အခ်ိန္ၾကာျမင့္စြာ ရပ္နားထားတဲ့ယာဥ္အိုယာဥ္ေဟာင္းေတြနဲ႔ စုပုံထားတဲ့ယာဥ္ နဲ႔ ဆက္စပ္ပစၥည္းေတြကိုတာဝန္ရွိသူေတြက လာေရာက္ရွင္းလင္းရန္ အသိေပးအေၾကာင္းၾကားထားၿပီး ကာယကံရွင္မ်ားက လာေရာက္ ရွင္းလင္းျခင္းမရွိပါက ပစၥည္းမ်ားကို အမွိုက္အျဖစ္ သတ္မွတ္ဖယ္ရွားရွင္းလင္းမယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

“ ပိုင္ရွင္ေဖာ္ထုတ္ရရွိတဲ့ယာဥ္ႏွင့္ စက္ပစၥည္းေတြကို  သက္ဆိုင္ရာပိုင္ရွင္မ်ားထံကိုေရာ၊ပိုင္ရွင္ ရွာေဖြမေတြ႕ရွိတဲ့ ေျမျပင္ရွိယာဥ္နဲ႔ ဆက္စပ္ပစၥည္းစုပုံမ်ားကို အမ်ား ျမင္သာတဲ့ေနရာမွာ အေၾကာင္းၾကား စာ (notice) မ်ားကပ္ထား ေဆာင္ရြက္ခဲ့ပါတယ္˘ လို႔ေျပာပါတယ္။




ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအေနနဲ႔ လိုအပ္တဲ့ပစၥည္းသယ္ယာဥ္မ်ား အသုံးျပဳၿပီးေနာက္ဆုံး စြန႔္ပစ္အမွိုက္ပုံကို သြားေရာက္စြန႔္ပစ္ရမယ္လို႔ ေျပာပါတယ္။

လတ္တေလာအေနနဲ႔ သည္လို သြားေရာက္စြန႔္ပစ္ဖို႔ ကုန္က် စရိတ္မ်ား သုံးစြဲမွာျဖစ္လို႔ စြန႔္ပစ္ပစၥည္းေတြကို ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၂၀)ရပ္ကြက္၊ဖူးႀကီးလမ္းရွိလမ္း၊ တံတားဆိုင္ရာ လုပ္ငန္းတာဝန္ခံ အဖြဲ႕ပိုင္(၇၀ဝ ေပ x ၃၅၀ေပ)ဧရိယာရွိတဲ့ဝင္းအတြင္းကို ဖယ္ရွားေျပာင္းေရႊ႕သြားမယ္လို႔ သိရပါတယ္။

သည္လ၁၄ရက္ေန႔က က်င္းပတဲ့ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္မွာ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ဦးညီညီက “ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕ နယ္လမ္းမႀကီးမ်ားေပၚတြင္ရွိေသာ ယာဥ္အိုယာဥ္ေဟာင္းေတြကို ၿမိဳ႕အဂၤါရပ္ လမ္းအဂၤါရပ္ ႏွင့္ ညီေအာင္ ဖယ္ရွားရွင္းလင္းေဆာင္ရြက္ေပးနိုင္ရန္ အစီအစဥ္ ရွိ/  မရွိ ”ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။



ယာဥ္အိုယာဥ္ေဟာင္းမ်ား၊ ယာဥ္နဲ႔ဆက္စပ္ပစၥည္းမ်ားစုပုံထား ရွိတဲ့ လမ္းေတြမွာ ဒဂုံၿမိဳ႕ သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္၊ စက္မႈလမ္းမ ႀကီးနဲ႔ ေမာင္းမကန္ကမ္းသာလမ္း တို႔ျဖစ္တယ္လို႔ သိရပါတယ္။

စက္မႈလမ္းမႀကီးဟာ စက္မႈဇုန္ (၂)မွာပါဝင္ၿပီး(၆၂)ရပ္ကြက္၊ (၆၃)ရပ္ကြက္၊ (၆၄)ရပ္ကြက္ စသည့္ရပ္ကြက္ သုံးခုကို ျဖတ္သန္းေဖာ္ထုတ္ထားတဲ့အရွည္ ေပ ၉၈၀ဝ ရွိတဲ့ႏွစ္လမ္းသြားလမ္း မ ႀကီးျဖစ္ပါတယ္။

ေမာင္းမကန္ကမ္းသာလမ္းမွာ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္၊အမွတ္(၂)လမ္း၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း)ၿမိဳ႕နယ္၊ဧရာဝဏ္လမ္း  တို႔နဲ႔ ဆက္သြယ္ထားေသာအရွည္ ၁၁,၆၀ဝ ေပရွိ ရွိတဲ့အဓိက လမ္းမႀကီးျဖစ္ၿပီး အမွတ္(၁၇)ရပ္ကြက္၊ (၁၈)ရပ္ကြက္၊ (၁၉)ရပ္ကြက္ မ်ား အား ျဖတ္သန္းေဖာက္လုပ္ထားေသာလမ္းျဖစ္ပါတယ္။

