Zawgyi ျဖင့္ဖတ္ရန္
ခရီးထြက္တာကို မႀကိဳက္တဲ့သူဆိုတာ မရွိသေလာက္ကို နည္းပါတယ္။ ခရီးထြက္ျခင္းကလည္း လူေတြအတြက္ အမ်ားႀကီး အက်ိဳးရွိေစတဲ့ အရာ တစ္ခုလည္း ျဖစ္ပါတယ္။ ခရီးထြက္တဲ့ ပုံစံေတြကို လိုက္ၿပီး ရတဲ့ အက်ိဳးေက်းဇူးေတြ ေပ်ာ္႐ႊင္မႈေတြလည္း မတူညီၾကပါဘူး။ အခုကေတာ့ တစ္ေယာက္တည္း ခရီးထြက္တဲ့အခါ ရလာမယ့္ အက်ိဳးေက်းဇူးေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။
(၁) စိတ္တိုင္းက် သြားႏိုင္တယ္
လူတစ္ကိုယ္ စိတ္တစ္မ်ိဳး ရွိၾကပါတယ္။ လူအမ်ားနဲ႔ ခရီးထြက္တဲ့အခါ ကိုယ္သြားခ်င္တဲ့ ေနရာခ်ည္းပဲ သြားလို႔ မရပါဘူး။ အမ်ားသေဘာကိုလည္း လိုက္ေလ်ာရပါေသးတယ္။ ဒါေၾကာင့္မို႔ တစ္ခ်ိဳ႕ခရီးစဥ္ေတြမွာ ကိုယ္သြားခ်င္တဲ့ေနရာေတြကို မသြားလိုက္ရတာမ်ိဳးေတြလည္း ႀကဳံရမွာပါ။ ဒီအေျခအေနကို တစ္ေယာက္တည္း ခရီးထြက္တဲ့အခါ မႀကဳံရတဲ့အတြက္ စိတ္ႀကိဳက္လွည့္ပတ္သြားႏိုင္ပါတယ္။
(၂) စီမံခန႔္ခြဲမႈပိုင္းကို ပို အေတြ႕အႀကဳံရေစတယ္
တစ္ေယာက္တည္း ခရီးသြားတာ ျဖစ္လို႔ တစ္ေယာက္တည္း အစစအရာရာ စီစဥ္ရမွာပါ။ ေနမယ့္ ေနရာကို ဟိုတယ္လား မိုတယ္လား hostel လား အသိအိမ္မွာလား စသျဖင့္ ေသခ်ာ ေဈးႏႈန္းေတြ လိပ္စာေတြကို ေသခ်ာ မွတ္သားၿပီး စီစဥ္ဖို႔ လိုအပ္ပါတယ္။ ဒါ့အျပင္ ဘယ္ေန႔မွာ ဘယ္သြားမယ္ စသျဖင့္ကို တစ္ေယာက္တည္း စီစဥ္ရမွာ ျဖစ္လို႔ ခရီးသြားတဲ့အခါ လုပ္ရတတ္တဲ့ စီမံခန႔္ခြဲမႈအပိုင္းေတြကို ပိုၿပီး ကြၽမ္းက်င္သြားတတ္ပါတယ္။ ဒါက ေနာက္ခရီးစဥ္ေတြမွာ အစီအစဥ္ေတြ ေခ်ာေမြ႕ေနေစမယ့္ ေကာင္းကြက္တစ္ခုလည္း ျဖစ္ပါတယ္။
(၃) ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ပိုရွိေစတယ္
မ်ားေသာအားျဖင့္ Confidence ရွိတယ္ဆိုတဲ့လူေတြက တစ္ျခားေနရာေတြမွာ ဟုတ္ေနေပမဲ့ တစ္ေယာက္တည္းေတာ့ ခရီးမထြက္ရဲၾကတာေတြ ရွိပါတယ္။ ပ်င္းေျခာက္ေျခာက္နဲ႔ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ တကယ္ေတာ့ ခရီးမွာ တစ္ေယာက္တည္း မရပ္တည္ႏိုင္ၾကတာမ်ိဳး ရွိတတ္ၾကပါတယ္။ တစ္ေယာက္တည္း ခရီးထြက္တဲ့အခါ မသိတဲ့ လူအသစ္ေတြၾကားမွာ ေပါင္းသင္းဆက္ဆံရမွာမို႔ ပုံမွန္ခ်ိန္ေတြထက္ ပိုၿပီး ႀကိဳးစားအားထုတ္ရမွာပါ။ ဒီအေတြ႕အႀကဳံေတြက သင္ ဘယ္ေနရာကို ဘယ္လိုပဲ ေရာက္ပါေစ သင့္ကို အခက္အခဲ ျဖစ္မသြားေစမယ့္ အခြင့္အေရးတစ္ခုလည္း ျဖစ္ပါတယ္။
(၄) ေနရာသစ္ေတြကို မေၾကာက္ေတာ့ဘူး
