ဇန္နဝါရီ ၁၃
ေဝေဝၿဖိဳး

ရန္ကုန္တိုင္းအစိုးရအဖြဲ႕၏ လမ္းညႊန္မွုျဖင့္ ရန္ကုန္ႏွင့္ ကိုကိုးကၽြန္းကို လစဥ္(၁)လ တစ္ႀကိမ္ ေရယာဥ္ေျပးဆြဲနိုင္ရန္ စီစဥ္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူ ပို့ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမွုအာဏာပိုင္အဖြဲ႕ (YRTA)မွ တြဲဖက္ အတြင္းေရးမွူး ဦးလွေအာင္ကေျပာသည္။

လက္ရွိတြင္ေျပးဆြဲမည့္ေရယာဥ္၏ ေရေၾကာင္းပို့ေဆာင္ေရးဆိုင္ရာ အခ်က္အလက္ မ်ား ျပည့္စုံမွုရွိ/မရွိကို စိစစ္လၽွက္ရွိသည္ဟု ဆိုသည္။

"ရန္ကုန္နဲ႔ ကိုးကိုးကၽြန္းကို(၁)လ တစ္ေခါက္ ခရီးစဥ္ေျပးဆြဲနိုင္ဖို့အတြက္ ရန္ကုန္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕က စီမံေဆာင္ရြက္ဖို့ YRTA ကို အေၾကာင္းၾကားၿပီး ျဖစ္ပါ တယ္။ ဒီအတြက္ကၽြန္ေတာ္တို့က လက္ရွိခြင့္ျပဳထားတဲ့ေရယာဥ္နဲ႔ပတ္သက္တဲ့ အ ခ်က္အလက္ေတြကို သက္ဆိုင္ရာတာဝန္ရွိအဖြဲ႕ေတြနဲ႔ ေဆြးေႏြးညႇိႏွိုင္းဆဲ ျဖစ္ပါ တယ္"ဟု ၎က ေျပာသည္။

ကိုကိုးကၽြန္းၿမိဳ့နယ္‌ေန ျပည္သူမ်ား၏ က်န္းမာေရး၊ပညာေရး၊ စီးပြားေရး၊ ‌ေဒသဖြံ့ ၿဖိဳးေရး ပိုမို‌ေဆာင္ရြက္ေပးနိုင္ရန္ႏွင့္ ကိုကိုးကၽြန္းသို့အလည္အပတ္ သြားေရာက္ နိုင္ရန္အတြက္ရည္ရြယ္၍ (ရန္ကုန္-ကိုကိုးကၽြန္း) အသြားအျပန္ (၆) ရက္တာ ခရီး စဥ္ကို ယခုႏွစ္ ဇန္နဝါရီလမွစတင္ကာ လတစ္လ၏ပထမပတ္တြင္ သ‌ေဘၤာစတင္ ေျပးဆြဲမည္ျဖစ္ေၾကာင္း တိုင္းအစိုးရအဖြဲ႕က ထုတ္ျပန္ထားသည္။

ရန္ကုန္ႏွင့္ ကိုကိုးကၽြန္းၿမိဳ့နယ္ကို သေဘၤာေျပးဆြဲနိုင္ရန္အတြက္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလတြင္က်င္းပခဲ့သည့္ ရန္ကုန္တိုင္းလႊတ္ေတာ္အစည္းအေဝးတြင္ ပန္းဘဲတန္းၿမိဳ့နယ္မဲဆႏၵနယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းနိုင္ ဦးက ေမးခြန္းေမးျမန္းခဲ့ရာ လၽွပ္စစ္၊ စက္မွုလက္မွုႏွင့္ လမ္းပန္း ဆက္သြယ္ေရးဝန္ ႀကီး ေဒၚနီလာေက်ာ္က (ရန္ကုန္-ကိုကိုးကၽြန္း) ပုံမွန္ေရေၾကာင္း ခရီးစဥ္ေျပးဆြဲရန္ ပု ဂၢလိကလုပ္ငန္းရွင္မ်ားကို တင္ဒါေခၚယူထားေၾကာင္း ေျပာၾကားထားသည္။

