Zawgyiျဖင့္ဖတ္ရန္

မုဒိမ္းမႈ အပါအဝင္ ပုဒ္မ ၃ ခုျဖင့္ တရားစြဲဆိုခံထားရတဲ့ အဆိုေတာ္ အစၥဏီကိုေတာ့ ဇန္နဝါရီလ ၈ ရက္ေန႔က တာေမြၿမိဳ႕နယ္ တရား႐ုံးမွာ ပုဒ္မ ၃ ခုစလုံးအတြက္ ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၅ လခန႔္က တရားလိုျဖစ္သူ စူးရွထက္မွ အမႈမ်ားအတြက္ တရား႐ုံးမွာ ေက်ေအးလႊာ လာေရာက္ တင္ခဲ့ေပမယ့္ အဆိုပါ ေက်ေအးလႊာမွာ ေက်ေအးလႊာလို႔ သတ္မွတ္လို႔ မရဘူးလို႔ တာေမြၿမိဳ႕နယ္ သတင္းနဲ႔ ျပန္ၾကားေရးအရာရွိ ဦးဝင္းေဇာ္ဦးက ေျပာပါတယ္။

“အခု တရားလို စူးရွထက္တင္ခဲ့တဲ့ ေက်ေအးလႊာက ေက်ေအးလႊာလို႔ သတ္မွတ္လို႔မရဘူး။ အဲ့အတြက္ေၾကာင့္ မေက်ေအးရင္လည္း ဒီေလာက္ ျပစ္ဒဏ္ပဲ ခ်ရမွာပဲ။ သူတို႔က ေက်ေအးရဲ႕သားနဲ႔ တရား႐ုံးက မေက်ေအးတာလို႔ သူတို႔စိတ္ထဲမွာ ထင္ေနလိမ့္မယ္။ မဟုတ္ဘူး။ ႐ုတ္သိမ္းခြင့္ ရေလာက္တဲ့အထိ တင္ထားတဲ့စာ မဟုတ္ဘူး။ ဒါဥပေဒပညာရွင္ ေတာ္ေတာ္မ်ားမ်ားကေတာ့ သိပါတယ္”လို႔ ဦးဝင္းေဇာ္ဦးက ေျပာပါတယ္။

အဆိုပါ ေက်ေအးလႊာမွာ ႐ုတ္သိမ္းခြင့္ရေလာက္တဲ့အထိ တင္ထားတဲ့ စာမဟုတ္ဘဲ ရာဇဝတ္က်င့္ထုံး ပုဒ္မ ၄၉၄ အရ ေဆာင္႐ြက္ႏိုင္ျခင္း မရွိခဲ့တာျဖစ္ၿပီး ေဆာင္႐ြက္ႏိုင္ျခင္းရွိပါက အေျဖတမ်ိဳး ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

“ပြင့္ပြင့္လင္းလင္းေျပာရရင္ က်ေနာ္တို႔ကို မိတၱဴလာေပးသြားတာပဲ ရွိတယ္။ ရာဇဝတ္က်င့္ထုံး ၄၉၄ အရ က်ေနာ္တို႔မွာ ေဆာင္႐ြက္ႏိုင္ျခင္း မရွိဘူး။ ၄၉၄ အရ ေဆာင္႐ြက္ႏိုင္ျခင္း ရွိရင္ေတာ့ ဒီအေျဖဟာ တမ်ိဳးတမည္ျဖစ္မွာေပါ့”လို႔ ဦးဝင္းေဇာ္ဦးက ေျပာပါတယ္။တရားစြဲဆိုခံထားရတဲ့ ပုဒ္မမ်ားျဖစ္တဲ့ ၃၇၆ ၊ ၃၂၄ ၊ ၃၂၃ တို႔အတြက္ ျပစ္ဒဏ္ တေပါင္းတည္း ၇ ႏွစ္ ခ်မွတ္ခဲ့တာျဖစ္ၿပီး ျပစ္ဒဏ္အမ်ားႀကီး ေလွ်ာ့ေပးထားတာျဖစ္တယ္လို႔ သိရပါတယ္။

“က်ေနာ္တို႔ဘက္က အမ်ားႀကီး ေလွ်ာ့ထားတာပါ။ ၃၂၄ ဆိုရင္ ျပစ္ဒဏ္ ၃ ႏွစ္ထိ ခ်လို႔ရတယ္။ ၃၂၃ ဆိုရင္ ၁ ႏွစ္ထိ ခ်လို႔ရတယ္။ ၃၇၆ ကေတာ့ ၁၀ ႏွစ္ထိ ခ်လို႔ရတယ္။ ဒါေပမယ့္ အခု က်ေနာ္တို႔က ျပစ္ဒဏ္ကိုတခါတည္း ေပါင္းေပးလိုက္တာမ်ိဳး ရွိပါတယ္။ ၃၇၆ ကို ၇ ႏွစ္ ခ်ပါတယ္။ ၃၂၄ ကို ၁ ႏွစ္ ခ်ပါတယ္။ ၃၂၃ ကို ၆ လ ခ်ပါတယ္။ ျပစ္ဒဏ္ေတြ တေပါင္းတည္း ျဖစ္တာေၾကာင့္ သူ ၇ ႏွစ္ပဲ က်ပါတယ္”လို႔ ဦးဝင္းေဇာ္ဦးက ေျပာပါတယ္။

အစၥဏီ့အေနနဲ႔လည္း အဆိုပါ ျပစ္ဒဏ္မ်ားအတြက္ ျပစ္ဒဏ္ခ်မွတ္တဲ့အခ်ိန္မွာ ရက္ေပါင္း ၃၀ အတြင္း အယူခံဝင္ဖို႔အတြက္ အခြင့္အေရးရွိတယ္လို႔ သိရပါတယ္။“အယူခံဝင္ခြင့္ရွိတာေပါ့။ သူ႔အခြင့္အေရး မဆုံးရႈံးဘူး။ က်ေနာ္တို႔ကလည္း လူတေယာက္ကို နစ္နာေစ သြားၿပီဆိုတဲ့ စိတ္မ်ိဳးနဲ႔ ခ်လိုက္တာ မဟုတ္ဘူး။ လူငယ္ေတြၾကားထဲမွာ ေပၚျပဴလာျဖစ္ေနတဲ့ အဆိုေတာ္ လူေတြက စံနမူနာ ျဖစ္ေနၾကတာေလ။ ဒီကေလးမ်ိဳးက ဒီလိုအျဖစ္မ်ိဳးကို လုပ္ခဲ့တဲ့အခါမွာ က်ေနာ္တို႔က လူ႔ပတ္ဝန္းက်င္မွာ ပစ္ဒဏ္ခ်တာ၊ လက္စားေခ်တာ မဟုတ္ဘူးေနာ္။ လက္စားေခ်တာ မဟုတ္ေသာ္လည္းပဲ သင့္ေတာ္တဲ့ အျပစ္ဒဏ္မ်ိဳးကိုေတာ့ အတုခိုးမမွားေအာင္ က်ေနာ္တို႔က ေပးရတယ္”လို႔ ဦးဝင္းေဇာ္ဦးက ေျပာပါတယ္။

အဆိုပါ အမႈျဖစ္ပြားခဲ့သည္မွာ ၁ ႏွစ္ေက်ာ္ ၂ ႏွစ္နီးပါး အခ်ိန္ၾကာျမင့္ခဲ့တာနဲ႔ ပတ္သက္ၿပီးေတာ့လည္း ဦးဝင္းေဇာ္ဦးက အခုလို ေျပာျပခဲ့ပါတယ္။ “ေနာက္တခုက အမႈစစ္ေဆးတာ ၁ ႏွစ္ေက်ာ္ ၾကာခဲ့တယ္ဆိုတာ ဒါလည္း စိတ္ဝင္စားၾကမွာပဲ။ အျပင္ကလူေတြကေတာ့ သက္ေသ ၁၁ ေယာက္ထဲကို ဘာလို႔ ၁ ႏွစ္ေက်ာ္ၾကာလဲ သို႔ေလာသို႔ေလာေတြ ျဖစ္ၾကမွာပဲ။ က်ေနာ္တို႔က အာမခံေပးတဲ့ကိစၥကို အာမခံေပးလို႔ မရတဲ့ ပုဒ္မျဖစ္လို႔ မေပးဘူး။ ဒါကိုသူတို႔က ခ႐ိုင္ေတြတိုင္းေတြကို တက္တယ္။ အဲ့မွာၾကာတယ္ တခ်က္၊ ေနာက္တခုက စီဒီေခြကို သက္ေသ တင္သြင္းတယ္။ အဲဒါကိုလည္း ခ႐ိုင္၊ တိုင္းထိ ဆက္တက္ၾကတယ္။ ေနာက္တခုက ႐ုံးေျပာင္းကိုလည္း ခ႐ိုင္တိုင္းအထိဆက္တက္ၾကတဲ့အတြက္ ဒီအမႈက ဒီေလာက္အခ်ိန္ကာလအထိ ၾကန႔္ၾကာသြားတာ”လို႔ ဦးဝင္းေဇာ္ဦးက ေျပာပါတယ္။

