မႏၲေလး၊ဇန္နဝါရီ၁၅- ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလကစတင္ၿပီး ဒု႒ဝတီျမစ္ အတြင္းမွာ သဲထုတ္ယူေနမႈေတြ ျဖစ္ေပၚေနတာေၾကာင့္ အဲသည့္လုပ္ငန္းေတြက ိုသြားေရာက္စစ္ ေဆးၾကပ္မတ္မယ္လို႔ မႏၲေလး တိုင္းေဒသႀကီး ေရအရင္းအျမစ္ ႏွင့္ျမစ္ေခ်ာင္းမ်ားဖြံ့ၿဖိဳးတိုးတက္ေရးဦးစီးဌာနက သိရပါတယ္။
လက္ရွိကာလက ဒု႒ဝတီျမစ္အတြင္းမွာ သဲထုတ္ယူခြင့္ေပးမထားေပမဲ့ ေရနည္းကာလသဲေသာင္ခုံ ေတြေပၚထြန္းေနခ်ိန္ ျမစ္အတြင္း သဲေသာင္ခုံေတြကေန သဲထုတ္ယူ မႈေတြရွိေနတယ္လို႔သတင္းရထား တာေၾကာင ့္ တစ္ပတ္အတြင္းစစ္ ေဆးသြားမယ္လို႔ တိုင္းေဒသႀကီး ဦးစီးမႉးဦးေက်ာ္ျမင့္သန္းက ေျပာပါတယ္။
သူက “ဒီေနရာကေန သဲေတြ ထုတ္ေနတာေတြကိုေတာ့ ၾကားရတယ္၊သဲထုတ္တာက ဘယ္လို ခြင့္ျပဳခ်က္ပုံစံနဲ႔ထုတ္ေနတာ လဲ၊ ေဒသတြင္းသုံးစြဲဖို႔ထုတ္ေနတာ လား၊လုပ္ငန္းသုံးအတြက္ ထုတ္ေနတာလားဆိုတာေတြသြားစစ္ေဆးရမွာ၊ဒု႒ဝတီျမစ္မွာက သဲ ထုတ္ယူခြင့္လိုင္စင္ လုံးဝမေပးထားပါဘူး” လို႔ ေျပာပါတယ္။
ျမစ္အတြင္း သဲထုတ္ယူခြင့္လိုင္စင္ကို ဧရာဝတီျမစ္အတြင္းမွာသာ ခြင့္ျပဳေပးထားတာျဖစ္ၿပီး ဒု႒ဝတီျမစ္အတြင္းက လက္ရွိထုတ္ယူေနတာေတြကို သြားေရာက္စစ္ေဆးမွာျဖစ္ပါတယ္။
“ ေဒသတြင္းသုံးဖို႔ဆိုရင္လဲ ခဏပဲထုတ္ယူတာေပါ့၊ၿပီးေတာ့ ျမစ္ေရေၾကာင္းေျပာင္းလဲမႈရွိမရွိ ကမ္းပါးေတြထိခိုက္မႈအေျခအေနေတြအားလုံး သြားေရာက္စစ္ေဆး ၾကပ္မတ္သြားမယ္˘လို႔ အဆိုပါ ဌာနတိုင္းေဒသႀကီးဦးစီးမႉး ဦးေက်ာ္ျမင့္သန္းက ေျပာပါတယ္။
သဲထုတ္ယူတာကို ကမ္းနဲ႔နီးတဲ့ရြာေတြနားမွာ ထုတ္ယူေနတာေၾကာင့္ ျမစ္ေရေၾကာင္းေျပာင္းၿပီး ကမ္းပါးနဲ႔ရြာေတြကို ထိခိုက္မွာစိုးရိမ္ရတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။
“ အခုကကားေတြနဲ႔ကိုထုတ္ယူ ေနတာ၊ျမစ္နားမွာရြာေတြကကမ္း နဲ႔နီးေနတာ၊အခုလိုထုတ္လို႔ျမစ္ ေရေၾကာင္းေျပာင္းၿပီး ကမ္းေတြ ထိခိုက္မွာကိုစိုးရိမ္ရတယ္၊ဒီျမစ္က ေရစီးၾကမ္းတယ္၊ျမစ္ေရ ေၾကာင္းနည္းနည္းေျပာင္းတာနဲ႔ သိသာတယ္˘လို႔ ဒု႒ဝတီျမစ္ကမ္းေဘး ေညာင္ပင္ေစာက္ေက်းရြာ မွေဒသခံတစ္ဦးက ေျပာပါတယ္။
ဒု႒ဝတီျမစ္အတြင္း ျမစ္ကမ္းထိန္းသိမ္းရန္လိုအပ္တဲ့ေနရာေတြကို ၿပီးခဲ့တဲ့နိုဝင္ဘာလအတြင္း သြားေရာက္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး ျမစ္ကမ္းထိန္းသိမ္းရန္လိုအပ္ေနတဲ့ေက်းရြာ ေလးရြာခန႔္ရွိတယ္လို႔သိရပါတယ္။
Unicode
ဒုဋ္ဌဝတီမြစ်အတွင်းက သဲထုတ်ယူနေတာတွေကို သွားရောက် စစ်ဆေးမည်
