အိႏၵိယနိုင္ငံတြင္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဥပေဒကို မလိုက္နာပဲ တရားမဝင္တည္ေဆာက္ထားသည့္ အထပ္ျမင့္ အေဆာက္အဦးမ်ားကို ၿဖိဳခ်ရန္ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ကမ္းနားပိုင္းက အဆင့္ျမင့္ေနအိမ္တိုက္ခန္း ၄ လုံးကို ၿပီးခဲ့တဲ့ စေနေန႔က စတင္ ၿဖိဳခ်လိုက္ပါတယ္။

လြန္ခဲ့ေသာ ႏွစ္အနည္းငယ္အတြင္းက အိႏၵိယမွာ ေဆာက္လုပ္ေရးလုပ္ငန္းေတြ ေခတ္ေကာင္းခဲ့ၿပီး လုပ္ငန္းရွင္ေတြဟာ ခ်မွတ္ထားတဲ့ ေဘးအႏၲရာယ္ကင္းရွင္းေရး စံႏႈန္းေတြ၊ အျခားေသာ လိုက္နာရမယ့္ ဥပေဒေတြကို မ်က္ကြယ္ျပဳကာ အေဆာက္အဦးေတြကို ေဆာက္လုပ္ခဲ့ၾကပါတယ္။

ကိုခ်ီရပ္ကြပ္မွာရွိတဲ့ အထပ္ျမင့္ အေဆာက္အဦး ၄ လုံးမွာ ေနထိုင္ၾကတဲ့ အခန္းေပါင္း ၃၄၃ ခန္းက အခန္းရွင္ေတြဟာ သူတို႔ရဲ့ အိမ္ခန္းဝယ္ယူထားတဲ့ ေငြေၾကးေတြအတြက္ ရတက္မေအး ျဖစ္ေနၾကရပါတယ္။ အခ်ိဳ႕သူေတြဟာ ဒီအိမ္ခန္းဝယ္ဖို႔ တစ္သက္လုံး စုေဆာင္းထားသမၽွေတြကို ထုတ္သုံးခဲ့ၾကရတာျဖစ္ပါတယ္။

ပထမဦးဆုံး အခန္းေပါင္း ၉၀ ပါရွိတဲ့ အေဆာက္အဦးကို စေန႔ေန႔ နံနက္ပိုင္းမွာ စတင္ၿဖိဳခ်ခဲ့ၿပီး ေနာက္ထပ္ ၅ မိနစ္အၾကာမွာေတာ့ အမႊာေဆာက္အဦးကိုလည္း ဆက္တိုက္ မိုင္းခြဲၿဖိဳခ်ခဲ့ပါတယ္။



တနဂၤေႏြေန႔မွာေတာ့ ေနာက္ထက္ က်န္ရွိေနတဲ့ အေဆာက္အဦး ႏွစ္လုံးကို ထပ္မံၿဖိဳခ်ခဲ့ပါတယ္။ အနီးတစ္ဝိုက္မွာ အခ်က္ေပးသံေတြ ဆူညံေနၿပီး လူေတြကို မီတာ ၂၀၀ အကြာအေဝးထိ မလာနိုင္ရန္ တားျမစ္ထားကာ ေဆး႐ုံကား၊ မီးသတ္ကားေတြကိုလည္း အသင့္ျပင္ထားၿပီးေနာက္ ၿဖိဳခ်ခဲ့တာျဖစ္ပါတယ္။

ဒီအက်ိဳးဆက္ေၾကာင့္ ျဖစ္လာမယ့္ လူစုလူေဝးျပႆနာေတြအတြက္ အသင့္ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း ရဲအရာရွိ ဗီေဂ်းရွက္ခါ က ေျပာၾကားခဲ့ပါတယ္။ အနီးတစ္ဝိုက္မွာ ေနထိုင္ၾကသူေတြကေတာ့ အခုလို ၿဖိဳခ်တဲ့ သက္ေရာက္မႈေၾကာင့္ သူတို႔ရဲ့ ေနအိမ္ေတြ အက္ကြဲပ်က္ဆီး ထိခိုက္မွာ စိုးရိမ္တယ္လို႔ ဆိုပါတယ္။



အစိုးရက အထပ္ျမင့္ အေဆာက္အဦးေတြ ေဆာက္လုပ္ေရး စီမံကိန္းေတြကို အိမ္ယာတည္ေဆာက္သူအတြက္ ၂၀၀၆ ခုႏွစ္ကတည္းက အတည္ျပဳထားၿပီးျဖစ္သည္။ ၿပီးခဲ့တဲ့ႏွစ္က ေဆာက္လုပ္ေရး လုပ္ငန္းလုပ္သူေတြအတြက္ လိုက္နာရမယ့္ တရားဥပေဒေတြကို အျမင့္ဆုံး တရား႐ုံးက ျပဌါန္းေပးခဲ့ပါတယ္။