စက္မႈဇုန္လမ္းမႀကီး၊(၆၃) ရပ္ကြက္နယ္နိမိတ္မွာ ယာဥ္အိုယာဥ္ေဟာင္း၊သံထည္ပစၥည္းေတြနဲ႔ ယာဥ္နဲ႔ဆက္စပ္ပစၥည္းမ်ားကို လမ္းနယ္မွာ က်ဴးေက်ာ္စုပုံထားရွိေၾကာင္း စစ္ေဆးေတြ႕ရွိရသ ျဖင့္ ၉-၉-၂၀၁၉ ရက္ေန႔ေနာက္ဆုံး ထားဖယ္ရွားေပးရန္ညႊန္ၾကားခဲ့ၿပီး ျဖစ္တယ္လို႔ဆိုပါတယ္။

စက္မႈလမ္းမႀကီး၊ (၆၂)ရပ္ကြက္နယ္နိမိတ္အတြင္းစက္မႈလမ္း ေဘးဝဲ/ယာမွာ ယာဥ္အိုယာဥ္ ေဟာင္း ၂၂ စီးနဲ႔ က်ဴးေက်ာ္ စုပုံထားရွိတဲ့ ယာဥ္နဲ႔ဆက္စပ္ ပစၥည္း၁၇ ပုံ ေတြ႕ရွိထားတယ္လို႔ ဆိုပါတယ္။

ယာဥ္အိုယာဥ္ေဟာင္း ၂၂ စီး အနက္ ပိုင္ရွင္ရွိသုံးစီး၊ ပိုင္ရွင္မဲ့ ၁၉ စီးျဖစ္ၿပီး ယာဥ္နဲ႔ဆက္စပ္ ပစၥည္း စုပုံ ၁၇ ပုံအနက္ ပိုင္ရွင္ရွိစုပုံ ၁၆ ပုံနဲ႔ ပိုင္ရွင္မဲ့ စုပုံ တစ္ပုံျဖစ္ပါတယ္။ ၂၃-၉- ၂၀၁၉ ရက္ေန႔အထိ ယာဥ္အိုယာဥ္ေဟာင္း ႏွစ္စီးနဲ႔ ဆက္စပ္ ပစၥည္းစုပုံ ၁၆ ပုံရွင္းလင္းရန္ က်န္ရွိေနတယ္လို႔ ၿမိဳ႕ေတာ္ဝန္က ေျပာပါတယ္။

ေမာင္းမကန္ကမ္းသာလမ္းမ ႀကီး၊ (၁၈)ရပ္ကြက္နယ္နိမိတ္အတြင္း ယာဥ္အိုယာဥ္ေဟာင္း ေလး စီး၊ယာဥ္ႏွင့္ဆက္စပ္ပစၥည္း ေပါင္း ၁၅ ပုံ စုပုံထားရွိေၾကာင္း စစ္ေဆးေတြ႕ရွိရလို႔ ယာဥ္အိုယာဥ္ေဟာင္းနဲ႔ဆက္စပ္ပစၥည္းပုံ အားလုံးဖယ္ ရွားရွင္းလင္းၿပီး ျဖစ္ပါတယ္လို႔ ဆို ပါတယ္။

ေကာ္မတီက ထုတ္ျပန္တဲ့တည္ဆဲ “ ပတ္ဝန္းက်င္ထိန္းသိမ္းေရးနဲ႔ သန႔္ရွင္းေရးဆိုင္ရာ နည္း ဥပေဒမ်ား”နည္းဥပေဒ၂၊ နည္း ဥပေဒခြဲ(ခ)မွာ “အမွိုက္ဆိုသည္မွာ အသုံးမလို၍ စြန႔္ပစ္သည့္ ပစၥည္းမ်ားကိုဆိုလိုသည္” ဟုျပ႒ာန္းထားပါတယ္။

ဆက္စပ္ေမးခြန္းအေနနဲ႔ လႊတ္ ေတာ္ကိုယ္စားလွယ္က ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္ ေတာင္ေျမာက္လမ္းဆုံမွာယာဥ္အိုယာဥ္ေဟာင္းမ်ားမွာ သည္ကေန႔ အခ်ိန္အထိရွိေနေသာေၾကာင့္ ဆက္လက္ဖယ္ရွားရွင္းလင္းေပး ရန္ အစီအစဥ္ရွိ/မရွိေမးျမန္းခဲ့ပါ တယ္။

