LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
အရပ္ပုတဲ့ ေကာင္မေလးေတြ ေန႔စဥ္ၾကံဳေတြ႔ေနရတဲ့ ျပႆနာအလြဲေလးမ်ား
အရပ္ပုတဲ့ ေကာင္မေလးေတြ ေန႔စဥ္ၾကံဳေတြ႔ေနရတဲ့ ျပႆနာအလြဲေလးမ်ား
Lotayanet Burmese
-
January 12, 2020
Zawgyiျဖင့္ဖတ္ရန္
အရပ္ပုတဲ့ ေကာင္မေလးေတြဟာ ဘယ္ေလာက္ပဲ အ႐ြယ္ေရာက္ေရာက္ အျမဲတမ္း ကေလးေလးေတြလိုပဲ ခ်စ္စရာေကာင္းလွပါတယ္ေနာ္။ ကေလးေလးေတြလုိ ခ်စ္္စရာေကာင္းေနတတ္တဲ့ အရပ္ပုတဲ့ေကာင္မေလးေတြကို ေကာင္ေလးေတြက ပိုသေဘာက်တတ္ၾကပါတယ္တဲ့ေနာ္။ ကဲ အရပ္ပုတဲ့ ေကာင္မေလးေတြ ေန႔စဥ္ၾကံဳေနရတဲ့ အခက္အခဲေလးေတြက ဘာေတြလဲ။
အဝတ္အစားေတြ အျမဲတမ္းကိုယ့္ဆိုဒ္ထက္ ႐ွည္ေနတာ သို႔ ႀကီးေနတတ္တာ
အရပ္ပုတဲ့ ေကာင္မေလးေတြရဲ႕ အဝတ္အစားျပသနာက သူတုိ႔ရဲ႕ ဆိုဒ္ေတြထက္ ႀကီးေနတာပါ။ လွတာေလးျမင္လို႔ပဲျဖစ္ျဖစ္၊ ကိုယ္သေဘာက်ေနတဲ့ အဝတ္အစားကိုေတြ႕ရဲ႕နဲ႔ ဆိုဒ္မေတာ္လို႔ မဝယ္ရတာမ်ားပါတယ္။ အရဲစြန္႔ၿပီး ျဖစ္ခ်င္ရာျဖစ္ဝယ္မယ္ဆိုၿပီး စမ္းဝတ္ၾကည့္တဲ့အခါမွာလည္း ေဘာင္းဘီေတြ၊ စကတ္ေတြ၊ ဂါဝန္ေတြက သူတုိ႔ရဲ႕ေျခေထာက္ေတြဖံုးသြားၿပီး ေအာက္မွာစုပံုေနတတ္တာပါပဲ။ ဒါေၾကာင့္ အရပ္ပုတဲ့ေကာင္မေလးေတြက အဝတ္အစားေသခ်ာေ႐ြးဝယ္ရတတ္ပါတယ္။
ဘတ္စ္ကားစီးရင္ ဒုကၡေရာက္ၿပီ
အရပ္ပုတဲ့ ေကာင္မေလးေတြရဲ႕ ေန႔စဥ္ၾကံဳေတြ႕ေနရတဲ့ ျပႆနာေနာက္တစ္ခုက ဘက္စ္ကားစီးရင္ ဟုိမမွီ ဒီမမွီနဲ႔ ကိုး႐ိုးကားယားႏိုင္လြန္းတာပါ။ အဲတာေလးက တစ္မ်ိဳးေတာ့ ခ်စ္ဖို႔ေကာင္းပါတယ္ေလ။ အရပ္ပုတဲ့ ေကာင္မေလးေတြ ဘက္စ္ကားစီးတဲ့အခါ လက္ကိုင္ကြင္းေတြကို မမွီပဲ ေတြ႕ရာလူကို လွမ္းဆြဲရတာလည္း ေန႔စည္ၾကံဳေတြ႕ေနရတဲ့ အလြဲေလးျဖစ္ပါတယ္ေနာ္။
ကိုယ့္ခ်စ္သူက ကိုယ့္ထက္အသက္ႀကီးပံုေပါက္ေနတတ္တာ
အို ဒါကေတာ့ ပုလုိ႔ႏုတာေပါ့ေနာ္။ ကိုယ့္ရဲ႕ခ်စ္သူနဲ႔ ကို္ယ္က အသက္အတူတူျဖစ္ပါလ်က္နဲ႔ ဟယ္သူ႔ဘဲႀကီးက အသက္ႀကီးေနၿပီတုိ႔၊ မင္းေစာ္ကအသက္မွ ျပည့္ရဲ႕လားတို႔ ခဏခဏအေမးခံရတတ္ပါတယ္။ ကိုယ့္ခ်စ္သူက ကိုယ့္ထက္အသက္ႀကီးတယ္လို႔ ထင္ရတတ္တာကလည္း အရပ္ပုတဲ့ ေကာင္မေလးေတြရဲ႕ အျဖစ္ပါ။