ဒုဋ္ဌဝတီမြစ်အတွင်းက သဲထုတ်ယူနေတာတွေကို သွားရောက် စစ်ဆေးမည်
မန္တလေး၊ဇန်နဝါရီ၁၅- ၂၀၁၉ခုနှစ် ဒီဇင်ဘာလကစတင်ပြီး ဒုဋ္ဌဝတီမြစ် အတွင်းမှာ သဲထုတ်ယူနေမှုတွေ ဖြစ်ပေါ်နေတာကြောင့် အဲသည့်လုပ်ငန်းတွေက ိုသွားရောက်စစ် ဆေးကြပ်မတ်မယ်လို့ မန္တလေး တိုင်းဒေသကြီး ရေအရင်းအမြစ် နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရပါတယ်။
လက်ရှိကာလက ဒုဋ္ဌဝတီမြစ်အတွင်းမှာ သဲထုတ်ယူခွင့်ပေးမထားပေမဲ့ ရေနည်းကာလသဲသောင်ခုံ တွေပေါ်ထွန်းနေချိန် မြစ်အတွင်း သဲသောင်ခုံတွေကနေ သဲထုတ်ယူ မှုတွေရှိနေတယ်လို့သတင်းရထား တာကြောင ့် တစ်ပတ်အတွင်းစစ် ဆေးသွားမယ်လို့ တိုင်းဒေသကြီး ဦးစီးမှူးဦးကျော်မြင့်သန်းက ပြောပါတယ်။
သူက “ဒီနေရာကနေ သဲတွေ ထုတ်နေတာတွေကိုတော့ ကြားရတယ်၊သဲထုတ်တာက ဘယ်လို ခွင့်ပြုချက်ပုံစံနဲ့ထုတ်နေတာ လဲ၊ ဒေသတွင်းသုံးစွဲဖို့ထုတ်နေတာ လား၊လုပ်ငန်းသုံးအတွက် ထုတ်နေတာလားဆိုတာတွေသွားစစ်ဆေးရမှာ၊ဒုဋ္ဌဝတီမြစ်မှာက သဲ ထုတ်ယူခွင့်လိုင်စင် လုံးဝမပေးထားပါဘူး” လို့ ပြောပါတယ်။
မြစ်အတွင်း သဲထုတ်ယူခွင့်လိုင်စင်ကို ဧရာဝတီမြစ်အတွင်းမှာသာ ခွင့်ပြုပေးထားတာဖြစ်ပြီး ဒုဋ္ဌဝတီမြစ်အတွင်းက လက်ရှိထုတ်ယူနေတာတွေကို သွားရောက်စစ်ဆေးမှာဖြစ်ပါတယ်။
“ ဒေသတွင်းသုံးဖို့ဆိုရင်လဲ ခဏပဲထုတ်ယူတာပေါ့၊ပြီးတော့ မြစ်ရေကြောင်းပြောင်းလဲမှုရှိမရှိ ကမ်းပါးတွေထိခိုက်မှုအခြေအနေတွေအားလုံး သွားရောက်စစ်ဆေး ကြပ်မတ်သွားမယ်˘လို့ အဆိုပါ ဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မြင့်သန်းက ပြောပါတယ်။
သဲထုတ်ယူတာကို ကမ်းနဲ့နီးတဲ့ရွာတွေနားမှာ ထုတ်ယူနေတာကြောင့် မြစ်ရေကြောင်းပြောင်းပြီး ကမ်းပါးနဲ့ရွာတွေကို ထိခိုက်မှာစိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ အခုကကားတွေနဲ့ကိုထုတ်ယူ နေတာ၊မြစ်နားမှာရွာတွေကကမ်း နဲ့နီးနေတာ၊အခုလိုထုတ်လို့မြစ် ရေကြောင်းပြောင်းပြီး ကမ်းတွေ ထိခိုက်မှာကိုစိုးရိမ်ရတယ်၊ဒီမြစ်က ရေစီးကြမ်းတယ်၊မြစ်ရေ ကြောင်းနည်းနည်းပြောင်းတာနဲ့ သိသာတယ်˘လို့ ဒုဋ္ဌဝတီမြစ်ကမ်းဘေး ညောင်ပင်စောက်ကျေးရွာ မှဒေသခံတစ်ဦးက ပြောပါတယ်။
ဒုဋ္ဌဝတီမြစ်အတွင်း မြစ်ကမ်းထိန်းသိမ်းရန်လိုအပ်တဲ့နေရာတွေကို ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မြစ်ကမ်းထိန်းသိမ်းရန်လိုအပ်နေတဲ့ကျေးရွာ လေးရွာခန့်ရှိတယ်လို့သိရပါတယ်။
0 Comments