စည္ပင္သာယာေရးဝန္ႀကီး ဦးေမာင္ေမာင္စိုးက “ ဒီေနရာဟာ ကားေဟာင္းနဲ႔ ကားသစ္ျပဳျပင္တဲ့ ေနရာျဖစ္တဲ့အတြက္ေၾကာင့္ ေဒသရဲ့စီမံခန႔္ခြဲမႈနဲ႔ ႀကီးၾကပ္ေဆာင္ရြက္ရန္လိုပါတယ္၊ ပူးေပါင္းေဆာင္ရြက္ရန္ စီမံမႈမ်ား ျပဳလုပ္ေနတယ ္”လို႔ေျပာပါတယ္။




Unicode




အချိန်ကြာရပ်ထားတဲ့ ယာဉ်အိုယာဉ်ဟောင်းတွေ၊ စုပုံထားတဲ့ယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖယ်ရှားတော့မည်



အချိန်ကြာမြင့်စွာ ရပ်နားထားတဲ့ယာဉ်အိုယာဉ်ဟောင်းတွေနဲ့ စုပုံထားတဲ့ယာဉ် နဲ့ ဆက်စပ်ပစ္စည်းတွေကိုတာဝန်ရှိသူတွေက လာရောက်ရှင်းလင်းရန် အသိပေးအကြောင်းကြားထားပြီး ကာယကံရှင်များက လာရောက် ရှင်းလင်းခြင်းမရှိပါက ပစ္စည်းများကို အမှိုက်အဖြစ် သတ်မှတ်ဖယ်ရှားရှင်းလင်းမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

“ ပိုင်ရှင်ဖော်ထုတ်ရရှိတဲ့ယာဉ်နှင့် စက်ပစ္စည်းတွေကို  သက်ဆိုင်ရာပိုင်ရှင်များထံကိုရော၊ပိုင်ရှင် ရှာဖွေမတွေ့ရှိတဲ့ မြေပြင်ရှိယာဉ်နဲ့ ဆက်စပ်ပစ္စည်းစုပုံများကို အများ မြင်သာတဲ့နေရာမှာ အကြောင်းကြား စာ (notice) များကပ်ထား ဆောင်ရွက်ခဲ့ပါတယ်˘ လို့ပြောပါတယ်။




ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ လိုအပ်တဲ့ပစ္စည်းသယ်ယာဉ်များ အသုံးပြုပြီးနောက်ဆုံး စွန့်ပစ်အမှိုက်ပုံကို သွားရောက်စွန့်ပစ်ရမယ်လို့ ပြောပါတယ်။

လတ်တလောအနေနဲ့ သည်လို သွားရောက်စွန့်ပစ်ဖို့ ကုန်ကျ စရိတ်များ သုံးစွဲမှာဖြစ်လို့ စွန့်ပစ်ပစ္စည်းတွေကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ဖူးကြီးလမ်းရှိလမ်း၊ တံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံ အဖွဲ့ပိုင်(ရဝဝ ပေ x ၃၅ဝပေ)ဧရိယာရှိတဲ့ဝင်းအတွင်းကို ဖယ်ရှားပြောင်းရွှေ့သွားမယ်လို့ သိရပါတယ်။

သည်လ၁၄ရက်နေ့က ကျင်းပတဲ့ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးညီညီက “ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့ နယ်လမ်းမကြီးများပေါ်တွင်ရှိသော ယာဉ်အိုယာဉ်ဟောင်းတွေကို မြို့အင်္ဂါရပ် လမ်းအင်္ဂါရပ် နှင့် ညီအောင် ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/  မရှိ ”မေးမြန်းခဲ့တာ ဖြစ်ပါတယ်။



ယာဉ်အိုယာဉ်ဟောင်းများ၊ ယာဉ်နဲ့ဆက်စပ်ပစ္စည်းများစုပုံထား ရှိတဲ့ လမ်းတွေမှာ ဒဂုံမြို့ သစ် (တောင်ပိုင်း)မြို့နယ်၊ စက်မှုလမ်းမ ကြီးနဲ့ မောင်းမကန်ကမ်းသာလမ်း တို့ဖြစ်တယ်လို့ သိရပါတယ်။

စက်မှုလမ်းမကြီးဟာ စက်မှုဇုန် (၂)မှာပါဝင်ပြီး(၆၂)ရပ်ကွက်၊ (၆၃)ရပ်ကွက်၊ (၆၄)ရပ်ကွက် စသည့်ရပ်ကွက် သုံးခုကို ဖြတ်သန်းဖော်ထုတ်ထားတဲ့အရှည် ပေ ၉၈ဝဝ ရှိတဲ့နှစ်လမ်းသွားလမ်း မ ကြီးဖြစ်ပါတယ်။