လူအုပ္ၾကားထဲေရာက္ရင္ ဘာမွမျမင္လိုက္ရေတာ့ဘူး
႐ိႈးပြဲေတြသြားတဲ့အခါေတြမွာ လူအုပ္ၾကားထဲေရာက္သြားရင္ေတာ့ ဘာမွကို မျမင္လုိက္ရေတာ့တာပါပဲ။ ကိုယ့္ရဲ႕ပုေနတဲ့အရပ္ကို အဲဒီ႔လူအုုပ္ႀကီးကို ေက်ာ္ၿပီး ျမင္ရဖို႔ဆိုတာ ဘယ္လုိမွ မျဖစ္ႏုိင္ပါဘူးေနာ္။ အရပ္ပုတဲ့ ေကာင္မေလးေတြက လူအုပ္ၾကားထဲေရာက္ရင္ ဘာမွကို မျမင္ရေတာ့တာ ထံုးစံပါ။
ပစၥည္းေတြ မမွီမကမ္းျဖစ္တတ္တာ
စူပါမားကတ္ေတြေရာက္သြားတုိင္း ကို္ယ္လိုခ်င္တဲ့ ပစၥည္းကို မမွီမကမ္းနဲ႔ လွမ္းယူရတာကလည္း အရပ္ပုတဲ့ ေကာင္မေလးေတြ ျဖစ္ေနက် အေၾကာင္းအရာပါ။ ဟုိပစၥည္းမမွီ၊ ဒီပစၥည္းမမွီနဲ႔ အျမဲတမ္းေျခဖ်ားေလးေထာက္ၿပီး လွမ္းယူရတတ္ပါတယ္ေနာ္။ ဒါေပမယ့္ အရပ္ပုလုိ႔ စိတ္မညစ္ပါနဲ႔ေနာ္။ ကိုးရီးယားကားေတြထဲကလို အရပ္႐ွည္႐ွည္နဲ႔ ကိုႀကီးက လာကူညီခ်င္္ရင္ ကူညီေပးၿပီး ဇာတ္လမ္းေတြေတာင္ ျဖစ္သြားႏုိင္တာပဲေလ ေနာ့္။
Unicode ဖြင့်ဖတ်ရန်
အရပ်ပုတဲ့ ကောင်မလေးတွေဟာ ဘယ်လောက်ပဲ အရွယ်ရောက်ရောက် အမြဲတမ်း ကလေးလေးတွေလိုပဲ ချစ်စရာကောင်းလှပါတယ်နော်။ ကလေးလေးတွေလို ချစ်စရာကောင်းနေတတ်တဲ့ အရပ်ပုတဲ့ကောင်မလေးတွေကို ကောင်လေးတွေက ပိုသဘောကျတတ်ကြပါတယ်တဲ့နော်။ ကဲ အရပ်ပုတဲ့ ကောင်မလေးတွေ နေ့စဉ်ကြုံနေရတဲ့ အခက်အခဲလေးတွေက ဘာတွေလဲ။
အဝတ်အစားတွေ အမြဲတမ်းကိုယ့်ဆိုဒ်ထက် ရှည်နေတာ သို့ ကြီးနေတတ်တာ
အရပ်ပုတဲ့ ကောင်မလေးတွေရဲ့ အဝတ်အစားပြသနာက သူတို့ရဲ့ ဆိုဒ်တွေထက် ကြီးနေတာပါ။ လှတာလေးမြင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်သဘောကျနေတဲ့ အဝတ်အစားကိုတွေ့ရဲ့နဲ့ ဆိုဒ်မတော်လို့ မဝယ်ရတာများပါတယ်။ အရဲစွန့်ပြီး ဖြစ်ချင်ရာဖြစ်ဝယ်မယ်ဆိုပြီး စမ်းဝတ်ကြည့်တဲ့အခါမှာလည်း ဘောင်းဘီတွေ၊ စကတ်တွေ၊ ဂါဝန်တွေက သူတို့ရဲ့ခြေထောက်တွေဖုံးသွားပြီး အောက်မှာစုပုံနေတတ်တာပါပဲ။ ဒါကြောင့် အရပ်ပုတဲ့ကောင်မလေးတွေက အဝတ်အစားသေချာရွေးဝယ်ရတတ်ပါတယ်။
