Zawgyiျဖင့္ဖတ္ရန္

မၾကာေသးမီလပိုင္းက အဝတ္မဲ့အလုပ္ေၾကာ္ျငာတစ္ခုနဲ႔ ပတ္သက္တဲ့ သတင္းကို အမွတ္ရၾကပါလိမ့္မယ္။ ျမန္မာပိုက္ဆံနဲ႔ဆိုရင္ တစ္နာရီကို ၁သိန္းေလာက္အထိ ရႏို္င္တဲ့ အလုပ္တစ္ခုျဖစ္ၿပီး၊ ဒီလုပ္ငန္းလုပ္သူေတြဟာ အေမရိကန္နဲ႔ ယူေကမွာ သီးျခားေခတ္စားလာတဲ့ လုပ္ငန္းတစ္ခု ျဖစ္ပါတယ္။

ဒီအဝတ္မဲ့သန႔္ရွင္းေရးဝန္ထမ္းေတြကို နစ္ကပ္ကလင္နာ လို႔ ေခၚၾကပါတယ္။ အိမ္ရဲ႕လုပ္ငန္းေတြျဖစ္တဲ့ ပန္းပင္ျပဳျပင္ျခင္း၊ ေရေလာင္ျခင္း၊ ဖုန္ရွင္းျခင္း၊ တံျမတ္လွည္းျခင္း၊ ၾကမ္းတိုက္ျခင္း စတာေတြကို အဝတ္မဲ့ခႏၶာကို္ယ္နဲ႔ ေဆာင္႐ြက္ရတာ ျဖစ္ပါတယ္။ အလုပ္လုပ္ခ်င္စိတ္သာ လိုအပ္ၿပီး၊ အသက္အ႐ြယ္မေ႐ြး ေလွ်ာက္ထားႏိုင္တယ္လို႔ ဆိုပါတယ္။

ဒီလုပ္ငန္းကို နာမည္ရ ေမာ္ဒယ္တစ္ေယာက္ျဖစ္တဲ့ Deni က လက္ခံခဲ့ပါတယ္။ ဒါေပမယ့္ သူမက သူမအေနနဲ႔ အဝတ္မဲ့ဝါဒီတစ္ေယာက္ မဟုတ္ေၾကာင္း၊ စြဲေဆာင္မႈတစ္ခုအေနနဲ႔ လုပ္ေဆာင္ျခင္းသာ ျဖစ္ေၾကာင္း ၀န္ခံခဲ့ပါတယ္။ သူမရဲ႕ အေတြ႕အႀကဳံကို ေအာက္ပါအတိုင္း မွ်ေဝခဲ့ပါတယ္။

Deni ကို နစ္ကပ္ကလင္နာ လုပ္ငန္းရွင္ Laura က လုပ္ငန္းလက္ခံဖို႔ ဖိတ္ၾကားခဲ့ၿပီး၊ David အမည္ရ အမ်ိဳးသားအိမ္မွာ နာရီပိုင္းေဝယ်ာဝစၥလုပ္ရမွာျဖစ္ေၾကာင္း၊ သူမအေနနဲ႔ အခြင့္ေရးတစ္ခုအတြင္းကို ခုန္ဆင္းခဲ့ျခင္းသာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ David ရဲ႕ အိမ္ကို ေရာက္ေတာ့ အေတြ႕အႀကဳံလုံးဝမရွိတဲ့အတြက္ စႏိုးစေနာင့္ ျဖစ္မိတယ္လို႔လည္း ၀န္ခံခဲ့ပါတယ္။

ဒါေပမယ့္ အိမ္ရွင္ David က တစ္နာရီေလာက္ အျပင္ကို ေရွာင္ေပးေၾကာင္း၊ စည္းကမ္းအရေတာ့ လုပ္ငန္းအပ္ႏွံသူဟာ အိမ္မွာ ေနလိုက ေနႏိုင္ေၾကာင္း၊ သူမအေနနဲ႔ လုပ္ငန္းကို ေနာက္ပိုင္းမွာ စိတ္ပါ၀င္စားစြာ လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း Deni က ဖြင့္ဟခဲ့ပါတယ္။ အဝတ္မဲ့အလုပ္ေတြ လုပ္ေဆာင္ရတာျဖစ္လို႔ ဗာဟီရသိပ္မမ်ားေၾကာင္း ပိုၿပီး လြတ္လြတ္လပ္လပ္ ရွိေၾကာင္း သူမက ဆိုပါတယ္။

လက္ရွိ လုပ္အားခ ႏႈန္းထားမ်ားအရ နစ္ကပ္ကလင္နာ လုပ္ငန္း လုပ္ကိုင္သူေတြဟာ ျမန္မာပိုက္ဆံနဲ႔ဆိုရင္ တစ္နာရီကို ၁သိန္းေလာက္အထိ ရရွိၿပီး ၎ရရွိေငြထဲကေန လုပ္ငန္းစပ္ေပးသည့္ ကုမၼဏီက ေပါင္ 20 ၀န္ေဆာင္ခအျဖစ္ ယူငင္ေၾကာင္း သိရပါတယ္။ နစ္ကပ္ကလင္နာ ကုမၼဏီဟာ အဝတ္ျဖင့္ လုပ္ရသည့္ သာမန္သန႔္ရွင္းေရးလုပ္ငန္းမ်ားလည္း ဆက္သြယ္ေပးၿပီး၊ လုပ္အားခမွာေတာ့ ထက္ဝက္ေက်ာ္ နည္းပါးေၾကာင္း သိရပါတယ္။
\

