
အေမရိကန္ႏိုင္ငံမွာ ဝူဟန္ဗိုင္းရပ္စ္ ေၾကာင့္ ေဆး႐ုံတက္လိုက္ရတဲ့ ပထမဆုံး လူနာကို ဆရာဝန္ေတြက စက္႐ုပ္အသုံး ျပဳၿပီး ကုသမႈေပးေနခဲ့ၿပီလို႔ သိရပါတယ္။ အသက္ ၃၀ ပိုင္းအ႐ြယ္ အဆိုပါအမ်ိဳး သားလူနာက ဝါရွင္တန္ျပည္နယ္၊ အဲဗ ရက္ၿမိဳ႕ ေဆး႐ုံက ကူးစက္ေရာဂါ အထူး ကုသေဆာင္မွာ ကုသမႈေပးေနတယ္လို႔ ဆိုပါတယ္။ တ႐ုတ္ႏိုင္ငံအလယ္ပိုင္း ကို ခရီးသြားခဲ့ၿပီး ျပန္လာတဲ့အေမရိကန္ ႏိုင္ငံသားျဖစ္ၿပီး ဆီယက္တဲလ္ၿမိဳ႕မွာ ေရာ ဂါပိုးကို စစ္ေဆးေတြ႕ရွိခဲ့တာလို႔သိရပါ တယ္။

လူနာရဲ႕အေျခအေနက အထူးစိုး ရိမ္ဖြယ္ရာမရွိဘူးလို႔လည္း အဲဗရက္က်န္း မာေရးစင္တာမွ ကူးစက္ေရာဂါဌာနအ ႀကီးအကဲ ေဒါက္တာေဂ်ာ့ဂ္်ဒိုင္ယက္ဇ္က ဆိုပါတယ္။ ေပ ၂၀ ပတ္လည္ ေဆး႐ုံအ ခန္းထဲမွာ လူနာနဲ႔စက္႐ုပ္ကိုအတူထား ရွိထားၿပီး ဆရာဝန္ေတြက ျပင္ပကေန ထိန္းခ်ဳပ္ကာကုသေစာင့္ေရွာက္ေပးေနၾက တာလို႔ ေဒါက္တာဒိုင္ယက္ဇ္က ဆိုပါ တယ္။ က်န္းမာေရးေစာင့္ေရွာက္တဲ့ အ ဆိုပါစက္႐ုပ္မွာ ကင္မရာ၊ မိုက္ခ႐ိုဖုန္းနဲ႔ ဆရာဝန္စမ္းသပ္နားၾကပ္ကိရိယာေတြ တပ္ဆင္ထားၿပီး ေဆး႐ုံမွာ ဗိုင္းရပ္စ္ပ်ံ႕ ႏွံ႔ျခင္းအနည္းပါးဆုံးျဖစ္ေစဖို႔ နည္းလမ္း တစ္ခုအေနနဲ႔ စက္႐ုပ္ကိုအသုံးျပဳကာ ကု သမႈေပးေနၾကတာလို႔ ေဒါက္တာဒိုင္ ယက္ဇ္က ဆိုပါတယ္။ လူနာက ေဆး႐ုံမွာ ဘယ္ေလာက္ၾကာၾကာဆက္လက္ေနေန ရမလဲဆိုတာကိုေတာ့ ေဒါက္တာဒိုင္ယက္ က ထည့္သြင္းေျပာၾကားသြားခဲ့ျခင္းမရွိပါ ဘူး။

အဲဗရက္ကူးစက္ေရာဂါအထူးကုသ ေဆာင္ကို အာဖရိကအေနာက္ပိုင္းမွာ အီဘိုလာပ်ံ႕ႏွံ႔မႈေတြ ျဖစ္ေပၚေနတဲ့၂၀၁၅ ခုႏွစ္ကတည္းက စတင္ကာ ႀကိဳတင္ျပင္ ဆင္ထားခဲ့တာျဖစ္ၿပီး ဝူဟန္ဗိုင္းရပ္စ္လူ နာက ဒီကုသေဆာင္ရဲ႕ပထမဦးဆုံးလူနာ ျဖစ္လာခဲ့တယ္လို႔ ေဒါက္တာဒိုင္ယက္ဇ္က ေျပာၾကားသြားခဲ့ပါတယ္။