မောင်းမကန်ကမ်းသာလမ်းမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊အမှတ်(၂)လမ်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ဧရာဝဏ်လမ်း  တို့နဲ့ ဆက်သွယ်ထားသောအရှည် ၁၁,၆ဝဝ ပေရှိ ရှိတဲ့အဓိက လမ်းမကြီးဖြစ်ပြီး အမှတ်(၁၇)ရပ်ကွက်၊ (၁၈)ရပ်ကွက်၊ (၁၉)ရပ်ကွက် များ အား ဖြတ်သန်းဖောက်လုပ်ထားသောလမ်းဖြစ်ပါတယ်။

စက်မှုဇုန်လမ်းမကြီး၊(၆၃) ရပ်ကွက်နယ်နိမိတ်မှာ ယာဉ်အိုယာဉ်ဟောင်း၊သံထည်ပစ္စည်းတွေနဲ့ ယာဉ်နဲ့ဆက်စပ်ပစ္စည်းများကို လမ်းနယ်မှာ ကျူးကျော်စုပုံထားရှိကြောင်း စစ်ဆေးတွေ့ရှိရသ ဖြင့် ၉-၉-၂၀၁၉ ရက်နေ့နောက်ဆုံး ထားဖယ်ရှားပေးရန်ညွှန်ကြားခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။

စက်မှုလမ်းမကြီး၊ (၆၂)ရပ်ကွက်နယ်နိမိတ်အတွင်းစက်မှုလမ်း ဘေးဝဲ/ယာမှာ ယာဉ်အိုယာဉ် ဟောင်း ၂၂ စီးနဲ့ ကျူးကျော် စုပုံထားရှိတဲ့ ယာဉ်နဲ့ဆက်စပ် ပစ္စည်း၁၇ ပုံ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

ယာဉ်အိုယာဉ်ဟောင်း ၂၂ စီး အနက် ပိုင်ရှင်ရှိသုံးစီး၊ ပိုင်ရှင်မဲ့ ၁၉ စီးဖြစ်ပြီး ယာဉ်နဲ့ဆက်စပ် ပစ္စည်း စုပုံ ၁၇ ပုံအနက် ပိုင်ရှင်ရှိစုပုံ ၁၆ ပုံနဲ့ ပိုင်ရှင်မဲ့ စုပုံ တစ်ပုံဖြစ်ပါတယ်။ ၂၃-၉- ၂၀၁၉ ရက်နေ့အထိ ယာဉ်အိုယာဉ်ဟောင်း နှစ်စီးနဲ့ ဆက်စပ် ပစ္စည်းစုပုံ ၁၆ ပုံရှင်းလင်းရန် ကျန်ရှိနေတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

မောင်းမကန်ကမ်းသာလမ်းမ ကြီး၊ (၁၈)ရပ်ကွက်နယ်နိမိတ်အတွင်း ယာဉ်အိုယာဉ်ဟောင်း လေး စီး၊ယာဉ်နှင့်ဆက်စပ်ပစ္စည်း ပေါင်း ၁၅ ပုံ စုပုံထားရှိကြောင်း စစ်ဆေးတွေ့ရှိရလို့ ယာဉ်အိုယာဉ်ဟောင်းနဲ့ဆက်စပ်ပစ္စည်းပုံ အားလုံးဖယ် ရှားရှင်းလင်းပြီး ဖြစ်ပါတယ်လို့ ဆို ပါတယ်။

ကော်မတီက ထုတ်ပြန်တဲ့တည်ဆဲ “ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဆိုင်ရာ နည်း ဥပဒေများ”နည်းဥပဒေ၂၊ နည်း ဥပဒေခွဲ(ခ)မှာ “အမှိုက်ဆိုသည်မှာ အသုံးမလို၍ စွန့်ပစ်သည့် ပစ္စည်းများကိုဆိုလိုသည်” ဟုပြဋ္ဌာန်းထားပါတယ်။

ဆက်စပ်မေးခွန်းအနေနဲ့ လွှတ် တော်ကိုယ်စားလှယ်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် တောင်မြောက်လမ်းဆုံမှာယာဉ်အိုယာဉ်ဟောင်းများမှာ သည်ကနေ့ အချိန်အထိရှိနေသောကြောင့် ဆက်လက်ဖယ်ရှားရှင်းလင်းပေး ရန် အစီအစဉ်ရှိ/မရှိမေးမြန်းခဲ့ပါ တယ်။

စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ ဒီနေရာဟာ ကားဟောင်းနဲ့ ကားသစ်ပြုပြင်တဲ့ နေရာဖြစ်တဲ့အတွက်ကြောင့် ဒေသရဲ့စီမံခန့်ခွဲမှုနဲ့ ကြီးကြပ်ဆောင်ရွက်ရန်လိုပါတယ်၊ ပူးပေါင်းဆောင်ရွက်ရန် စီမံမှုများ ပြုလုပ်နေတယ ်”လို့ပြောပါတယ်။