ဇန္နဝါရီ ၁၀
ေထြးကိုထြန္း

သက္ေသအေထာက္အထားမ်ားအရ တီဟီရန္ေလဆိပ္တြင္ ယူကရိန္းေလယာဥ္ ပ်က္က်ခဲ့ျခင္းမွာ အီရန္၏ေ လေၾကာင္းရန္ကာကြယ္ေရးေျမျပင္မွ ေဝဟင္ပစ္ဒုံးပ်ံ တစ္စင္းျဖင့္ ပစ္ခ်ခံရျခင္းျဖစ္နိုင္ေၾကာင္းႏွင့္ ျပည့္စုံေသာစုံစမ္းစစ္ေဆးမွုတစ္ရပ္ ျပဳလုပ္ေပးရန္ ကေနဒါႏွင့္ၿဗိတိန္နိုင္ငံေခါင္းေဆာင္မ်ားက ေတာင္းဆိုခဲ့ၾကသည္။

ေလယာဥ္ပ်က္က်မွုက အီရန္က အီရတ္ရွိအေမရိကန္ေလတပ္ အေျခစိုက္စခန္း မ်ားအား ဒုံးက်ည္မ်ားျဖင့္တိုက္ခိုက္အၿပီး နာရီအနည္းငယ္အၾကာတြင္ ျဖစ္ပြားခဲ့ ျခင္းျဖစ္သည္။

အီရန္တြင္႐ုရွားနိုင္ငံလုပ္ Tor ေလေၾကာင္းရန္ကာကြယ္ေရးဒုံးက်ည္မ်ား ရွိေၾကာင္း သိရၿပီး အေမရိကန္ သတင္းဌာနမ်ားက အီရန္အေနျဖင့္ အေမရိကန္ေလတပ္စခန္း မ်ားအားတိုက္ခိုက္အၿပီး အေမရိကန္က တုံ႔ျပန္တိုက္ခိုက္မွုမ်ားအတြက္ ႀကိဳတင္ျပင္ ဆင္ေနစဥ္ ယူကရိန္းေလယာဥ္အား မွားယြင္းပစ္ခ်မွုျဖစ္နိုင္ေၾကာင္း မွန္းဆေျပာ ၾကားခဲ့ၾကသည္။

အေမရိကန္ေထာက္လွမ္းေရး သတင္းအရင္းအျမစ္မ်ားအရ ၿဂိဳဟ္တုေထာက္လွမ္း ခ်က္တစ္ရပ္တြင္ ဒုံးပ်ံႏွစ္စင္းပစ္လႊတ္မွုမွထြက္လာေသာ အနီေအာက္ေရာင္ျခည္ အ လင္းတန္းမ်ားကိုေတြ႕ရၿပီး အျခားေပါက္ကြဲမွု အလင္းတန္းတစ္ခု ဆက္လက္ျဖစ္ပြား ခဲ့ေၾကာင္း ပင္တဂြန္ႏွင့္အဆင့္ျမင့္အေမရိကန္ေထာက္လွမ္းေရးအရာရွိမ်ားအျပင္ အီရတ္ ေထာက္လွမ္းေရးအရာရွိတစ္ဦးကပါ ယူကရိန္းေလေၾကာင္းမွ ပ်ံသန္းမွုခရီး စဥ္အမွတ္ PS752 ေလယာဥ္သည္ Tor ဒုံးက်ည္ျဖင့္ပစ္ခ်ခံခဲ့ရသည္ဟု ယုံၾကည္ ေၾကာင္းေျပာၾကားခဲ့ၾကသည္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၎အေနႏွင့္ ေလယာဥ္ပ်က္က်မွုအေပၚ သံ သယရွိမိေၾကာင္း ဇန္နဝါရီလ ၉ ရက္ကေျပာခဲ့သည္။

ကေနဒါဝန္ႀကီးခ်ဳပ္ထ႐ူးေဒါကလည္း ေထာက္လွမ္းေရးသတင္းမ်ားအရ ေလယာဥ္ အား အီရန္၏ ေျမျပင္မွေဝဟင္ပစ္ ဒုံးပ်ံျဖင့္ ပစ္ခ်ခံခဲ့ရသည္ဟုဆိုေၾကာင္း၊ သို့ေသာ္ ၎ကတမင္သက္သက္မဟုတ္ဘဲမွားယြင္းပစ္ခ်ျခင္းျဖစ္နိုင္ေၾကာင္း ေျပာခဲ့သည္။

၎ကျဖစ္ရပ္အတြက္ အတိအက် ေကာက္ခ်က္တစ္စုံတစ္ရာခ် ေျပာၾကားရန္မူေစာ ေသးေၾကာင္းႏွင့္ အေထာက္အထားမ်ားအား အေသးစိတ္ေျပာရန္လည္းျငင္းခဲ့ သည္။