ျပည္ျမန္မာ
Unicode
ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသည့် ပထမလူနာကို စက်ရုပ်နှင့်ကုသနေဟု အမေရိကန် ဆို
အမေရိကန်နိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ် ကြောင့် ဆေးရုံတက်လိုက်ရတဲ့ ပထမဆုံး လူနာကို ဆရာဝန်တွေက စက်ရုပ်အသုံး ပြုပြီး ကုသမှုပေးနေခဲ့ပြီလို့ သိရပါတယ်။ အသက် ၃၀ ပိုင်းအရွယ် အဆိုပါအမျိုး သားလူနာက ဝါရှင်တန်ပြည်နယ်၊ အဲဗ ရက်မြို့ ဆေးရုံက ကူးစက်ရောဂါ အထူး ကုသဆောင်မှာ ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ကို ခရီးသွားခဲ့ပြီး ပြန်လာတဲ့အမေရိကန် နိုင်ငံသားဖြစ်ပြီး ဆီယက်တဲလ်မြို့မှာ ရော ဂါပိုးကို စစ်ဆေးတွေ့ရှိခဲ့တာလို့သိရပါ တယ်။
လူနာရဲ့အခြေအနေက အထူးစိုး ရိမ်ဖွယ်ရာမရှိဘူးလို့လည်း အဲဗရက်ကျန်း မာရေးစင်တာမှ ကူးစက်ရောဂါဌာနအ ကြီးအကဲ ဒေါက်တာဂျော့ဂ်ျဒိုင်ယက်ဇ်က ဆိုပါတယ်။ ပေ ၂၀ ပတ်လည် ဆေးရုံအ ခန်းထဲမှာ လူနာနဲ့စက်ရုပ်ကိုအတူထား ရှိထားပြီး ဆရာဝန်တွေက ပြင်ပကနေ ထိန်းချုပ်ကာကုသစောင့်ရှောက်ပေးနေကြ တာလို့ ဒေါက်တာဒိုင်ယက်ဇ်က ဆိုပါ တယ်။ ကျန်းမာရေးစောင့်ရှောက်တဲ့ အ ဆိုပါစက်ရုပ်မှာ ကင်မရာ၊ မိုက်ခရိုဖုန်းနဲ့ ဆရာဝန်စမ်းသပ်နားကြပ်ကိရိယာတွေ တပ်ဆင်ထားပြီး ဆေးရုံမှာ ဗိုင်းရပ်စ်ပျံ့ နှံ့ခြင်းအနည်းပါးဆုံးဖြစ်စေဖို့ နည်းလမ်း တစ်ခုအနေနဲ့ စက်ရုပ်ကိုအသုံးပြုကာ ကု သမှုပေးနေကြတာလို့ ဒေါက်တာဒိုင် ယက်ဇ်က ဆိုပါတယ်။ လူနာက ဆေးရုံမှာ ဘယ်လောက်ကြာကြာဆက်လက်နေနေ ရမလဲဆိုတာကိုတော့ ဒေါက်တာဒိုင်ယက် က ထည့်သွင်းပြောကြားသွားခဲ့ခြင်းမရှိပါ ဘူး။
အဲဗရက်ကူးစက်ရောဂါအထူးကုသ ဆောင်ကို အာဖရိကအနောက်ပိုင်းမှာ အီဘိုလာပျံ့နှံ့မှုတွေ ဖြစ်ပေါ်နေတဲ့၂၀၁၅ ခုနှစ်ကတည်းက စတင်ကာ ကြိုတင်ပြင် ဆင်ထားခဲ့တာဖြစ်ပြီး ဝူဟန်ဗိုင်းရပ်စ်လူ နာက ဒီကုသဆောင်ရဲ့ပထမဦးဆုံးလူနာ ဖြစ်လာခဲ့တယ်လို့ ဒေါက်တာဒိုင်ယက်ဇ်က ပြောကြားသွားခဲ့ပါတယ်။
ပြည်မြန်မာ
0 Comments