ဘတ်စ်ကားစီးရင် ဒုက္ခရောက်ပြီ
အရပ်ပုတဲ့ ကောင်မလေးတွေရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာနောက်တစ်ခုက ဘက်စ်ကားစီးရင် ဟိုမမှီ ဒီမမှီနဲ့ ကိုးရိုးကားယားနိုင်လွန်းတာပါ။ အဲတာလေးက တစ်မျိုးတော့ ချစ်ဖို့ကောင်းပါတယ်လေ။ အရပ်ပုတဲ့ ကောင်မလေးတွေ ဘက်စ်ကားစီးတဲ့အခါ လက်ကိုင်ကွင်းတွေကို မမှီပဲ တွေ့ရာလူကို လှမ်းဆွဲရတာလည်း နေ့စည်ကြုံတွေ့နေရတဲ့ အလွဲလေးဖြစ်ပါတယ်နော်။
ကိုယ့်ချစ်သူက ကိုယ့်ထက်အသက်ကြီးပုံပေါက်နေတတ်တာ
အို ဒါကတော့ ပုလို့နုတာပေါ့နော်။ ကိုယ့်ရဲ့ချစ်သူနဲ့ ကိုယ်က အသက်အတူတူဖြစ်ပါလျက်နဲ့ ဟယ်သူ့ဘဲကြီးက အသက်ကြီးနေပြီတို့၊ မင်းစော်ကအသက်မှ ပြည့်ရဲ့လားတို့ ခဏခဏအမေးခံရတတ်ပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်ထက်အသက်ကြီးတယ်လို့ ထင်ရတတ်တာကလည်း အရပ်ပုတဲ့ ကောင်မလေးတွေရဲ့ အဖြစ်ပါ။
လူအုပ်ကြားထဲရောက်ရင် ဘာမှမမြင်လိုက်ရတော့ဘူး
ရှိုးပွဲတွေသွားတဲ့အခါတွေမှာ လူအုပ်ကြားထဲရောက်သွားရင်တော့ ဘာမှကို မမြင်လိုက်ရတော့တာပါပဲ။ ကိုယ့်ရဲ့ပုနေတဲ့အရပ်ကို အဲဒီ့လူအုပ်ကြီးကို ကျော်ပြီး မြင်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးနော်။ အရပ်ပုတဲ့ ကောင်မလေးတွေက လူအုပ်ကြားထဲရောက်ရင် ဘာမှကို မမြင်ရတော့တာ ထုံးစံပါ။
ပစ္စည်းတွေ မမှီမကမ်းဖြစ်တတ်တာ
စူပါမားကတ်တွေရောက်သွားတိုင်း ကိုယ်လိုချင်တဲ့ ပစ္စည်းကို မမှီမကမ်းနဲ့ လှမ်းယူရတာကလည်း အရပ်ပုတဲ့ ကောင်မလေးတွေ ဖြစ်နေကျ အကြောင်းအရာပါ။ ဟိုပစ္စည်းမမှီ၊ ဒီပစ္စည်းမမှီနဲ့ အမြဲတမ်းခြေဖျားလေးထောက်ပြီး လှမ်းယူရတတ်ပါတယ်နော်။ ဒါပေမယ့် အရပ်ပုလို့ စိတ်မညစ်ပါနဲ့နော်။ ကိုးရီးယားကားတွေထဲကလို အရပ်ရှည်ရှည်နဲ့ ကိုကြီးက လာကူညီချင်ရင် ကူညီပေးပြီး ဇာတ်လမ်းတွေတောင် ဖြစ်သွားနိုင်တာပဲလေ နော့်။
Credit: Aunty May
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments