Zawgyi ဖြင့်ဖတ်ရန်














Unicode ဖြင့်ဖတ်ရန်

သရုပ်ဆောင်ရိုတ အား ဥပဒေအရ အရေးယူမည်လို့ အသိပေးလိုက်တဲ့ မေသန်းနုရှေ့နေ

ဝါရင့်မင်းသမီးကြီးတစ်ဦးဖြစ်တဲ့ မေသန်းနုဟာ ငွေကြေးလိမ်လည်မှုနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရပါတယ်…. အဲဒီနောက်မှာ သရုပ်ဆောင် ရိုတကလည်း မေသန်းနုဆီက သိန်း ၄၀ ရစရာရှိတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့တာကြောင့် ဒီသတင်းဟာ လူမှုကွန်ရက်မှာ အတော်ဂယက်ရိုက်သွားခဲ့တာပါ….

ဒီလို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး မင်းသမီး မေသန်းနုရဲ့ ရှေ့နေဖြစ်သူတစ်ဦးက ယခုလို မမှန်မကန်ပြောဆိုခဲ့တဲ့အပေါ် ဥပဒေအရဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်….

ရိုတအနေနဲ့ ခုလိုပြောဆိုခဲ့တဲ့အပေါ်မှာ ဖြစ်စဉ်တွေကို ပြန်လည်စစ်ဆေးရာမှာတော့ မှန်ကန်မှုမရှိတာကိုတွေ့ရတယ်လို့ အဆိုပါရှေ့နေကဆိုခဲ့ပါတယ်…ဒါကြောင့် ရိုတအနေနဲ့ မေသန်းနုကို လူသိရှင်ကြားပြန်မတောင်းပန်ရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်…..

မေသန်းနုရဲ့ ဖြစ်စဉ်အပေါ်မှာ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်….ရိုတအနေနဲ့ ခုလိုအင်တာဗျူးမှာ သိန်း ၄၀ ရစရာရှိတယ်ဆိုပြီး ဖြေဆိုခဲ့တဲ့အခါမှာတော့ ယခုလို မေသန်းနုရဲ့ အကျိုးဆောင်ရှေ့နေဘက်က အရေးယူမယ့်ကိစ္စကို ထုတ်ဖော်ပြောဆိုလာတာပဲ ဖြစ်ပါတယ်…

Writer – HW (Shwe Yaung Lan)