဒိတ်ကြဲမင်းသမီးလေးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေ လက်မလည်အောင် လုပ်ကိုင်နေလျက်ရှိပါတယ်။



ဝတ်မှုံရွှေရည်က နှစ်သစ်ကူး အားလပ်ရက်လေးမှာတော့ အနောက်ဥရောပနိုင်ငံတွေဆီ အလည်အပတ်ရောက်ရှိရင်း အနားယူနေတာပဲ ဖြစ်ပါတယ်။



ဒီနေ့မှာတော့ ဝတ်မှုံရွှေရည်က ဆွစ်ဇာလန်နိုင်ငံက နှင်းတောထဲမှာ ပျော်ပျော်ကြီး လည်ပတ်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။



ဝတ်မှုံရွှေရည်က နှင်းခွေးကြီးတွေကို ဆွဲကိုင်ပြီး Hiking ထွက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကလည်း သူမရဲ့ အတွေ့အကြုံအသစ်အတွက် ပျော်ရွှင်နေပုံပါပဲ။



ကလေးလေးကျနေတာပဲ ကစ်ရယ်..ချစ်စရာကောင်းလိုက်တာ 💛



ဝတ်မှုံရွှေရည်ကတော့ ဆွစ်ဇာလန်နိုင်ငံမှာ ပျော်ရွှင်နေပုံပဲနော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။



မိုမိုလေး