အႏုပညာေလာကကို စတင္ဝင္ေရာက္လာစဥ္က ၀ကစ္ကစ္ေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ေကာင္မေလးကေန လက္ရွိမွာေတာ့ က်စ္လစ္လွပတဲ့ အမိုက္စားေဘာ္ဒီကိုပိုင္ဆိုင္ကာ နာမည္ေလးနဲ႔လိုက္ေအာင္ တစ္ေန႔ထက္တစ္ေန႔ ပိုပိုလွလာတဲ့ အဆိုေတာ္ပိုပိုကေတာ့ အသဲကြဲသီခ်င္းေတြနဲ႔ လူသိမ်ားခဲ့တာျဖစ္ၿပီး ပတမဆုံး အယ္လ္ဘမ္နဲ႔တင္ ပရိသတ္ရဲ့ဝက္ဝက္ကြဲ အားေပးျခင္းခံခဲ့ရသူပါ။

အသဲကြဲသီခ်င္းေတြအျပင္ အခ်စ္သီခ်င္းလွလွေလးေတြကိုလဲ ေရးစပ္သီဆိုတတ္တဲ့ ပိုပိုကေတာ့ လက္ရွိအႏုပညာဂီတေလာကမွာေတာ့ မသိသူမရွိေအာင္ ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ေနပါၿပီ။ အႏုပညာလမ္းေၾကာင္းမွာ ေအာင္ျမင္မႈေတြကို ရရွိေနၿပီျဖစ္ေသာ္လည္း အခ်စ္ေရးပိုင္းမွာေတာ့ တစ္ကိုယ္ေတာ္ Single အျဖစ္သာ ျဖတ္သန္းေနတဲ့ ပိုပိုက သူမဟာအခ်စ္ေရးနဲ႔ပတ္သက္ရင္ အျမဲတမ္းကံမေကာင္းသူလို႔ ဆိုပါတယ္။

အခ်စ္မွာ ကိုယ္ကသာေပးဆပ္ၿပီးခ်စ္ခဲ့သေလာက္ တြဲခဲ့တဲ့ဘဲေတြက အရည္အခ်င္းမရွိ အသုံးမက်တဲ့အျပင္ ခ်ဴစားသူေတြနဲ႔ပါေတြ႕ခဲ့ရတယ္ဆိုတဲ့အေၾကာင္းကို ေဖာက္သည္ခ်လာပါတယ္။ တြဲခဲ့ဘူးတဲ့ ရည္းစားေဟာင္း EX ေတြနဲ႔ပတ္သက္ၿပီး ပိုပိုက ယခုလိုပဲေရးသားထားပါတယ္။
“ကိုယ္နဲ႔တြဲခဲ့တဲ့ ဘဲ 80%ေလာက္က ကိုယ္နဲ႔ တြဲတုန္းက ပိုက္ဆံလဲ သိပ္မထုတ္၊ ကိုယ္က ႀကိဴးစားခိုင္းလဲ မႀကိဴးစား၊ ကိုယ့္ကိုလဲ support မလုပ္ေပး ကိုယ့္ေနာက္ကလဲမလိုက္ ေရွ႕ကလဲမသြား ေဘးက ကန႔္လန႔္လုပ္ၾကတာ… ကိုယ္နဲ႔က် ဘာမွသာမဟုတ္တာ တျခား ေစာ္နဲ႔ လဲတြဲေရာ ဆရာႀကီးလိုလို သူေဌးလိုလို နဲ႔ ျမင္ရတာ စိတ္ေတာင္မေကာင္း ဘူး…. ကိုယ္က ႐ုပ္သာေခ်ာတာ အခ်စ္ေရးက် သိပ္ကံမေကာင္းရွာဘူး… တခါတေလ ခ်ဴစား လိမ္စားတဲ့သူလဲေတြ႕ေသးတာ… အခုေတာ့ ကံေကာင္းလာပါၿပီ” ဆိုၿပီး သူမရဲ့အခ်စ္ေရးကံမေကာင္းပုံကို ေဖာက္သည္ခ်ေရးသားထားတာျဖစ္ပါတယ္။

သူမကိုခ်စ္တဲ့ပရိသတ္ေတြကေတာ့ ပိုပို႔အတြက္ အားေပးစကားေတြေျပာဆိုထားၾကသလို ေနာက္ထပ္အခ်စ္ေရးမွာလဲ ကံေကာင္းမႈေတြပဲရေစဖို႔ ဝိုင္းဝန္းဆုေတာင္းေပးထားၾကတာလဲ ေတြ႕ရပါတယ္။(ပိုပိုေလး)




