ဒီဇင္ဘာ ၁၃
၈၈မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္သူ ဦးဂ်င္မီ၏ "အေအးမိတဲ့ေန႔"အမည္ရ ေတးစီးရီးမိတ္ဆက္ပြဲ အခမ္းအနားကို ရန္ကုန္ၿမိဳ့ ၊ေက်ာက္တံတားၿမိဳ့ နယ္အတြင္းရွိ CityStar ဟိုတယ္၌ ဇန္နဝါရီ ၁၃ရက္ (ယေန႔ မြန္းလြဲပိုင္း) တြင္ ျပဳလုပ္က်င္းပခဲ့သည္။
"ဒီအေခြေလးထြက္ဖို့ ကၽြန္ေတာ္၂၀၁၂ ခုႏွစ္ ေထာင္က လြတ္လာကတည္းက ႀကိဳးပမ္းလာခဲ့တာပါ။ အခုလိုထြက္လာ ေတာ့ဝမ္းသာမိပါတယ္။ ငယ္ငယ္တုန္းကတည္းက မက္ခဲ့ရတဲ့ အိပ္မက္ေတြ လုပ္ရတဲ့အတြက္ ေက်နပ္ပါတယ္"ဟု ဦးဂ်င္မီက ေျပာသည္။
၈ႏွစ္ခန္႔ ၾကာျမင့္ေအာင္ ႀကိဳးစားခဲ့ရာတြင္ အခက္အခဲမ်ားရင္ဆိုင္ခဲ့ရေသာ္လည္းမိတ္ေဆြ သူငယ္ခ်င္းအားလုံး၏ ပံ့ပိုးကူညီမွုမ်ားေၾကာင့္ အခက္အခဲ မေျပာပေလာက္ေအာင္သာ ရွိခဲ့ေၾကာင္းႏွင့္ ယင္းေတးစီးရီးထဲတြင္ ဦးဂ်င္မီ ကိုယ္တိုင္ေရး၊ ကိုယ္တိုင္ သီဆိုထားသည့္ Rock Music ပုံစံေတး သီခ်င္း ၆ပုဒ္ ပါဝင္ေၾကာင္း သိရသည္။
"ကၽြန္မတို့၈၈မ်ိဳးဆက္ေတြမွာ ကိုယ္စီ စိတ္ကူးအိပ္မက္ေတြ ရွိပါတယ္။ ဒီကေန႔ေတာ့ ကိုဂ်င္မီက အေကာင္အထည္ေဖာ္ နိုင္ခဲ့တဲ့အတြက္ အရမ္းဝမ္းေျမာက္ဂုဏ္ယူပါတယ္"ဟု ယင္းမိတ္ဆက္ပြဲအခမ္းအနားကို တက္ေရာက္လာသည့္ အဆိုေတာ္ ေဒၚမီမီဝင္းေဖက ဂုဏ္ျပဳမွတ္ခ်က္စကား ေျပာၾကားသည္။
အဆိုပါ အခမ္းအနားကို ၈၈မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ေဟာင္းမ်ား အႏုပညာရွင္အခ်ိဳ့ႏွင့္ နိုင္ငံေရး လုပ္ေဖာ္ကိုင္ဖက္မ်ား တက္ေရာက္ခဲ့ၾကၿပီး ေတာင္ကိုရီးယားနိုင္ငံမွ ေက်ာင္းသားေခါင္းေဆာင္ေဟာင္းလည္း တက္ေရာက္ခဲ့သည္။
ကိုဖူးသစ္
Unicode
၈၈ကျောင်းသားခေါင်းဆောင်ဟောင်း ဦးဂျင်မီ၏ “အအေးမိတဲ့နေ့”တစ်ကိုယ်တော်တေးစီးရီး မိတ်ဆက်ပွဲ ပြုလုပ်
ဒီဇင်ဘာ ၁၃
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဦးဂျင်မီ၏ "အအေးမိတဲ့နေ ့"အမည်ရ တေးစီးရီးမိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ၊ကျောက်တံတားမြို့ နယ်အတွင်းရှိ CityStar ဟိုတယ်၌ ဇန်နဝါရီ ၁၃ရက် (ယနေ့ မွန်းလွဲပိုင်း) တွင် ပြုလုပ်ကျင်းပခဲ့သည်။
"ဒီအခွေလေးထွက်ဖို့ ကျွန်တော်၂၀၁၂ ခုနှစ် ထောင်က လွတ်လာကတည်းက ကြိုးပမ်းလာခဲ့တာပါ။ အခုလိုထွက်လာ တော့ဝမ်းသာမိပါတယ်။ ငယ်ငယ်တုန်းကတည်းက မက်ခဲ့ရတဲ့ အိပ်မက်တွေ လုပ်ရတဲ့အတွက် ကျေနပ်ပါတယ်"ဟု ဦးဂျင်မီက ပြောသည်။
၈နှစ်ခန့် ကြာမြင့်အောင် ကြိုးစားခဲ့ရာတွင် အခက်အခဲများရင်ဆိုင်ခဲ့ရသော်လည်းမိတ်ဆွေ သူငယ်ချင်းအားလုံး၏ ပံ့ပိုးကူညီမှုများကြောင့် အခက်အခဲ မပြောပလောက်အောင်သာ ရှိခဲ့ကြောင်းနှင့် ယင်းတေးစီးရီးထဲတွင် ဦးဂျင်မီ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုထားသည့် Rock Music ပုံစံတေး သီချင်း ၆ပုဒ် ပါဝင်ကြောင်း သိရသည်။
"ကျွန်မတို ့၈၈မျိုးဆက်တွေမှာ ကိုယ်စီ စိတ်ကူးအိပ်မက်တွေ ရှိပါတယ်။ ဒီကနေ့တော့ ကိုဂျင်မီက အကောင်အထည်ဖော် နိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းမြောက်ဂုဏ်ယူပါတယ်"ဟု ယင်းမိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်လာသည့် အဆိုတော် ဒေါ်မီမီဝင်းဖေက ဂုဏ်ပြုမှတ်ချက်စကား ပြောကြားသည်။
အဆိုပါ အခမ်းအနားကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်းများ အနုပညာရှင်အချို့နှင့် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ တက်ရောက်ခဲ့ကြပြီး တောင်ကိုရီးယားနိုင်ငံမှ ကျောင်းသားခေါင်းဆောင်ဟောင်းလည်း တက်ရောက်ခဲ့သည်။
ကိုဖူးသစ်
0 Comments