ေလယာဥ္ေပၚတြင္ခရီးသည္ ၁၆၇ ဦးလိုက္ပါလာသည့္အနက္ ကေနဒါနိုင္ငံသား ၆၃ ဦးပါၿပီး အီရန္ၿမိဳ့ျပေလေၾကာင္းပ်ံသန္းေရးအဖြဲ႕ အႀကီးအကဲအလီအဘက္ဇာဒက္ ကမူ ေလယာဥ္သည္ေလဆိပ္နယ္ေျမမွ အေနာက္ဘက္သို့ ဦးတည္ပ်ံသန္းခဲ့ ေၾကာင္း၊ ထို့ေနာက္ျပႆနာတစ္စုံတစ္ခုၾကဳံရ ပုံရွိကာညာဘက္သို့ ေကြ႕လ်က္ ေလဆိပ္သို့ျပန္လွည့္လာကာထိုအခ်ိန္တြင္ ပ်က္က်ခဲ့ျခင္းျဖစ္ေၾကာင္း၊ ေျမျပင္မွပစ္ ခ်ခံရျခင္းဟုစြပ္စြဲခ်က္မ်ားမွာ ယုတၱိမတန္ေၾကာင္း ေျပာခဲ့သည္။

ထို့ျပင္၎က ေလယာဥ္ မွမီးေလာင္ကၽြမ္းမွုမ်ားကို မ်က္ျမင္ေတြ႕ရွိသူမ်ားျမင္ၾကရ ေၾကာင္း၊ ေလယာဥ္မွူးမ်ားကေလဆိပ္သို့ တစ္စုံတစ္ရာဆက္သြယ္ေျပာၾကားမွု မရွိခဲ့ေၾကာင္းလည္းေျပာခဲ့သည္။

အီရန္အစိုးရေျပာေရးဆိုခြင့္ရွိသူအလီရာေဘးကလည္းထိုေျပာဆိုစြပ္စြဲခ်က္မ်ားမွာစိတ္ဓာတ္စစ္ဆင္ေရး ျပဳလုပ္ျခင္းသာျဖစ္ေၾကာင္းေျပာခဲ့သည္။

၎က'ပ်က္က်ေလယာဥ္ေပၚမွာပါတဲ့ခရီးသည္ မ်ားရဲ့နိုင္ငံတိုင္းက ကိုယ္စားလွယ္ မ်ားေစလႊတ္နိုင္ၿပီး ဘိုးရင္းကုမၸဏီအေနနဲ႔လည္း ေလယာဥ္ ရဲ့ black box ကိုစုံစမ္း စစ္ေဆးရာမွာပါဝင္ဖို့ ကိုယ္စားလွယ္လႊတ္ေပးဖို့တိုက္တြန္းပါတယ္' ဟုထပ္ေလာင္း ေျပာၾကားခဲ့သည္။

Ref – BBC
Photo - BBC



Unicode




ယူကရိန်းလေယာဉ်ပျက်ကျမှုအား မြေပြင်မှ ပစ်ချခံရခြင်းဟုအငြင်းပွားမှုများဖြစ်

ဇန်နဝါရီ ၁၀
ထွေးကိုထွန်း

သက်သေအထောက်အထားများအရ တီဟီရန်လေဆိပ်တွင် ယူကရိန်းလေယာဉ် ပျက်ကျခဲ့ခြင်းမှာ အီရန်၏ေ လကြောင်းရန်ကာကွယ်ရေးမြေပြင်မှ ဝေဟင်ပစ်ဒုံးပျံ တစ်စင်းဖြင့် ပစ်ချခံရခြင်းဖြစ်နိုင်ကြောင်းနှင့် ပြည့်စုံသောစုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ပေးရန် ကနေဒါနှင့်ဗြိတိန်နိုင်ငံခေါင်းဆောင်များက တောင်းဆိုခဲ့ကြသည်။

လေယာဉ်ပျက်ကျမှုက အီရန်က အီရတ်ရှိအမေရိကန်လေတပ် အခြေစိုက်စခန်း များအား ဒုံးကျည်များဖြင့်တိုက်ခိုက်အပြီး နာရီအနည်းငယ်အကြာတွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

အီရန်တွင်ရုရှားနိုင်ငံလုပ် Tor လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ ရှိကြောင်း သိရပြီး အမေရိကန် သတင်းဌာနများက အီရန်အနေဖြင့် အမေရိကန်လေတပ်စခန်း များအားတိုက်ခိုက်အပြီး အမေရိကန်က တုံ့ပြန်တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင် ဆင်နေစဉ် ယူကရိန်းလေယာဉ်အား မှားယွင်းပစ်ချမှုဖြစ်နိုင်ကြောင်း မှန်းဆပြော ကြားခဲ့ကြသည်။