ဒါေပမယ့္ ကမ္းနားတဝိုက္ဧရိယာေတြမွာ ဥပေဒကို ေက်ာ္လြန္ခ်ိဳးေဖာက္ၿပီး တည္ေဆာက္ထားတဲ့ အေဆာက္အဦးေတြ ရာနဲ႔ခ်ီ ရွိလာပါတယ္။ ၂၀၁၈ ခုႏွစ္မွာ ဆိုးရြားတဲ့ ေရႀကီးမႈဒဏ္ခံခဲ့ရၿပီး သဘာဝပတ္ဝန္းက်င္ ထိမ္းသိမ္းေရးက ကမ္းနီးေဒသေတြမွာ အထပ္ျမင့္တိုက္ေတြ အလြန္အကၽြံေဆာက္လာၾကတာကို ေထာက္ျပခဲ့ၾကပါတယ္။

လက္ရွိမွာေတာ့ ၿဖိဳခ်ရန္ က်န္ေနေသးတဲ့ အေဆာက္အဦးေတြမွာ ေနထိုင္သူေတြက ေနရာေျပာင္းေရြ႕ေပးဖို႔ ျငင္းဆန္ေနတဲ့အတြက္ အစိုးရက အဲဒီတိုက္ခန္းေတြကို လၽွပ္စစ္နဲ႔ ေရတို႔ ျဖတ္ေတာက္ထားပါတယ္။ သူတို႔ေတြကို အစိုးရက ထိုက္သင့္တဲ့ ေလ်ာ္ေၾကးေတြေပးခဲ့ၿပီးျဖစ္သလို ေဆာက္လုပ္ေရးပိုင္ရွင္ေတြကလည္း ေငြျပန္အမ္းဖို႔ လုပ္ေဆာင္ေနပါတယ္။

အခန္းမွာ ေနထိုင္သူတစ္ဦးက “ကၽြန္ေတာ့္ဇနီးနဲ႔ ကေလးေတြက သူတို႔ရဲ့ အိမ္ေလး ၿဖိဳခ်ဖ်က္ဆီးခံရၿပီး ဆုံးရႈံးရမွာ အရမ္းကို ဝမ္းနည္းေနၾကတယ္” လို႔ ဆိုပါတယ္၊ သူ႔အေနနဲ႔ ဒီအခန္းကို ပိုင္ဆိုင္ဖို႔ အေမရိကန္ေဒၚလာ ၁၄၅,၀၀၀ နဲ႔ ညီမၽွတဲ့ ပိုက္ဆံကို ေပးခဲ့ရတာျဖစ္ပါတယ္။