လူေတြက ကိုယ္နဲ႔ မရင္းႏွီးတဲ့ ေနရာသစ္ေတြကို ေရာက္တဲ့အခါ ဘာလုပ္လို႔ လုပ္ရမယ္မွန္း မသိ ျဖစ္ေနတတ္ၾကပါတယ္။ ဒါေပမဲ့ တစ္ေယာက္တည္း ခရီးထြက္တဲ့အခါ ကိုယ့္အားကိုယ္ကိုးရတာေၾကာင့္ ဘယ္ေနရာမွာ ဘာရွိတယ္ဆိုတာကို ေလ့လာရွာေဖြရပါတယ္။ ေျမပုံေတြ ပိုသုံးတတ္လာမယ္။ ဒီလိုနဲ႔ ဘယ္ေနရာကိုပဲျဖစ္ျဖစ္ သင့္အတြက္ သြားရဖို႔ ဝန္မေလးေတာ့တဲ့ အေျခအေနကို ရေစမွာပါ။
(၅) ကိုယ့္အားကိုယ္ကိုးတတ္လာတယ္
လူေတြက တစ္မ်ိဳးမဟုတ္ တစ္မ်ိဳး အျပန္အလွန္ကူညီရင္း ရပ္တည္ၾကရပါတယ္။ ခရီးသြားတဲ့အခါလည္း အကုန္လုံးရဲ႕ စိတ္ကူးေတြနဲ႔ တစ္ေယာက္တစ္မ်ိဳး စီစဥ္ေနတတ္ၾကပါတယ္။ ဒါေပမဲ့ တစ္ေယာက္တည္း ခရီးသြားတဲ့အခါ ကိုယ့္ရဲ႕ ပစၥည္းေတြ စီစဥ္ရွိတာေတြ သြားစရာရွိတာေတြက ကိုယ့္အေပၚပဲ မူတည္ေနေတာ့တာပါ။ ဒါေၾကာင့္ ကိုယ့္အားကိုယ္ကိုးတာမ်ိဳး ပိုၿပီး လုပ္တတ္လာပါတယ္။ ဒီအက်ိဳးေက်းဇူးေတြက သင့္ဘဝမွာ သင့္ကို သန္မာလာေစမယ့္ အခ်က္ေတြလည္း ျဖစ္ပါတယ္။ေပ်ာ္႐ႊင္ၿပီး အက်ိဳးရွိေနေစဖို႔ တစ္ေယာက္တည္းလည္း ခရီးထြက္လို႔ ရတယ္ေနာ္….။
Credit: aunty may
Unicode ဖြင့်ဖတ်ရန်
ပျိုမေတို့အနေနဲ့ ဘဝမှာတစ်ကြိမ်လောက်တော့ Solo Trip သွားသင့်တဲ့အကြောင်းများ
ခရီးထွက်တာကို မကြိုက်တဲ့သူဆိုတာ မရှိသလောက်ကို နည်းပါတယ်။ ခရီးထွက်ခြင်းကလည်း လူတွေအတွက် အများကြီး အကျိုးရှိစေတဲ့ အရာ တစ်ခုလည်း ဖြစ်ပါတယ်။ ခရီးထွက်တဲ့ ပုံစံတွေကို လိုက်ပြီး ရတဲ့ အကျိုးကျေးဇူးတွေ ပျော်ရွှင်မှုတွေလည်း မတူညီကြပါဘူး။ အခုကတော့ တစ်ယောက်တည်း ခရီးထွက်တဲ့အခါ ရလာမယ့် အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) စိတ်တိုင်းကျ သွားနိုင်တယ်
လူတစ်ကိုယ် စိတ်တစ်မျိုး ရှိကြပါတယ်။ လူအများနဲ့ ခရီးထွက်တဲ့အခါ ကိုယ်သွားချင်တဲ့ နေရာချည်းပဲ သွားလို့ မရပါဘူး။ အများသဘောကိုလည်း လိုက်လျောရပါသေးတယ်။ ဒါကြောင့်မို့ တစ်ချို့ခရီးစဉ်တွေမှာ ကိုယ်သွားချင်တဲ့နေရာတွေကို မသွားလိုက်ရတာမျိုးတွေလည်း ကြုံရမှာပါ။ ဒီအခြေအနေကို တစ်ယောက်တည်း ခရီးထွက်တဲ့အခါ မကြုံရတဲ့အတွက် စိတ်ကြိုက်လှည့်ပတ်သွားနိုင်ပါတယ်။
(၂) စီမံခန့်ခွဲမှုပိုင်းကို ပို အတွေ့အကြုံရစေတယ်
