Zawgyiျဖင့္ဖတ္ရန္

တစ္ခါတစ္ေလ ကေခ်ာ္ကခြၽတ္ႏိုင္ၿပီးေတာ့ ေဘးမွာထားတဲ့ ေကာ္ဖီခြက္ေတြ အေအးဘူးေတြကိုတိုက္မိၿပီး လက္ေတာ့ေပၚဖိတ္က်သြားတာမ်ိဳးေတြရွိပါတယ္ ။ လက္ေတာ့ေပၚေရဖိတ္သြားခဲ့ရင္ ဆားကစ္ေတြ ထိသြားၿပီး လက္ေတာ့ပ်က္ဆီးသြားႏိုင္ပါတယ္။ ဒါေပမယ့္ အရမ္းႀကီးေတာ့ စိုးရိမ္ဖို႔မလိုပါဘူး ။အခုလိုအေျခအေနမ်ိဳးမွာ ဘယ္လိုေျဖရွင္းရမလဲဆိုတာကို ေျပာျပပါမယ္ ။

လက္ေတာ့ေပၚ ေရဖိတ္သြားခဲ့ရင္ လုပ္ေဆာင္ရမယ့္အဆင့္ေလးဆင့္ရွိပါတယ္ ။

၁ ။ ပထမဆုံးလုပ္ေဆာင္သင့္တာကေတာ့ လက္ေတာ့ကို ပိတ္လိုက္ဖို႔ပါပဲ ။တကယ္လို႔ လက္ေတာ့ကိုဖြင့္ထားမယ္ဆိုရင္ ေရွာ့ျဖစ္ၿပီးေတာ့ လက္ေတာ့ပ်က္ဆီးသြားႏိုင္ပါတယ္ ။လက္ေတာ့ကိုအျမန္ဆုံးပိတ္တဲ့နည္းလမ္းကေတာ့ ပါဝါခလုတ္ကို စကၠန႔္ပိုင္းေလာက္ဖိထားလိုက္႐ုံပါပဲ ။

မိတ္ေဆြ အခုလိုနည္းပညာေတြ တိုးတက္ေနတဲ့ေခတ္ႀကီးမွာ အရင္လို ၂လုံး၃လုံးထိုးေနတုန္းဘဲလား? အဆင္မေျပရင္ ဒီ app ေလးေျပာင္းသုံးၾကည့္ပါလား

၂ ။ လက္ေတာ့မွာပပ္ထားတဲ့ ႀကိဳးအားလုံးကိုျဖဳတ္ပါ ။ ကီးဘုတ္ ၊ ေမာက္စ္ ၊ ပါဝါႀကိဳးအားလုံးကို ဆြဲျဖဳတ္ပါ ။

၃ ။ ၿပီးရင္ေတာ့ အဝတ္ေျခာက္တစ္ခုနဲ႔လက္ေတာ့ကို ေရစင္ေအာင္သုတ္ပါ ။အျပင္ပိုင္း ေရသုတ္ၿပီးတဲ့အခါ လက္ေတာ့ကို ၃၀ ဒီဂရီေစာင္းထားၿပီး ေထာင္ထားေပးပါ ။ အေျခာက္ခံထားတဲ့အခ်ိန္မွာလုံးဝမသုံးပါနဲ႔ ။

၄။ ေလးငါးရက္ေလာက္ၾကာတဲ့အခါမွာေတာ့ ေရေတြအားလုံးေျခာက္ေသြ႕သြားၿပီျဖစ္တဲ့အတြက္ ႀကိဳးအားလုံးျပန္တပ္ၿပီးေတာ့ လက္ေတာ့ကိုဖြင့္လို႔ရပါၿပီ ။ တစ္ရက္ေလာက္ အေျခာက္ခံထားရင္လည္း ေရေတြေျခာက္သြားႏိုင္ေလာက္ေပမယ့္ ဆားကစ္ဘုတ္ေတြ စိုထိုင္းေနေသးတာေၾကာင့္ ေရွာ့ျဖစ္ႏိုင္ေခ်ရွိပါေသးတယ္ ။

Unicode ဖြင့်ဖတ်ရန်

တစ်ခါတစ်လေ ကချော်ကချွတ်နိုင်ပြီးတော့ ဘေးမှာထားတဲ့ ကော်ဖီခွက်တွေ အအေးဘူးတွေကိုတိုက်မိပြီး လက်တော့ပေါ်ဖိတ်ကျသွားတာမျိုးတွေရှိပါတယ် ။ လက်တော့ပေါ်ရေဖိတ်သွားခဲ့ရင် ဆားကစ်တွေ ထိသွားပြီး လက်တော့ပျက်ဆီးသွားနိုင်ပါတယ်။ ဒါပေမယ့် အရမ်းကြီးတော့ စိုးရိမ်ဖို့မလိုပါဘူး ။အခုလိုအခြေအနေမျိုးမှာ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပြောပြပါမယ် ။

လက်တော့ပေါ် ရေဖိတ်သွားခဲ့ရင် လုပ်ဆောင်ရမယ့်အဆင့်လေးဆင့်ရှိပါတယ် ။

၁ ။ ပထမဆုံးလုပ်ဆောင်သင့်တာကတော့ လက်တော့ကို ပိတ်လိုက်ဖို့ပါပဲ ။တကယ်လို့ လက်တော့ကိုဖွင့်ထားမယ်ဆိုရင် ရှော့ဖြစ်ပြီးတော့ လက်တော့ပျက်ဆီးသွားနိုင်ပါတယ် ။လက်တော့ကိုအမြန်ဆုံးပိတ်တဲ့နည်းလမ်းကတော့ ပါဝါခလုတ်ကို စက္ကန့်ပိုင်းလောက်ဖိထားလိုက်ရုံပါပဲ ။

မိတ်ဆွေ အခုလိုနည်းပညာတွေ တိုးတက်နေတဲ့ခေတ်ကြီးမှာ အရင်လို ၂လုံး၃လုံးထိုးနေတုန်းဘဲလား? အဆင်မပြေရင် ဒီ app လေးပြောင်းသုံးကြည့်ပါလား

၂ ။ လက်တော့မှာပပ်ထားတဲ့ ကြိုးအားလုံးကိုဖြုတ်ပါ ။ ကီးဘုတ် ၊ မောက်စ် ၊ ပါဝါကြိုးအားလုံးကို ဆွဲဖြုတ်ပါ ။

၃ ။ ပြီးရင်တော့ အဝတ်ခြောက်တစ်ခုနဲ့လက်တော့ကို ရေစင်အောင်သုတ်ပါ ။အပြင်ပိုင်း ရေသုတ်ပြီးတဲ့အခါ လက်တော့ကို ၃၀ ဒီဂရီစောင်းထားပြီး ထောင်ထားပေးပါ ။ အခြောက်ခံထားတဲ့အချိန်မှာလုံးဝမသုံးပါနဲ့ ။

၄။ လေးငါးရက်လောက်ကြာတဲ့အခါမှာတော့ ရေတွေအားလုံးခြောက်သွေ့သွားပြီဖြစ်တဲ့အတွက် ကြိုးအားလုံးပြန်တပ်ပြီးတော့ လက်တော့ကိုဖွင့်လို့ရပါပြီ ။ တစ်ရက်လောက် အခြောက်ခံထားရင်လည်း ရေတွေခြောက်သွားနိုင်လောက်ပေမယ့် ဆားကစ်ဘုတ်တွေ စိုထိုင်းနေသေးတာကြောင့် ရှော့ဖြစ်နိုင်ချေရှိပါသေးတယ် ။

Writer – Min Thu (XYZ News)