ယခင္က ရန္ကုန္ႏွင့္ ကိုကိုးကၽြန္းခရီးစဥ္ကို ျမန္မာ့ၾကယ္ငါးပြင့္ သေဘၤာလုပ္ငန္းက ေျပးဆြဲခဲ့ေသာ္လည္း လက္ရွိတြင္ေျပးဆြဲျခင္းမရွိေၾကာင္း ဝန္ႀကီးကေျပာၾကားထား သည္။

#TheFifthWaveNews.

Photo – Law Lumin FB

------------------------------------------------------------------------


Unicode




ရန်ကုန်နှင့် ကိုကိုးကျွန်းကို (၁)လတစ်ကြိမ်  ရေယာဉ်ပြေးဆွဲမည်

ဇန်နဝါရီ ၁၃
ဝေဝေဖြိုး

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်နှင့် ကိုကိုးကျွန်းကို လစဉ်(၁)လ တစ်ကြိမ် ရေယာဉ်ပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။

လက်ရှိတွင်ပြေးဆွဲမည့်ရေယာဉ်၏ ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ အချက်အလက် များ ပြည့်စုံမှုရှိ/မရှိကို စိစစ်လျှက်ရှိသည်ဟု ဆိုသည်။

"ရန်ကုန်နဲ့ ကိုးကိုးကျွန်းကို(၁)လ တစ်ခေါက် ခရီးစဉ်ပြေးဆွဲနိုင်ဖို့အတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံဆောင်ရွက်ဖို့ YRTA ကို အကြောင်းကြားပြီး ဖြစ်ပါ တယ်။ ဒီအတွက်ကျွန်တော်တို့က လက်ရှိခွင့်ပြုထားတဲ့ရေယာဉ်နဲ့ပတ်သက်တဲ့ အ ချက်အလက်တွေကို သက်ဆိုင်ရာတာဝန်ရှိအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းဆဲ ဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။

ကိုကိုးကျွန်းမြို့နယ်‌နေ ပြည်သူများ၏ ကျန်းမာရေး၊ပညာရေး၊ စီးပွားရေး၊ ‌ဒေသဖွံ့ ဖြိုးရေး ပိုမို‌ဆောင်ရွက်ပေးနိုင်ရန်နှင့် ကိုကိုးကျွန်းသို့အလည်အပတ် သွားရောက် နိုင်ရန်အတွက်ရည်ရွယ်၍ (ရန်ကုန်-ကိုကိုးကျွန်း) အသွားအပြန် (၆) ရက်တာ ခရီး စဉ်ကို ယခုနှစ် ဇန်နဝါရီလမှစတင်ကာ လတစ်လ၏ပထမပတ်တွင် သ‌င်္ဘောစတင် ပြေးဆွဲမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်နှင့် ကိုကိုးကျွန်းမြို့နယ်ကို သင်္ဘောပြေးဆွဲနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင်ကျင်းပခဲ့သည့် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် ပန်းဘဲတန်းမြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင် ဦးက မေးခွန်းမေးမြန်းခဲ့ရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန် ကြီး ဒေါ်နီလာကျော်က (ရန်ကုန်-ကိုကိုးကျွန်း) ပုံမှန်ရေကြောင်း ခရီးစဉ်ပြေးဆွဲရန် ပု ဂ္ဂလိကလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူထားကြောင်း ပြောကြားထားသည်။

ယခင်က ရန်ကုန်နှင့် ကိုကိုးကျွန်းခရီးစဉ်ကို မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းက ပြေးဆွဲခဲ့သော်လည်း လက်ရှိတွင်ပြေးဆွဲခြင်းမရှိကြောင်း ဝန်ကြီးကပြောကြားထား သည်။

#TheFifthWaveNews.

Photo – Law Lumin FB

------------------------------------------------------------------------