တစ်ယောက်တည်း ခရီးသွားတာ ဖြစ်လို့ တစ်ယောက်တည်း အစစအရာရာ စီစဉ်ရမှာပါ။ နေမယ့် နေရာကို ဟိုတယ်လား မိုတယ်လား hostel လား အသိအိမ်မှာလား စသဖြင့် သေချာ ဈေးနှုန်းတွေ လိပ်စာတွေကို သေချာ မှတ်သားပြီး စီစဉ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဘယ်နေ့မှာ ဘယ်သွားမယ် စသဖြင့်ကို တစ်ယောက်တည်း စီစဉ်ရမှာ ဖြစ်လို့ ခရီးသွားတဲ့အခါ လုပ်ရတတ်တဲ့ စီမံခန့်ခွဲမှုအပိုင်းတွေကို ပိုပြီး ကျွမ်းကျင်သွားတတ်ပါတယ်။ ဒါက နောက်ခရီးစဉ်တွေမှာ အစီအစဉ်တွေ ချောမွေ့နေစေမယ့် ကောင်းကွက်တစ်ခုလည်း ဖြစ်ပါတယ်။
(၃) ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိစေတယ်
များသောအားဖြင့် Confidence ရှိတယ်ဆိုတဲ့လူတွေက တစ်ခြားနေရာတွေမှာ ဟုတ်နေပေမဲ့ တစ်ယောက်တည်းတော့ ခရီးမထွက်ရဲကြတာတွေ ရှိပါတယ်။ ပျင်းခြောက်ခြောက်နဲ့ ဆိုတဲ့ အကြောင်းပြချက်နဲ့ တကယ်တော့ ခရီးမှာ တစ်ယောက်တည်း မရပ်တည်နိုင်ကြတာမျိုး ရှိတတ်ကြပါတယ်။ တစ်ယောက်တည်း ခရီးထွက်တဲ့အခါ မသိတဲ့ လူအသစ်တွေကြားမှာ ပေါင်းသင်းဆက်ဆံရမှာမို့ ပုံမှန်ချိန်တွေထက် ပိုပြီး ကြိုးစားအားထုတ်ရမှာပါ။ ဒီအတွေ့အကြုံတွေက သင် ဘယ်နေရာကို ဘယ်လိုပဲ ရောက်ပါစေ သင့်ကို အခက်အခဲ ဖြစ်မသွားစေမယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။
(၄) နေရာသစ်တွေကို မကြောက်တော့ဘူး
လူတွေက ကိုယ်နဲ့ မရင်းနှီးတဲ့ နေရာသစ်တွေကို ရောက်တဲ့အခါ ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိ ဖြစ်နေတတ်ကြပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်း ခရီးထွက်တဲ့အခါ ကိုယ့်အားကိုယ်ကိုးရတာကြောင့် ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာကို လေ့လာရှာဖွေရပါတယ်။ မြေပုံတွေ ပိုသုံးတတ်လာမယ်။ ဒီလိုနဲ့ ဘယ်နေရာကိုပဲဖြစ်ဖြစ် သင့်အတွက် သွားရဖို့ ဝန်မလေးတော့တဲ့ အခြေအနေကို ရစေမှာပါ။
(၅) ကိုယ့်အားကိုယ်ကိုးတတ်လာတယ်
လူတွေက တစ်မျိုးမဟုတ် တစ်မျိုး အပြန်အလှန်ကူညီရင်း ရပ်တည်ကြရပါတယ်။ ခရီးသွားတဲ့အခါလည်း အကုန်လုံးရဲ့ စိတ်ကူးတွေနဲ့ တစ်ယောက်တစ်မျိုး စီစဉ်နေတတ်ကြပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်း ခရီးသွားတဲ့အခါ ကိုယ့်ရဲ့ ပစ္စည်းတွေ စီစဉ်ရှိတာတွေ သွားစရာရှိတာတွေက ကိုယ့်အပေါ်ပဲ မူတည်နေတော့တာပါ။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးတာမျိုး ပိုပြီး လုပ်တတ်လာပါတယ်။ ဒီအကျိုးကျေးဇူးတွေက သင့်ဘဝမှာ သင့်ကို သန်မာလာစေမယ့် အချက်တွေလည်း ဖြစ်ပါတယ်။ပျော်ရွှင်ပြီး အကျိုးရှိနေစေဖို့ တစ်ယောက်တည်းလည်း ခရီးထွက်လို့ ရတယ်နော်….။
Credit: aunty may
0 Comments