ထူးျခားတဲ့ Shadow Dance နဲ႔ ဖန္တီးမႈေကာင္းေကာင္း အဖြဲ႕လိုက္သ႐ုပ္ေဖာ္တင္ ဆက္ခဲ့ၾကတဲ့ Junior Creative အဖြဲ႕ဟာ America’s Got Talent မွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအေနနဲ႔ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။
Image may contain: 15 people, people smiling, text
America’s Got Talent က ျပဳလုပ္တဲ့ The Champions Season 2 မွာ သူတို႔အဖြဲ႕ ပါဝင္ယွဥ္ၿပိဳင္ဖို႔ ဖိတ္ေခၚခံခဲ့ရတာျဖစ္ၿပီး ဒါဟာ တျခား Talent ေတြမွာ အႏိုင္ရခဲ့သူေတြ Finalist ေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ရတဲ့ ပြဲတခု ျဖစ္ပါတယ္။
Image may contain: one or more people and people standing
Junior Creative အဖြဲ႕ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္က က်င္းပခဲ့တဲ့ Myanmar’s Got Talent 2018 ရဲ႕ ေနာက္ဆုံးဖိုင္နယ္ပြဲစဥ္မွာ သက္ငယ္မုဒိမ္းမႈပေပ်ာက္ေရး (Stop Child Sexual Abuse) အတြက္ Shadow Dance နဲ႔ ဖန္တီးမႈေကာင္းေကာင္းနဲ႔ အဖြဲ႕လိုက္သ႐ုပ္ေဖာ္တင္ဆက္ခဲ့ၾကၿပီး Winner ဆုကို ရရွိထားခဲ့တာပါ။
Image may contain: 15 people, people smiling
ဒီၿပိဳင္ပြဲမွာ ဒါ႐ိုက္တာ ေမာင္သီ၊ ဝါရင့္အမ်ိဳးသမီးသ႐ုပ္ေဆာင္ မို႔မို႔ျမင့္ေအာင္၊ သ႐ုပ္ေဆာင္ အဆိုေတာ္တဦးျဖစ္တဲ့ ခ်စ္သုေဝတို႔နဲ႔အတူ အစီအစဥ္တင္ဆက္သူတဦးျဖစ္တဲ့ ေမာင္ေမာင္ေအး တို႔က ဒိုင္ေတြအျဖစ္ ပါဝင္ခဲ့ၾကတာ ျဖစ္ပါတယ္။
Image may contain: 6 people, people smiling
ခုတဖန္ The Champions Season 2 မွာေတာ့ သူတို႔အဖြဲ႕က ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနေနရတဲ့ မိသားစုေလးတစုက ပဋိပကၡေတြ၊ စစ္ပြဲေတြေၾကာင့္ သားသမီးေတြ မိဘေတြနဲ႔ ကြဲကြာခဲ့ရ၊ ေမာင္ႏွမသားခ်င္းေတြ ေဝးကြာခဲ့ရၿပီး ႀကီးျပင္းလာတဲ့အခါ သူမခံစားခဲ့ရသလို ႀကဳံေတြ႕ေနတဲ့ တျခားသူေတြအေပၚ စာနာနားလည္ၿပီး အျပန္အလွန္ ကူညီ႐ိုင္းပင္းေနတဲ့ ေကာင္မေလး တေယာက္ရဲ႕ ဘဝဇာတ္ေၾကာင္းေလးကို ပုံေဖာ္ကျပခဲ့ၾကတာ ျဖစ္ပါတယ္။
Image may contain: 3 people, people smiling
Junior Creative အဖြဲ႕ရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚမွာေတာ့ ခုလိုေရးသားေဖာ္ျပ ထားခဲ့တာပါ။“အားလုံးရဲ႕ support ေတြနဲ႔ ဆုေတာင္းေမတၱာေတြေၾကာင့္ Junior Creative ရဲ႕ America’s Got Talent the Champions Season 2 ခရီးစဥ္ႀကီးက ကြာတားဖိုင္နယ္မွာ တင္ပဲ အဆင္ေျပေျပနဲ႔ ၿပီးဆုံးခဲ့ပါၿပီ။ ဘာပဲျဖစ္ျဖစ္ Judge ေတြ၊ အထူးသျဖင့္ Simon ဆီ က comment ေကာင္းၾကားခဲ့ရလို႔ေက်နပ္စရာ result တစ္ခုရခဲ့သလို support ေပးတဲ့ artist ေတြကအစ ပရိသတ္တေယာက္ခ်င္းစီတိုင္းကိုအဆုံး ရင္ထဲကေန လႈိက္လႈိက္လွဲလွဲေက်းဇူးတင္ပါေၾကာင္း၊ ျမန္မာကို Got Talent ေျမပုံေပၚတင္ခဲ့ႏိုင္ၿပီျဖစ္ပါေၾကာင္း အသိေပးရင္း ဂုဏ္ယူမိပါတယ္”
ဒီဗြီဘီ