၂၀၁၈ ခုႏွစ္ ဧၿပီလက စတင္ခဲ့တဲ့အမႈကိုေတာ့ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လမွာ တရားလိုျဖစ္သူ စူးရွထက္မွာ တာေမြတရား႐ုံးတြင္ လာေရာက္ ေက်ေအးေပးခဲ့ၿပီး ၅ လအၾကာမွာေတာ့ အမိန႔္ခ်မွတ္ခဲ့ျခင္း ျဖစ္ပါတယ္။



Unicode ဖြင့်ဖတ်ရန်



မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီကိုတော့ ဇန်နဝါရီလ ၈ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ ပုဒ်မ ၃ ခုစလုံးအတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅ လခန့်က တရားလိုဖြစ်သူ စူးရှထက်မှ အမှုများအတွက် တရားရုံးမှာ ကျေအေးလွှာ လာရောက် တင်ခဲ့ပေမယ့် အဆိုပါ ကျေအေးလွှာမှာ ကျေအေးလွှာလို့ သတ်မှတ်လို့ မရဘူးလို့ တာမွေမြို့နယ် သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဦးဝင်းဇော်ဦးက ပြောပါတယ်။

“အခု တရားလို စူးရှထက်တင်ခဲ့တဲ့ ကျေအေးလွှာက ကျေအေးလွှာလို့ သတ်မှတ်လို့မရဘူး။ အဲ့အတွက်ကြောင့် မကျေအေးရင်လည်း ဒီလောက် ပြစ်ဒဏ်ပဲ ချရမှာပဲ။ သူတို့က ကျေအေးရဲ့သားနဲ့ တရားရုံးက မကျေအေးတာလို့ သူတို့စိတ်ထဲမှာ ထင်နေလိမ့်မယ်။ မဟုတ်ဘူး။ ရုတ်သိမ်းခွင့် ရလောက်တဲ့အထိ တင်ထားတဲ့စာ မဟုတ်ဘူး။ ဒါဥပဒေပညာရှင် တော်တော်များများကတော့ သိပါတယ်”လို့ ဦးဝင်းဇော်ဦးက ပြောပါတယ်။

အဆိုပါ ကျေအေးလွှာမှာ ရုတ်သိမ်းခွင့်ရလောက်တဲ့အထိ တင်ထားတဲ့ စာမဟုတ်ဘဲ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၉၄ အရ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တာဖြစ်ပြီး ဆောင်ရွက်နိုင်ခြင်းရှိပါက အဖြေတမျိုး ဖြစ်နိုင်တယ်လို့ သိရပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ကို မိတ္တူလာပေးသွားတာပဲ ရှိတယ်။ ရာဇဝတ်ကျင့်ထုံး ၄၉၄ အရ ကျနော်တို့မှာ ဆောင်ရွက်နိုင်ခြင်း မရှိဘူး။ ၄၉၄ အရ ဆောင်ရွက်နိုင်ခြင်း ရှိရင်တော့ ဒီအဖြေဟာ တမျိုးတမည်ဖြစ်မှာပေါ့”လို့ ဦးဝင်းဇော်ဦးက ပြောပါတယ်။တရားစွဲဆိုခံထားရတဲ့ ပုဒ်မများဖြစ်တဲ့ ၃၇၆ ၊ ၃၂၄ ၊ ၃၂၃ တို့အတွက် ပြစ်ဒဏ် တပေါင်းတည်း ၇ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ပြစ်ဒဏ်အများကြီး လျှော့ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ဘက်က အများကြီး လျှော့ထားတာပါ။ ၃၂၄ ဆိုရင် ပြစ်ဒဏ် ၃ နှစ်ထိ ချလို့ရတယ်။ ၃၂၃ ဆိုရင် ၁ နှစ်ထိ ချလို့ရတယ်။ ၃၇၆ ကတော့ ၁၀ နှစ်ထိ ချလို့ရတယ်။ ဒါပေမယ့် အခု ကျနော်တို့က ပြစ်ဒဏ်ကိုတခါတည်း ပေါင်းပေးလိုက်တာမျိုး ရှိပါတယ်။ ၃၇၆ ကို ၇ နှစ် ချပါတယ်။ ၃၂၄ ကို ၁ နှစ် ချပါတယ်။ ၃၂၃ ကို ၆ လ ချပါတယ်။ ပြစ်ဒဏ်တွေ တပေါင်းတည်း ဖြစ်တာကြောင့် သူ ၇ နှစ်ပဲ ကျပါတယ်”လို့ ဦးဝင်းဇော်ဦးက ပြောပါတယ်။

