ထိုင္းနိုင္ငံတြင္ အေရးႀကီးပုဂၢိဳလ္မ်ား စီးနင္းလိုက္ပါလာသည့္ VIP ယာဥ္တန္း(လမ္းေၾကာင္း) နဲ႔ ပက္သက္၍ ထိုင္းဘုရင္ မဟာဗာဂ်ီရာေလာင္ကြမ္း က ဥပေဒသစ္တစ္ရပ္ ထုတ္ျပန္လိုက္ပါတယ္။

ယင္းဥပေဒအရ ဘန္းေကာက္ၿမိဳ႕ရွိ လမ္းမ်ားေပၚတြင္ လမ္းေၾကာင္းယာဥ္တန္းအတြက္ လမ္းမ်ားအားလုံးကို ပိတ္ဆို႔ျခင္းမျပဳရန္ ဘုရင္ႀကီးက အမိန႔္ထုတ္ျပန္လိုက္ျခင္းျဖစ္ေၾကာင္း အစိုးရေျပာခြင့္ရပုဂၢိဳလ္က ေျပာသည္။

အခုလို အမိန႔္ထုတ္ျပန္လိုက္ရျခင္းမွာ  VIP ယာဥ္တန္းမ်ားေၾကာင့္ လမ္းအသုံးျပဳသူမ်ား အဆင္မေျပျဖစ္ရတဲ့အေပၚ အြန္လိုင္းေပၚမွာ ေဝဖန္သံမ်ား ထြက္လာခဲ့တာေၾကာင့္ ျဖစ္သည္။ ရဲေတြအေနနဲ႔ လမ္းေၾကာင္းယာဥ္တန္း ျဖတ္သန္းသြားမည့္ သက္ဆိုင္ရာ လမ္းေတြကိုသာ ခတၱမၽွ ပိတ္ေပးထားရမွာျဖစ္တယ္လို႔ အစိုးရေျပာခြင့္ရပုဂၢိဳလ္ န႐ူမြန္ပင္ရိုဆင္ဝပ္ က သူမရဲ့ ေဖ့စ္ဘြခ္ေပၚမွ ေရးသားခဲ့ၿပီး လိုက္နာရမည့္ အခ်က္မ်ားကိုလည္း ႐ုပ္သံျဖင့္ ေျပာဆိုခဲ့သည္။ ထိုအခ်က္မ်ားထဲတြင္ လမ္းေၾကာင္းယဥ္တန္း ျဖတ္သန္းသြားမည့္ေနရာက လူကူးမိုးပ်ံတံတားမ်ားကိုလည္း အသုံးျပဳခြင့္ေပးရန္ ပါဝင္သည္။



ဘန္ေကာက္ၿမိဳ႕ဟာ ကမၻေပၚမွာ ယာဥ္ေၾကာပိတ္ဆို႔မႈ အဆိုးရြားဆုံး ေနရာတစ္ေနရာအျဖစ္စာရင္းဝင္ၿပီး အေမရိကန္အေျခစိုက္ ယာဥ္ေၾကာဆန္းစစ္ေလ့လာေရးအဖြဲ႕အစည္း INRIX ရဲ့ ၂၀၁၇ စာရင္းအရ ကမၻာ့ နံပါတ္ ၁၁ ေနရာမွာ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က #royalmotorcade ဟု တက္ခ္ခ်ိပ္ၿပီး ထိုင္းဘာသာစကားနဲ႔ ေဖာ္ျပမႈေတြဟာ တြစ္တာရဲ့ ထိပ္တန္းစားရင္းဝင္ျဖစ္ခဲ့ပါတယ္။ လက္ရွိမွာ ေနာက္ထပ္ ထိပ္တန္းစာရင္းဝင္ေနတာကေတာ့ #islandsclosure ျဖစ္ပါတယ္။ ႏွစ္သစ္ကူးပိတ္ရက္မွာ ဘုရင့္အငယ္ဆုံးသမီးေတာ္ အလည္အပတ္သြားမွာမို႔ ကမၻာ့လွည့္ခရီးသည္ေတြသြားတတ္ၾကတဲ့ ေတာင္ပိုင္းကမ္းေျခေတြကို ပိတ္ခဲ့တာနဲ႔ ပက္သက္ၿပီး ေရးသားေျပာဆိုတာေတြျဖစ္ပါတယ္။