Unicode





America’s Got Talent ရဲ့စင်မြင့်ထက်မှာ အစွမ်းပြခဲ့ကြတဲ့ မြန်မာကိုယ်စားပြု Junior Creative အဖွဲ့


ထူးခြားတဲ့ Shadow Dance နဲ့ ဖန်တီးမှုကောင်းကောင်း အဖွဲ့လိုက်သရုပ်ဖော်တင် ဆက်ခဲ့ကြတဲ့ Junior Creative အဖွဲ့ဟာ America’s Got Talent မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။



America’s Got Talent က ပြုလုပ်တဲ့ The Champions Season 2 မှာ သူတို့အဖွဲ့ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံခဲ့ရတာဖြစ်ပြီး ဒါဟာ တခြား Talent တွေမှာ အနိုင်ရခဲ့သူတွေ Finalist တွေ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ပွဲတခု ဖြစ်ပါတယ်။



Junior Creative အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ Myanmar’s Got Talent 2018 ရဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာ သက်ငယ်မုဒိမ်းမှုပပျောက်ရေး (Stop Child Sexual Abuse) အတွက် Shadow Dance နဲ့ ဖန်တီးမှုကောင်းကောင်းနဲ့ အဖွဲ့လိုက်သရုပ်ဖော်တင်ဆက်ခဲ့ကြပြီး Winner ဆုကို ရရှိထားခဲ့တာပါ။


ဒီပြိုင်ပွဲမှာ ဒါရိုက်တာ မောင်သီ၊ ဝါရင့်အမျိုးသမီးသရုပ်ဆောင် မို့မို့မြင့်အောင်၊ သရုပ်ဆောင် အဆိုတော်တဦးဖြစ်တဲ့ ချစ်သုဝေတို့နဲ့အတူ အစီအစဉ်တင်ဆက်သူတဦးဖြစ်တဲ့ မောင်မောင်အေး တို့က ဒိုင်တွေအဖြစ် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။



ခုတဖန် The Champions Season 2 မှာတော့ သူတို့အဖွဲ့က ငြိမ်းငြိမ်းချမ်းချမ်း နေနေရတဲ့ မိသားစုလေးတစုက ပဋိပက္ခတွေ၊ စစ်ပွဲတွေကြောင့် သားသမီးတွေ မိဘတွေနဲ့ ကွဲကွာခဲ့ရ၊ မောင်နှမသားချင်းတွေ ဝေးကွာခဲ့ရပြီး ကြီးပြင်းလာတဲ့အခါ သူမခံစားခဲ့ရသလို ကြုံတွေ့နေတဲ့ တခြားသူတွေအပေါ် စာနာနားလည်ပြီး အပြန်အလှန် ကူညီရိုင်းပင်းနေတဲ့ ကောင်မလေး တယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ပုံဖော်ကပြခဲ့ကြတာ ဖြစ်ပါတယ်။





Junior Creative အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ ခုလိုရေးသားဖော်ပြ ထားခဲ့တာပါ။“အားလုံးရဲ့ support တွေနဲ့ ဆုတောင်းမေတ္တာတွေကြောင့် Junior Creative ရဲ့ America’s Got Talent the Champions Season 2 ခရီးစဉ်ကြီးက ကွာတားဖိုင်နယ်မှာ တင်ပဲ အဆင်ပြေပြေနဲ့ ပြီးဆုံးခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် Judge တွေ၊ အထူးသဖြင့် Simon ဆီ က comment ကောင်းကြားခဲ့ရလို့ကျေနပ်စရာ result တစ်ခုရခဲ့သလို support ပေးတဲ့ artist တွေကအစ ပရိသတ်တယောက်ချင်းစီတိုင်းကိုအဆုံး ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါကြောင်း၊ မြန်မာကို Got Talent မြေပုံပေါ်တင်ခဲ့နိုင်ပြီဖြစ်ပါကြောင်း အသိပေးရင်း ဂုဏ်ယူမိပါတယ်”



ဒီဗွီဘီ