ဇန်နဝါရီ ၉
ဝေဝေဖြိုး








------------------------------------------------------------------------

(Zawgyi)


ဇန်နဝါရီ ၉
ဝေဝေဖြိုး








Unicode

၃ လအတွင်း စလစ်ပြန်ထုတ်ပေးထားသည့် ဖောက်စွပ်ယာဉ် အစီးရေ ၅၀၀ ကျော်ရှိ

ဇန်နဝါရီ ၉
ဝေဝေဖြိုး

၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ- ၁၈(င) အရ အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော Body Coach (ဖောက်စွပ်/ဖြတ်ဆက်)ပါရှိသည့် မော်တော် ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအပ် အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ"ဃ" (စလစ်) ပြန်လည်ထုတ်ပေးထားသည့် အစီးရေ ၃ လအတွင်း ၅၀၀ ကျော်ရှိပြီဖြစ် ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

"ဒီဖောက်စွပ်စာရင်းတွေက အရင်သိမ်းထားတဲ့ဟာတွေရော အခုသိမ်းထားတဲ့ဟာ တွေရော ပါဝင်ပါတယ်။ ဖောက်စွပ်ယာဉ်တွေက မော်တော်ယာဉ်ဥပဒေအရဆိုရင် ခွင့်ပြုချက်ရတာလည်း မဟုတ်ဘူး။ ကြိုတင်ခွင့်ပြုချက် ယူတာလည်းမဟုတ်ဘူး။ အစိတ်အပိုင်းမမှန်မကန် ပြောင်းတာဖြစ်တယ်။ မှတ်ပုံတင်မယ့်ယာဉ်တစ်စီးကို ဒီ လိုမျိုးအစားထိုးပြီးတော့ လုပ်တာဖြစ်တဲ့အတွက်ကြောင့် မော်တော်ယာဉ်ဥပဒေအရ ဒါမှတ်ပုံတင်ဖျက်ကိုဖျက်သိမ်းရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်နိုင်ငံတော်က ပြည်သူရဲ့ နစ်နာချက်တွေကို စာနာထောက်ထားပြီးတော့ အခုလို ဖြေလျှော့ထားခြင်း ဖြစ်ပါ တယ်"ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။

အဆိုပါ ဖောက်စွတ်ယာဉ်များကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ စတင်၍ယာဉ်အိုယာဉ်ဟောင်းအပ် အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ"ဃ"(စလစ်) ပြန်လည် ထုတ်ပေးလျက်ရှိရာ ဒီဇင်ဘာလကုန်အထိ စလစ်ထုတ်ပေးထားသည့် ယာဉ်စီးရေ ၅၀၁ စီးရှိသည်ဟုဆိုသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မော်တော်ယာဉ် မှတ်ပုံတင် ဖျက်သိမ်းမိန့်ထုတ်ပြန်ပြီး ယာဉ်ပိုင်ရှင်များက လာရောက်အပ်နှံခြင်း မရှိသေးသည့် ယာဉ်ပိုင်ရှင် လက်ဝယ်ရှိယာဉ်များ၊ မှတ်ပုံတင်ဖျက်သိမ်းပြီး ရဲစခန်းများနှင့် ကုန်လမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့တွင် ထိန်းသိမ်းထားသည့်ယာဉ်များနှင့် အသစ် ထပ်မံတွေ့ရှိသည့်ယာဉ်များကို စလစ်ထုတ်ပေးထားခြင်းဖြစ်သည်။

မမှန်မကန်ပြောင်းလဲထားသော Body Coach(ဖောက်စွပ်/ဖြတ်ဆက်)ပါရှိသည့် မော် တော်ယာဉ်များကို ဥပဒေနှင့်အညီ မှတ်ပုံတင်ဖျက်သိမ်းပြီး ရဲစခန်းများသို့ အပ်နှံစေ ခြင်း၊ မှတ်ပုံတင်မဲ့ယာဉ်တစ်စီး(သို့မဟုတ်) တစ်စိတ်တစ်ပိုင်းကိုအသုံးပြု၍ ဖောက် စွပ်/ ဖြတ်ဆက် ပြုလုပ်ထားခြင်းကြောင့် ဥပဒေနှင့်မညီညွှတ်ဟုဆိုကာ တားဆီးထိန်း သိမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင် ပြည်သူများ ၏နစ်နာချက်များကို စာနာထောက်ထားသည့်အတွက် ဖြေလျော့ပေးခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

ယခင်က မှတ်ပုံတင်ဖျက်သိမ်းဆောင်ရွက်ခဲ့သော ယာဉ်ပိုင်ရှင်ပြည်သူများ၏ ဆုံးရှုံး နစ်နာမှုများအတွက် အထိုက်အလျောက် သက်သာခွင့်ရရှိစေရေး၊ ယာဉ်သိမ်းဆည်း ခံရသော ပြည်သူအများစုက အစားထိုးယာဉ်တင်သွင်းခွင့် ပုံစံ"ဃ"(စလစ်) ရယူလို သည့်ဆန္ဒကို ဖြည့်ဆည်းနိုင်ရေး၊ အစိတ်အပိုင်းမမှန်မကန် ပြောင်းလဲထားသော ယာဉ်များအားလုံး အပြီးတိုင်ဖျက်သိမ်းနိုင်ရေးတို့ကိုရည်ရွယ်၍ ဌာနအနေဖြင့် ဖြေလျော့ဆာင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာတစ်ပြည်လုံးတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်အစီးရေ ၁၁ သိန်းခန့်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးတွင် အစီးရေ ၅၄၀၀၀၀ ကျော်ရှိ ကြောင်း သိရသည်။