ထိုင္းနိုင္ငံရဲ့ တင္းၾကပ္တဲ့ ဥပေဒအရ ဘုရင္၊ မိဖုရား ၊ သားသမီး ေတာ္ဝင္မ်ိဳးႏြယ္ေတြကို ထိပါးေစာ္ကားသူ မည္သူမဆို ေထာင္ဒဏ္ ၁၅ ႏွစ္နဲ႔အထက္ ခ်မွတ္ခံရမည္ျဖစ္သည္။




Unicode



လူကြီးလမ်းကြောင်းယာဉ်တန်းနဲ့ ပက်သက်၍ ဥပဒေသစ် ထိုင်းထုတ်ပြန်




ထိုင်းနိုင်ငံတွင် အရေးကြီးပုဂ္ဂိုလ်များ စီးနင်းလိုက်ပါလာသည့် VIP ယာဉ်တန်း(လမ်းကြောင်း) နဲ့ ပက်သက်၍ ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွမ်း က ဥပဒေသစ်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

ယင်းဥပဒေအရ ဘန်းကောက်မြို့ရှိ လမ်းများပေါ်တွင် လမ်းကြောင်းယာဉ်တန်းအတွက် လမ်းများအားလုံးကို ပိတ်ဆို့ခြင်းမပြုရန် ဘုရင်ကြီးက အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

အခုလို အမိန့်ထုတ်ပြန်လိုက်ရခြင်းမှာ  VIP ယာဉ်တန်းများကြောင့် လမ်းအသုံးပြုသူများ အဆင်မပြေဖြစ်ရတဲ့အပေါ် အွန်လိုင်းပေါ်မှာ ဝေဖန်သံများ ထွက်လာခဲ့တာကြောင့် ဖြစ်သည်။ ရဲတွေအနေနဲ့ လမ်းကြောင်းယာဉ်တန်း ဖြတ်သန်းသွားမည့် သက်ဆိုင်ရာ လမ်းတွေကိုသာ ခတ္တမျှ ပိတ်ပေးထားရမှာဖြစ်တယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် နရူမွန်ပင်ရိုဆင်ဝပ် က သူမရဲ့ ဖေ့စ်ဘွခ်ပေါ်မှ ရေးသားခဲ့ပြီး လိုက်နာရမည့် အချက်များကိုလည်း ရုပ်သံဖြင့် ပြောဆိုခဲ့သည်။ ထိုအချက်များထဲတွင် လမ်းကြောင်းယဉ်တန်း ဖြတ်သန်းသွားမည့်နေရာက လူကူးမိုးပျံတံတားများကိုလည်း အသုံးပြုခွင့်ပေးရန် ပါဝင်သည်။



ဘန်ကောက်မြို့ဟာ ကမ္ဘပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံး နေရာတစ်နေရာအဖြစ်စာရင်းဝင်ပြီး အမေရိကန်အခြေစိုက် ယာဉ်ကြောဆန်းစစ်လေ့လာရေးအဖွဲ့အစည်း INRIX ရဲ့ ၂၀၁၇ စာရင်းအရ ကမ္ဘာ့ နံပါတ် ၁၁ နေရာမှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်က #royalmotorcade ဟု တက်ခ်ချိပ်ပြီး ထိုင်းဘာသာစကားနဲ့ ဖော်ပြမှုတွေဟာ တွစ်တာရဲ့ ထိပ်တန်းစားရင်းဝင်ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ နောက်ထပ် ထိပ်တန်းစာရင်းဝင်နေတာကတော့ #islandsclosure ဖြစ်ပါတယ်။ နှစ်သစ်ကူးပိတ်ရက်မှာ ဘုရင့်အငယ်ဆုံးသမီးတော် အလည်အပတ်သွားမှာမို့ ကမ္ဘာ့လှည့်ခရီးသည်တွေသွားတတ်ကြတဲ့ တောင်ပိုင်းကမ်းခြေတွေကို ပိတ်ခဲ့တာနဲ့ ပက်သက်ပြီး ရေးသားပြောဆိုတာတွေဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ တင်းကြပ်တဲ့ ဥပဒေအရ ဘုရင်၊ မိဖုရား ၊ သားသမီး တော်ဝင်မျိုးနွယ်တွေကို ထိပါးစော်ကားသူ မည်သူမဆို ထောင်ဒဏ် ၁၅ နှစ်နဲ့အထက် ချမှတ်ခံရမည်ဖြစ်သည်။