ဇန္နဝါရီ ၁၃
နိုင္ငံတကာသတင္း

ဖိလစ္ပိုင္နိုင္ငံ၊ လူဇုန္ကၽြန္း၊ ၿမိဳ့ေတာ္မနီလာ၏ေတာင္ဘက္ ၃၇ မိုင္(ကီလိုမီတာ ၆၀) အကြာရွိ Taal မီးေတာင္သည္ ဇန္နဝါရီလ ၁၂ရက္ မြန္းလြဲပိုင္းတြင္ ေပါက္ကြဲမွု စတင္ျဖစ္ပြားခဲ့ၿပီး ထပ္မံ၍ေၾကာက္မက္ဖြယ္ ျပင္းထန္သည့္ေပါက္ကြဲမွုမ်ား ျဖစ္လာ နိုင္ေသာေၾကာင့္ မီးေတာင္အနီးေနထိုင္သူမ်ား ေဘးကင္းရာသို့ ေျပာင္းေရႊ႕ၾကရန္ ကၽြမ္းက်င္ပညာရွင္မ်ားက သတိေပးမွုျပဳထားေၾကာင္း သိရသည္။

အာဏာပိုင္မ်ားကလည္း ၿမိဳ့သုံးၿမိဳ့အတြင္းေနထိုင္သူမ်ားကို ေျပာင္းေရႊ႕ၾကရန္ အမိန႔္ထုတ္ထားသည္။

မနီလာေလဆိပ္တြင္လည္း ေလယာဥ္အဝင္အထြက္ မ်ားကိုဆိုင္းငံ့ထားေၾကာင္း သိရသည္။


ဖိလစ္ပိုင္ မီးေတာင္ဆိုင္ရာႏွင့္ေျမငလ်င္ပညာရွင္အဖြဲ႕ကလည္း Taal မီးေတာင္၏ လွုပ္ရွားမွုမ်ားက လ်င္ျမန္စြာျဖစ္ေပၚလ်က္ရွိၿပီး မီးေတာင္ဝမွအထက္ ၆ မိုင္မွ ၉ မိုင္ အထိျပာမွုန္မ်ားကို အဆက္မျပတ္လႊင့္ထုတ္လ်က္ရွိရာ ကြီဇုန္စီတီးအထိပင္ ျပာမွုန္ မ်ားေရာက္လာေၾကာင္းေျပာၾကားခဲ့သည္။

ထိုအဖြဲ႕က နာရီပိုင္းမွသည္ ရက္အနည္းငယ္အတြင္း မီးေတာင္မွေခ်ာ္ရည္မ်ား ထြက္ လာနိုင္ေၾကာင္း သတိေပးခ်က္ထုတ္ထားသည္။

#TheFifthWaveNews. #ဖိလစ္ပိုင္မီးေတာင္

#ေထြးကိုထြန္း

Ref----CNN



Unicode





ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာအနီး မီးတောင် ပေါက်ကွဲမှုကြောင့် သတိပေး ချက်ထုတ်ပြန်






ဇန်နဝါရီ ၁၃
နိုင်ငံတကာသတင်း

ဖိလစ်ပိုင်နိုင်ငံ၊ လူဇုန်ကျွန်း၊ မြို့တော်မနီလာ၏တောင်ဘက် ၃၇ မိုင်(ကီလိုမီတာ ၆၀) အကွာရှိ Taal မီးတောင်သည် ဇန်နဝါရီလ ၁၂ရက် မွန်းလွဲပိုင်းတွင် ပေါက်ကွဲမှု စတင်ဖြစ်ပွားခဲ့ပြီး ထပ်မံ၍ကြောက်မက်ဖွယ် ပြင်းထန်သည့်ပေါက်ကွဲမှုများ ဖြစ်လာ နိုင်သောကြောင့် မီးတောင်အနီးနေထိုင်သူများ ဘေးကင်းရာသို့ ပြောင်းရွှေ့ကြရန် ကျွမ်းကျင်ပညာရှင်များက သတိပေးမှုပြုထားကြောင်း သိရသည်။

အာဏာပိုင်များကလည်း မြို့သုံးမြို့အတွင်းနေထိုင်သူများကို ပြောင်းရွှေ့ကြရန် အမိန့်ထုတ်ထားသည်။

မနီလာလေဆိပ်တွင်လည်း လေယာဉ်အဝင်အထွက် များကိုဆိုင်းငံ့ထားကြောင်း သိရသည်။



ဖိလစ်ပိုင် မီးတောင်ဆိုင်ရာနှင့်မြေငလျင်ပညာရှင်အဖွဲ့ကလည်း Taal မီးတောင်၏ လှုပ်ရှားမှုများက လျင်မြန်စွာဖြစ်ပေါ်လျက်ရှိပြီး မီးတောင်ဝမှအထက် ၆ မိုင်မှ ၉ မိုင် အထိပြာမှုန်များကို အဆက်မပြတ်လွှင့်ထုတ်လျက်ရှိရာ ကွီဇုန်စီတီးအထိပင် ပြာမှုန် များရောက်လာကြောင်းပြောကြားခဲ့သည်။

ထိုအဖွဲ့က နာရီပိုင်းမှသည် ရက်အနည်းငယ်အတွင်း မီးတောင်မှချော်ရည်များ ထွက် လာနိုင်ကြောင်း သတိပေးချက်ထုတ်ထားသည်။

#TheFifthWaveNews. #ဖိလစ်ပိုင်မီးတောင်

#ထွေးကိုထွန်း

Ref----CNN