Zawgyiဖြင့်ဖတ်ရန်
-သင့်ရေချိုးဆပ်ပြာထဲကို လက်ဖက်စိမ်းဆီ ၅စက်ထည့်ပြီး ရေချိုးပါ။
Unicode ဖြင့်ဖတ်ရန်
ပုခုံးနဲ့နောက်ကျောပေါ်တွင်ပေါက်သော ဝက်ခြံများ
-ကျောဘက်တွင်ထွက်သောဝက်ခြံများသည် ကျောပိုးအိတ်လွယ်ခြင်း သို့မဟုတ် အလွန်ကျပ်သောအဝတ်များဝတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ သင့်မှာ အနီရောင်ဝက်ခြံဖုငယ်များဖြစ်ပေါ်ပါက ဆပ်ပြာမှုန့် သို့မဟုတ် မီးဖိုချောင်ဓာတုပစည်းတစ်ခုခုနဲ့ မတည့်တာဖြစ်နိုင်ပါတယ်။ အဆီကြော်များစားခြင်းကြောင့်လဲ ဝက်ခြံဖြစ်ပေါ်စေပါတယ်.
-ကျောဝက်ခြံအတွက် ဆားပါသောရေဖြင့်ရေချိူးခြင်းကို တစ်ပတ်တစ်ခါပြုလုပ်နိုင်ပါတယ်။ထို့ပြင် ပန်းသီးဗီနီကာ နဲ့ ရေဆတူရောပြီး သန့်စင်ပေးနိုင်ပါတယ်။
ရင်ဘတ်တွင်ပေါက်သော ဝက်ခြံ
-ရေချိူးဆပ်ပြာ သို့မဟုတ် ဆပ်ပြာမှုန့်နဲ့ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ထို့ပြင် ပင်လယ်စာများနဲ့ အပူအစပ်များစားခြင်းကိုလဲ လျှော့သင့်ပါတယ်။
-မုန့်ဖုတ်ဆိုဒါအနည်းငယ်ကိုရေဖြင့်ရောပြီး ဝက်ခြံပေါ်သို့ နှိပ်နယ်ပေးပါ။
ရေနွေးနွေးဖြင့် ပြန်လည်ဆေးကြောပါ။
လည်ပင်းပေါ်တွင်ပေါက်သောဝက်ခြံများ
-ကော်လံအကြပ်များကို အဝတ်များသောကြောင့် ဖြစ်တတ်ပါတယ်။ ခေါင်းလျှော်ရည် သို့ခေါင်းလိမ်းဆီများနဲ့ ဓာတ်မတည့်သောအခါလည်း ဖြစ်ပေါ်တတ်ပါတယ်။ အချိူကြိုက်သူများတွင်လဲ ဖြစ်ပေါ်တတ်ပါတယ်။
-သံပုရာသီးကိုအရည်ညှစ်ပါ။ ဂွမ်းကိုသုံးပြီး ထိုအရည်ဖြင့်
သင့် လည်ပင်းကို သုတ်ပေးပါ။ ၁၀မိနစ်ထားပြီးမှ ရေနွေးဖြင့်ပြန်ဆေးပါ။
လက်မောင်းပေါ်တွင်ပေါက်သော ဝက်ခြံများ
-အစာအိမ်ရောဂါကြောင့် ဖြစ်တတ်သလို ဆပ်ပြာမှုန့်ဓာတ်မတည့်ခြင်း နဲ့ ပိုးသတ်ဆေးများကြောင့်လဲ ဖြစ်တတ်ပါတယ်။ ရေကူးကန်၊ရေပူစမ်းနဲ့ gym သွားလေ့ရှိသူများလဲ တွေ့ရပါတယ်။
-သင့်ဝက်ခြံဟာ မှိုကြောင့်ဖြစ်ပွားခြင်းမဟုတ်ပါက အာလူးရည်ဖြင့် ကုသနိုင်ပါတယ်။ အာလူးကို တစ်ဝက်လှီးပါ။ထို့နောက် ဝက်ခြံပေါ်သို့ ပွတ်ပါ။တစ်နာရီကြာသောအခါရေပြန်ဆေးပါ။
ခြေထောက်ပေါ်မှ ဝက်ခြံများ
-တကိုယ်ရည်သန့်ရှင်းမှုမရှိခြင်းနဲ့ ကျပ်သောဘောင်းဘီများကြောင့်ဖြစ်ပါတယ်။
-သင့်ရေချိူးဆပ်ပြာထဲကို လက်ဖက်စိမ်းဆီ ၅စက်ထည့်ပြီး ရေချိူးပါ။
Writer – Dr Jue ( XYZ NEWS )
0 Comments