Unicode



အိန္ဒိယတွင် ဥပဒေချိုးဖောက် ဆောက်လုပ်ထားသည့် အထပ်မြင့်တိုက်များ ဖြိုချ



အိန္ဒိယနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို မလိုက်နာပဲ တရားမဝင်တည်ဆောက်ထားသည့် အထပ်မြင့် အဆောက်အဦးများကို ဖြိုချရန် ဆုံးဖြတ်ခဲ့ပြီးနောက် ကမ်းနားပိုင်းက အဆင့်မြင့်နေအိမ်တိုက်ခန်း ၄ လုံးကို ပြီးခဲ့တဲ့ စနေနေ့က စတင် ဖြိုချလိုက်ပါတယ်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက အိန္ဒိယမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ခေတ်ကောင်းခဲ့ပြီး လုပ်ငန်းရှင်တွေဟာ ချမှတ်ထားတဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေ၊ အခြားသော လိုက်နာရမယ့် ဥပဒေတွေကို မျက်ကွယ်ပြုကာ အဆောက်အဦးတွေကို ဆောက်လုပ်ခဲ့ကြပါတယ်။
ကိုချီရပ်ကွပ်မှာရှိတဲ့ အထပ်မြင့် အဆောက်အဦး ၄ လုံးမှာ နေထိုင်ကြတဲ့ အခန်းပေါင်း ၃၄၃ ခန်းက အခန်းရှင်တွေဟာ သူတို့ရဲ့ အိမ်ခန်းဝယ်ယူထားတဲ့ ငွေကြေးတွေအတွက် ရတက်မအေး ဖြစ်နေကြရပါတယ်။ အချို့သူတွေဟာ ဒီအိမ်ခန်းဝယ်ဖို့ တစ်သက်လုံး စုဆောင်းထားသမျှတွေကို ထုတ်သုံးခဲ့ကြရတာဖြစ်ပါတယ်။
ပထမဦးဆုံး အခန်းပေါင်း ၉၀ ပါရှိတဲ့ အဆောက်အဦးကို စနေ့နေ့ နံနက်ပိုင်းမှာ စတင်ဖြိုချခဲ့ပြီး နောက်ထပ် ၅ မိနစ်အကြာမှာတော့ အမွှာဆောက်အဦးကိုလည်း ဆက်တိုက် မိုင်းခွဲဖြိုချခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာတော့ နောက်ထက် ကျန်ရှိနေတဲ့ အဆောက်အဦး နှစ်လုံးကို ထပ်မံဖြိုချခဲ့ပါတယ်။ အနီးတစ်ဝိုက်မှာ အချက်ပေးသံတွေ ဆူညံနေပြီး လူတွေကို မီတာ ၂၀၀ အကွာအဝေးထိ မလာနိုင်ရန် တားမြစ်ထားကာ ဆေးရုံကား၊ မီးသတ်ကားတွေကိုလည်း အသင့်ပြင်ထားပြီးနောက် ဖြိုချခဲ့တာဖြစ်ပါတယ်။
ဒီအကျိုးဆက်ကြောင့် ဖြစ်လာမယ့် လူစုလူဝေးပြဿနာတွေအတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ရဲအရာရှိ ဗီဂျေးရှက်ခါ က ပြောကြားခဲ့ပါတယ်။ အနီးတစ်ဝိုက်မှာ နေထိုင်ကြသူတွေကတော့ အခုလို ဖြိုချတဲ့ သက်ရောက်မှုကြောင့် သူတို့ရဲ့ နေအိမ်တွေ အက်ကွဲပျက်ဆီး ထိခိုက်မှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။
အစိုးရက အထပ်မြင့် အဆောက်အဦးတွေ ဆောက်လုပ်ရေး စီမံကိန်းတွေကို အိမ်ယာတည်ဆောက်သူအတွက် ၂၀၀၆ ခုနှစ်ကတည်းက အတည်ပြုထားပြီးဖြစ်သည်။ ပြီးခဲ့တဲ့နှစ်က ဆောက်လုပ်ရေး လုပ်ငန်းလုပ်သူတွေအတွက် လိုက်နာရမယ့် တရားဥပဒေတွေကို အမြင့်ဆုံး တရားရုံးက ပြဌါန်းပေးခဲ့ပါတယ်။
ဒါပေမယ့် ကမ်းနားတဝိုက်ဧရိယာတွေမှာ ဥပဒေကို ကျော်လွန်ချိုးဖောက်ပြီး တည်ဆောက်ထားတဲ့ အဆောက်အဦးတွေ ရာနဲ့ချီ ရှိလာပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဆိုးရွားတဲ့ ရေကြီးမှုဒဏ်ခံခဲ့ရပြီး သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးက ကမ်းနီးဒေသတွေမှာ အထပ်မြင့်တိုက်တွေ အလွန်အကျွံဆောက်လာကြတာကို ထောက်ပြခဲ့ကြပါတယ်။
လက်ရှိမှာတော့ ဖြိုချရန် ကျန်နေသေးတဲ့ အဆောက်အဦးတွေမှာ နေထိုင်သူတွေက နေရာပြောင်းရွေ့ပေးဖို့ ငြင်းဆန်နေတဲ့အတွက် အစိုးရက အဲဒီတိုက်ခန်းတွေကို လျှပ်စစ်နဲ့ ရေတို့ ဖြတ်တောက်ထားပါတယ်။ သူတို့တွေကို အစိုးရက ထိုက်သင့်တဲ့ လျော်ကြေးတွေပေးခဲ့ပြီးဖြစ်သလို ဆောက်လုပ်ရေးပိုင်ရှင်တွေကလည်း ငွေပြန်အမ်းဖို့ လုပ်ဆောင်နေပါတယ်။
အခန်းမှာ နေထိုင်သူတစ်ဦးက “ကျွန်တော့်ဇနီးနဲ့ ကလေးတွေက သူတို့ရဲ့ အိမ်လေး ဖြိုချဖျက်ဆီးခံရပြီး ဆုံးရှုံးရမှာ အရမ်းကို ဝမ်းနည်းနေကြတယ်” လို့ ဆိုပါတယ်၊ သူ့အနေနဲ့ ဒီအခန်းကို ပိုင်ဆိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၄၅,၀၀၀ နဲ့ ညီမျှတဲ့ ပိုက်ဆံကို ပေးခဲ့ရတာဖြစ်ပါတယ်။