ဇန္နဝါရီ ၁၃

ပုံစံသစ္ျဖင့္ ေျပာင္းလဲလိုက္ေသာ စပိန္စူပါဖလားဗိုလ္လုပြဲကို ယေန႔ နံနက္ပိုင္း ေဆာ္ဒီနိုင္ငံ ဘုရင့္အားကစားကြင္းႀကီးတြင္ ရီးရဲလ္မက္ဒရစ္အသင္းႏွင့္ အက္သလက္တီကို အသင္းတို့ ယွဥ္ၿပိဳင္ကစားခဲ့ရာ ရီးရဲအသင္းက ပင္နယ္တီ အဆုံးအျဖတ္ျဖင့္ အနိုင္ရရွိကာ စပိန္စူပါဖလားကို ဆြတ္ခူးခဲ့သည္။

လက္ရွိခ်န္ပီယံ ဘာစီလိုနာကို ဆီမီးဖိုင္နယ္တြင္ အနိုင္ယူေက်ာ္ျဖတ္လာေသာ အက္သလက္တီကို အသင္းႏွင့္ အရံကစားသမားအခ်ိဳ့ကို ပြဲထုတ္ခဲ့ေသာ ရီးရဲလ္အသင္းတို့ သာမန္ပြဲကစားခ်ိန္အတြင္း ဂိုးမရွိ သေရရလဒ္ျဖင့္ ၿပီးဆုံးခဲ့ၿပီး ပြဲခ်ိန္ ၁၁၅ မိနစ္တြင္ ရီးရဲလ္အသင္းမွ ဗယ္ဗာဒီသည္ အက္သလက္တီကို အသင္း၏ ဂိုးရနိုင္ေျခရွိေသာ အခြင့္အေရးကို အနီကတ္ျဖင့္ ဖ်က္ဆီးပစ္ခဲ့ကာ ပင္နယ္တီအေရာက္တြင္ ရီးရဲလ္အသင္းက ေလးဂိုး တစ္ဂိုးျဖင့္ အနိုင္ရရွိခဲ့သည္။

စပိန္စူပါဖလားကို ယခင္က အမွတ္ေပးခ်န္ပီယံႏွင့္ ကိုပါဒယ္ေရးခ်န္ပီယံအသင္း ႏွစ္သင္းသာ ဖလားလုပြဲ ကစားခဲ့ရေသာ္လည္း ၂၀၁၉ ခုႏွစ္ နိုဝင္ဘာလက အသင္းေလးသင္းျဖင့္ ယွဥ္ၿပိဳင္ကစားရန္ သတ္မွတ္ခဲ့သျဖင့္ လာလီဂါ ခ်န္ပီယံ ဘာစီလိုနာႏွင့္ အက္သလက္တီကို မက္ဒရစ္၊ ကိုပါဒယ္ေရးဖလား ခ်န္ပီယံ ဗလင္စီယာႏွင့္ လာလီဂါ တတိယေနရာမွ ရီးရဲလ္အသင္းတို့ ဆီမီးဖိုင္နယ္တြင္ ေတြ႕ဆုံးခဲ့ၾကသည္။

သမိုင္းတစ္ေလၽွာက္ ဘာစီလိုနာအသင္းမွာ စပိန္ စူပါဖလားကို ၁၃ ႀကိမ္ျဖင့္ အမ်ားဆုံးရယူထားၿပီး ရီးရဲလ္အသင္းမွာ ၁၁ ႀကိမ္ ဆြတ္ခူးထားသည္။

AS



Unicode







ဇန်နဝါရီ ၁၃

ပုံစံသစ်ဖြင့် ပြောင်းလဲလိုက်သော စပိန်စူပါဖလားဗိုလ်လုပွဲကို ယနေ့ နံနက်ပိုင်း ဆော်ဒီနိုင်ငံ ဘုရင့်အားကစားကွင်းကြီးတွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် အက်သလက်တီကို အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲအသင်းက ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ စပိန်စူပါဖလားကို ဆွတ်ခူးခဲ့သည်။

လက်ရှိချန်ပီယံ ဘာစီလိုနာကို ဆီမီးဖိုင်နယ်တွင် အနိုင်ယူကျော်ဖြတ်လာသော အက်သလက်တီကို အသင်းနှင့် အရံကစားသမားအချို့ကို ပွဲထုတ်ခဲ့သော ရီးရဲလ်အသင်းတို့ သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ပြီး ပွဲချိန် ၁၁၅ မိနစ်တွင် ရီးရဲလ်အသင်းမှ ဗယ်ဗာဒီသည် အက်သလက်တီကို အသင်း၏ ဂိုးရနိုင်ခြေရှိသော အခွင့်အရေးကို အနီကတ်ဖြင့် ဖျက်ဆီးပစ်ခဲ့ကာ ပင်နယ်တီအရောက်တွင် ရီးရဲလ်အသင်းက လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

စပိန်စူပါဖလားကို ယခင်က အမှတ်ပေးချန်ပီယံနှင့် ကိုပါဒယ်ရေးချန်ပီယံအသင်း နှစ်သင်းသာ ဖလားလုပွဲ ကစားခဲ့ရသော်လည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလက အသင်းလေးသင်းဖြင့် ယှဉ်ပြိုင်ကစားရန် သတ်မှတ်ခဲ့သဖြင့် လာလီဂါ ချန်ပီယံ ဘာစီလိုနာနှင့် အက်သလက်တီကို မက်ဒရစ်၊ ကိုပါဒယ်ရေးဖလား ချန်ပီယံ ဗလင်စီယာနှင့် လာလီဂါ တတိယနေရာမှ ရီးရဲလ်အသင်းတို့ ဆီမီးဖိုင်နယ်တွင် တွေ့ဆုံးခဲ့ကြသည်။

သမိုင်းတစ်လျှောက် ဘာစီလိုနာအသင်းမှာ စပိန် စူပါဖလားကို ၁၃ ကြိမ်ဖြင့် အများဆုံးရယူထားပြီး ရီးရဲလ်အသင်းမှာ ၁၁ ကြိမ် ဆွတ်ခူးထားသည်။

AS