အမေရိကန်ထောက်လှမ်းရေး သတင်းအရင်းအမြစ်များအရ ဂြိုဟ်တုထောက်လှမ်း ချက်တစ်ရပ်တွင် ဒုံးပျံနှစ်စင်းပစ်လွှတ်မှုမှထွက်လာသော အနီအောက်ရောင်ခြည် အ လင်းတန်းများကိုတွေ့ရပြီး အခြားပေါက်ကွဲမှု အလင်းတန်းတစ်ခု ဆက်လက်ဖြစ်ပွား ခဲ့ကြောင်း ပင်တဂွန်နှင့်အဆင့်မြင့်အမေရိကန်ထောက်လှမ်းရေးအရာရှိများအပြင် အီရတ် ထောက်လှမ်းရေးအရာရှိတစ်ဦးကပါ ယူကရိန်းလေကြောင်းမှ ပျံသန်းမှုခရီး စဉ်အမှတ် PS752 လေယာဉ်သည် Tor ဒုံးကျည်ဖြင့်ပစ်ချခံခဲ့ရသည်ဟု ယုံကြည် ကြောင်းပြောကြားခဲ့ကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေနှင့် လေယာဉ်ပျက်ကျမှုအပေါ် သံ သယရှိမိကြောင်း ဇန်နဝါရီလ ၉ ရက်ကပြောခဲ့သည်။

ကနေဒါဝန်ကြီးချုပ်ထရူးဒေါကလည်း ထောက်လှမ်းရေးသတင်းများအရ လေယာဉ် အား အီရန်၏ မြေပြင်မှဝေဟင်ပစ် ဒုံးပျံဖြင့် ပစ်ချခံခဲ့ရသည်ဟုဆိုကြောင်း၊ သို့သော် ၎င်းကတမင်သက်သက်မဟုတ်ဘဲမှားယွင်းပစ်ချခြင်းဖြစ်နိုင်ကြောင်း ပြောခဲ့သည်။

၎င်းကဖြစ်ရပ်အတွက် အတိအကျ ကောက်ချက်တစ်စုံတစ်ရာချ ပြောကြားရန်မူစော သေးကြောင်းနှင့် အထောက်အထားများအား အသေးစိတ်ပြောရန်လည်းငြင်းခဲ့ သည်။

လေယာဉ်ပေါ်တွင်ခရီးသည် ၁၆၇ ဦးလိုက်ပါလာသည့်အနက် ကနေဒါနိုင်ငံသား ၆၃ ဦးပါပြီး အီရန်မြို့ပြလေကြောင်းပျံသန်းရေးအဖွဲ့ အကြီးအကဲအလီအဘက်ဇာဒက် ကမူ လေယာဉ်သည်လေဆိပ်နယ်မြေမှ အနောက်ဘက်သို့ ဦးတည်ပျံသန်းခဲ့ ကြောင်း၊ ထို့နောက်ပြဿနာတစ်စုံတစ်ခုကြုံရ ပုံရှိကာညာဘက်သို့ ကွေ့လျက် လေဆိပ်သို့ပြန်လှည့်လာကာထိုအချိန်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ မြေပြင်မှပစ် ချခံရခြင်းဟုစွပ်စွဲချက်များမှာ ယုတ္တိမတန်ကြောင်း ပြောခဲ့သည်။

ထို့ပြင်၎င်းက လေယာဉ် မှမီးလောင်ကျွမ်းမှုများကို မျက်မြင်တွေ့ရှိသူများမြင်ကြရ ကြောင်း၊ လေယာဉ်မှူးများကလေဆိပ်သို့ တစ်စုံတစ်ရာဆက်သွယ်ပြောကြားမှု မရှိခဲ့ကြောင်းလည်းပြောခဲ့သည်။

အီရန်အစိုးရပြောရေးဆိုခွင့်ရှိသူအလီရာဘေးကလည်းထိုပြောဆိုစွပ်စွဲချက်များမှာစိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခြင်းသာဖြစ်ကြောင်းပြောခဲ့သည်။

၎င်းက'ပျက်ကျလေယာဉ်ပေါ်မှာပါတဲ့ခရီးသည် များရဲ့နိုင်ငံတိုင်းက ကိုယ်စားလှယ် များစေလွှတ်နိုင်ပြီး ဘိုးရင်းကုမ္ပဏီအနေနဲ့လည်း လေယာဉ် ရဲ့ black box ကိုစုံစမ်း စစ်ဆေးရာမှာပါဝင်ဖို့ ကိုယ်စားလှယ်လွှတ်ပေးဖို့တိုက်တွန်းပါတယ်' ဟုထပ်လောင်း ပြောကြားခဲ့သည်။