အစ္စဏီ့အနေနဲ့လည်း အဆိုပါ ပြစ်ဒဏ်များအတွက် ပြစ်ဒဏ်ချမှတ်တဲ့အချိန်မှာ ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်ဖို့အတွက် အခွင့်အရေးရှိတယ်လို့ သိရပါတယ်။“အယူခံဝင်ခွင့်ရှိတာပေါ့။ သူ့အခွင့်အရေး မဆုံးရှုံးဘူး။ ကျနော်တို့ကလည်း လူတယောက်ကို နစ်နာစေ သွားပြီဆိုတဲ့ စိတ်မျိုးနဲ့ ချလိုက်တာ မဟုတ်ဘူး။ လူငယ်တွေကြားထဲမှာ ပေါ်ပြူလာဖြစ်နေတဲ့ အဆိုတော် လူတွေက စံနမူနာ ဖြစ်နေကြတာလေ။ ဒီကလေးမျိုးက ဒီလိုအဖြစ်မျိုးကို လုပ်ခဲ့တဲ့အခါမှာ ကျနော်တို့က လူ့ပတ်ဝန်းကျင်မှာ ပစ်ဒဏ်ချတာ၊ လက်စားချေတာ မဟုတ်ဘူးနော်။ လက်စားချေတာ မဟုတ်သော်လည်းပဲ သင့်တော်တဲ့ အပြစ်ဒဏ်မျိုးကိုတော့ အတုခိုးမမှားအောင် ကျနော်တို့က ပေးရတယ်”လို့ ဦးဝင်းဇော်ဦးက ပြောပါတယ်။

အဆိုပါ အမှုဖြစ်ပွားခဲ့သည်မှာ ၁ နှစ်ကျော် ၂ နှစ်နီးပါး အချိန်ကြာမြင့်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဦးဝင်းဇော်ဦးက အခုလို ပြောပြခဲ့ပါတယ်။ “နောက်တခုက အမှုစစ်ဆေးတာ ၁ နှစ်ကျော် ကြာခဲ့တယ်ဆိုတာ ဒါလည်း စိတ်ဝင်စားကြမှာပဲ။ အပြင်ကလူတွေကတော့ သက်သေ ၁၁ ယောက်ထဲကို ဘာလို့ ၁ နှစ်ကျော်ကြာလဲ သို့လောသို့လောတွေ ဖြစ်ကြမှာပဲ။ ကျနော်တို့က အာမခံပေးတဲ့ကိစ္စကို အာမခံပေးလို့ မရတဲ့ ပုဒ်မဖြစ်လို့ မပေးဘူး။ ဒါကိုသူတို့က ခရိုင်တွေတိုင်းတွေကို တက်တယ်။ အဲ့မှာကြာတယ် တချက်၊ နောက်တခုက စီဒီခွေကို သက်သေ တင်သွင်းတယ်။ အဲဒါကိုလည်း ခရိုင်၊ တိုင်းထိ ဆက်တက်ကြတယ်။ နောက်တခုက ရုံးပြောင်းကိုလည်း ခရိုင်တိုင်းအထိဆက်တက်ကြတဲ့အတွက် ဒီအမှုက ဒီလောက်အချိန်ကာလအထိ ကြန့်ကြာသွားတာ”လို့ ဦးဝင်းဇော်ဦးက ပြောပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလက စတင်ခဲ့တဲ့အမှုကိုတော့ ၂၀၁၉ ခုနှစ် သြဂုတ်လမှာ တရားလိုဖြစ်သူ စူးရှထက်မှာ တာမွေတရားရုံးတွင် လာရောက် ကျေအေးပေးခဲ့ပြီး ၅ လအကြာမှာတော့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

Credit: Myanmar Technews