Unicode




ထားခဲ့ဖူးတဲ့ရည်းစားတွေရဲ့မကောင်းကြောင်း ဖောက်သည်ချလိုက်တဲ့ အဆိုတော်ပိုပို















အနုပညာလောကကို စတင်ဝင်ရောက်လာစဉ်က ၀ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းတဲ့ကောင်မလေးကနေ လက်ရှိမှာတော့ ကျစ်လစ်လှပတဲ့ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ကာ နာမည်လေးနဲ့လိုက်အောင် တစ်နေ့ထက်တစ်နေ့ ပိုပိုလှလာတဲ့ အဆိုတော်ပိုပိုကတော့ အသဲကွဲသီချင်းတွေနဲ့ လူသိများခဲ့တာဖြစ်ပြီး ပတမဆုံး အယ်လ်ဘမ်နဲ့တင် ပရိသတ်ရဲ့ဝက်ဝက်ကွဲ အားပေးခြင်းခံခဲ့ရသူပါ။
အသဲကွဲသီချင်းတွေအပြင် အချစ်သီချင်းလှလှလေးတွေကိုလဲ ရေးစပ်သီဆိုတတ်တဲ့ ပိုပိုကတော့ လက်ရှိအနုပညာဂီတလောကမှာတော့ မသိသူမရှိအောင် အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ။ အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေကို ရရှိနေပြီဖြစ်သော်လည်း အချစ်ရေးပိုင်းမှာတော့ တစ်ကိုယ်တော် Single အဖြစ်သာ ဖြတ်သန်းနေတဲ့ ပိုပိုက သူမဟာအချစ်ရေးနဲ့ပတ်သက်ရင် အမြဲတမ်းကံမကောင်းသူလို့ ဆိုပါတယ်။အချစ်မှာ ကိုယ်ကသာပေးဆပ်ပြီးချစ်ခဲ့သလောက် တွဲခဲ့တဲ့ဘဲတွေက အရည်အချင်းမရှိ အသုံးမကျတဲ့အပြင် ချူစားသူတွေနဲ့ပါတွေ့ခဲ့ရတယ်ဆိုတဲ့အကြောင်းကို ဖောက်သည်ချလာပါတယ်။ တွဲခဲ့ဘူးတဲ့ ရည်းစားဟောင်း EX တွေနဲ့ပတ်သက်ပြီး ပိုပိုက ယခုလိုပဲရေးသားထားပါတယ်။“ကိုယ်နဲ့တွဲခဲ့တဲ့ ဘဲ 80%လောက်က ကိုယ်နဲ့ တွဲတုန်းက ပိုက်ဆံလဲ သိပ်မထုတ်၊ ကိုယ်က ကြိူးစားခိုင်းလဲ မကြိူးစား၊ ကိုယ့်ကိုလဲ support မလုပ်ပေး ကိုယ့်နောက်ကလဲမလိုက် ရှေ့ကလဲမသွား ဘေးက ကန့်လန့်လုပ်ကြတာ… ကိုယ်နဲ့ကျ ဘာမှသာမဟုတ်တာ တခြား စော်နဲ့ လဲတွဲရော ဆရာကြီးလိုလို သူဌေးလိုလို နဲ့ မြင်ရတာ စိတ်တောင်မကောင်း ဘူး…. ကိုယ်က ရုပ်သာချောတာ အချစ်ရေးကျ သိပ်ကံမကောင်းရှာဘူး… တခါတလေ ချူစား လိမ်စားတဲ့သူလဲတွေ့သေးတာ… အခုတော့ ကံကောင်းလာပါပြီ” ဆိုပြီး သူမရဲ့အချစ်ရေးကံမကောင်းပုံကို ဖောက်သည်ချရေးသားထားတာဖြစ်ပါတယ်။သူမကိုချစ်တဲ့ပရိသတ်တွေကတော့ ပိုပို့အတွက် အားပေးစကားတွေပြောဆိုထားကြသလို နောက်ထပ်အချစ်ရေးမှာလဲ ကံကောင်းမှုတွေပဲရစေဖို့ ဝိုင်းဝန်းဆုတောင်းပေးထားကြတာလဲ တွေ့ရပါတယ်။
(ပိုပိုလေး)