Unicode ဖြင့်ဖတ်ရန်

မကြာသေးမီလပိုင်းက အဝတ်မဲ့အလုပ်ကြော်ငြာတစ်ခုနဲ့ ပတ်သက်တဲ့ သတင်းကို အမှတ်ရကြပါလိမ့်မယ်။ မြန်မာပိုက်ဆံနဲ့ဆိုရင် တစ်နာရီကို ၁သိန်းလောက်အထိ ရနိုင်တဲ့ အလုပ်တစ်ခုဖြစ်ပြီး၊ ဒီလုပ်ငန်းလုပ်သူတွေဟာ အမေရိကန်နဲ့ ယူကေမှာ သီးခြားခေတ်စားလာတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

ဒီအဝတ်မဲ့သန့်ရှင်းရေးဝန်ထမ်းတွေကို နစ်ကပ်ကလင်နာ လို့ ခေါ်ကြပါတယ်။ အိမ်ရဲ့လုပ်ငန်းတွေဖြစ်တဲ့ ပန်းပင်ပြုပြင်ခြင်း၊ ရေလောင်ခြင်း၊ ဖုန်ရှင်းခြင်း၊ တံမြတ်လှည်းခြင်း၊ ကြမ်းတိုက်ခြင်း စတာတွေကို အဝတ်မဲ့ခန္ဓာကိုယ်နဲ့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အလုပ်လုပ်ချင်စိတ်သာ လိုအပ်ပြီး၊ အသက်အရွယ်မရွေး လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒီလုပ်ငန်းကို နာမည်ရ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Deni က လက်ခံခဲ့ပါတယ်။ ဒါပေမယ့် သူမက သူမအနေနဲ့ အဝတ်မဲ့ဝါဒီတစ်ယောက် မဟုတ်ကြောင်း၊ စွဲဆောင်မှုတစ်ခုအနေနဲ့ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူမရဲ့ အတွေ့အကြုံကို အောက်ပါအတိုင်း မျှဝေခဲ့ပါတယ်။

Deni ကို နစ်ကပ်ကလင်နာ လုပ်ငန်းရှင် Laura က လုပ်ငန်းလက်ခံဖို့ ဖိတ်ကြားခဲ့ပြီး၊ David အမည်ရ အမျိုးသားအိမ်မှာ နာရီပိုင်းဝေယျာဝစ္စလုပ်ရမှာဖြစ်ကြောင်း၊ သူမအနေနဲ့ အခွင့်ရေးတစ်ခုအတွင်းကို ခုန်ဆင်းခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ David ရဲ့ အိမ်ကို ရောက်တော့ အတွေ့အကြုံလုံးဝမရှိတဲ့အတွက် စနိုးစနောင့် ဖြစ်မိတယ်လို့လည်း ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့် အိမ်ရှင် David က တစ်နာရီလောက် အပြင်ကို ရှောင်ပေးကြောင်း၊ စည်းကမ်းအရတော့ လုပ်ငန်းအပ်နှံသူဟာ အိမ်မှာ နေလိုက နေနိုင်ကြောင်း၊ သူမအနေနဲ့ လုပ်ငန်းကို နောက်ပိုင်းမှာ စိတ်ပါဝင်စားစွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း Deni က ဖွင့်ဟခဲ့ပါတယ်။ အဝတ်မဲ့အလုပ်တွေ လုပ်ဆောင်ရတာဖြစ်လို့ ဗာဟီရသိပ်မများကြောင်း ပိုပြီး လွတ်လွတ်လပ်လပ် ရှိကြောင်း သူမက ဆိုပါတယ်။

လက်ရှိ လုပ်အားခ နှုန်းထားများအရ နစ်ကပ်ကလင်နာ လုပ်ငန်း လုပ်ကိုင်သူတွေဟာ မြန်မာပိုက်ဆံနဲ့ဆိုရင် တစ်နာရီကို ၁သိန်းလောက်အထိ ရရှိပြီး ၎င်းရရှိငွေထဲကနေ လုပ်ငန်းစပ်ပေးသည့် ကုမ္မဏီက ပေါင် 20 ဝန်ဆောင်ခအဖြစ် ယူငင်ကြောင်း သိရပါတယ်။ နစ်ကပ်ကလင်နာ ကုမ္မဏီဟာ အဝတ်ဖြင့် လုပ်ရသည့် သာမန်သန့်ရှင်းရေးလုပ်ငန်းများလည်း ဆက်သွယ်ပေးပြီး၊ လုပ်အားခမှာတော့ ထက်ဝက်ကျော် နည်းပါးကြောင်း သိရပါတယ်။

Credit: XYZ NEWS