Zawgyiျဖင့္ဖတ္ရန္


မိန္းကေလး ပရိသတ္ေတြက အဝင္းလို့ ခ်စ္စနိုးနဲ႔ ေခၚၾကတဲ့ မိုရီဆာကီဝင္းက ျမန္မာျပည္ဖြား ဂ်ပန္အဆိုေတာ္ တစ္ဦးလဲ ျဖစ္ပါတယ္။ မိုရီဆာကီဝင္းက ဂ်ပန္နိုင္ငံမွာ ေအာင္ျမင္ၿပီးသား အႏုပညာရွင္ျဖစ္ေပမယ့္ ျမန္မာ ပရိသတ္ေတြကေတာ့ “ဇာတိေျမ” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ပိုမိုသတိထားမိလာတာ ျဖစ္ပါတယ္။ မိုရီဆာကီဝင္းက အခုဆိုရင္ ဂ်ပန္နိုင္ငံမွာလဲ သူ႔ရဲ့ PRIZMAX အဖြဲ႕နဲ႔အတူတူ သီခ်င္းေတြဆိုေနသလို ျမန္မာနိုင္ငံမွာလဲ အႏုပညာလုပ္ငန္းေတြ လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။
ဂ်ပန္ေတးဂီတအဖြဲ႔ PRIZMAX ရဲ႕ အဆိုေတာ္တစ္ဦးျဖစ္တဲ့ မိုရီဆာကီဝင္းက ဒီေန႔မွာေတာ့ သူတို႔ရဲ႕ PRIZMAX အဖြဲ႔ကို ဖ်က္သိမ္းမယ္ဆိုတဲ့ သတင္းဆိုးကို ဝမ္းနည္းစြာနဲ႔ ေျပာျပလာပါတယ္။ “ျမန္မာ holic ေလးမ်ား… ၂၀၂၀ မတ္လ၂၇ရက္ေန႔ မွာ က်င္းပမယ့္「PRIZMAX Live Level 0 〜FINAL〜」စတိတ္ရွိုး ေဖ်ာ္ေျဖပြဲအၿပီးကၽြန္ေတာ္တို့ PRIZMAX အဖြဲ႕ ကို ဖ်က္သိမ္း‌မွာ ျဖစ္ေၾကာင္း အသိေပးအပ္ပါတယ္။” “ကၽြန္ေတာ့္Member နဲ႔ အတူ ျမန္မာျပည္မွာ Live Show လုပ္ဖို့ မျဖစ္ခဲ့တာ ေတာင္းပန္ပါတယ္ခင္ဗ်ာ။ ကၽြန္ေတာ္တို့ အမ်ားႀကီး ေဆြးေႏြးစကား‌ေျပာခဲ့ ပါတယ္ခင္ဗ်ာ။ ကၽြန္ေတာ္လဲ အရမ္းစိတ္မေကာင္း ပါဘူးခင္ဗ်ာ။”
“ကၽြန္ေတာ္တို့ ေနာက္ဆုံး အထိ အင္အားအျပည့္ ႀကိဳးစား သြား ပါမယ္ ခင္ဗ်ာ။ ေနာက္ဆုံး အထိ အားေပး ေပးၾကပါလို့ ေတာင္းဆို ပါတယ္ခင္ဗ်ာ။” ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကတဆင့္ ေျပာထားပါတယ္။ မိုရီဆာကီဝင္းရဲ႕ PRIZMAX အဖြဲ႔က Win’s Shooow Time! အစီအစဥ္ေၾကာင့္ ျမန္မာပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသား ျဖစ္ပါတယ္။ ပရိသတ္ေတြႀကီးလည္း မိုရီဆာကီဝင္းနဲ႔အတူတူ ဝမ္းနည္းစိတ္မေကာင္း ျဖစ္ေနမယ္ ထင္ပါတယ္။


Unicode ဖြင့်ဖတ်ရန်


မိန်းကလေး ပရိသတ်တွေက အဝင်းလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မိုရီဆာကီဝင်းက မြန်မာပြည်ဖွား ဂျပန်အဆိုတော် တစ်ဦးလဲ ဖြစ်ပါတယ်။ မိုရီဆာကီဝင်းက ဂျပန်နိုင်ငံမှာ အောင်မြင်ပြီးသား အနုပညာရှင်ဖြစ်ပေမယ့် မြန်မာ ပရိသတ်တွေကတော့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပိုမိုသတိထားမိလာတာ ဖြစ်ပါတယ်။ မိုရီဆာကီဝင်းက အခုဆိုရင် ဂျပန်နိုင်ငံမှာလဲ သူ့ရဲ့ PRIZMAX အဖွဲ့နဲ့အတူတူ သီချင်းတွေဆိုနေသလို မြန်မာနိုင်ငံမှာလဲ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
ဂျပန်တေးဂီတအဖွဲ့ PRIZMAX ရဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ မိုရီဆာကီဝင်းက ဒီနေ့မှာတော့ သူတို့ရဲ့ PRIZMAX အဖွဲ့ကို ဖျက်သိမ်းမယ်ဆိုတဲ့ သတင်းဆိုးကို ဝမ်းနည်းစွာနဲ့ ပြောပြလာပါတယ်။ “မြန်မာ holic လေးများ… ၂၀၂၀ မတ်လ၂၇ရက်နေ့ မှာ ကျင်းပမယ့်「PRIZMAX Live Level 0 〜FINAL〜」စတိတ်ရှိုး ဖျော်ဖြေပွဲအပြီးကျွန်တော်တို့ PRIZMAX အဖွဲ့ ကို ဖျက်သိမ်း‌မှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။” “ကျွန်တော့်Member နဲ့ အတူ မြန်မာပြည်မှာ Live Show လုပ်ဖို့ မဖြစ်ခဲ့တာ တောင်းပန်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ အများကြီး ဆွေးနွေးစကား‌ပြောခဲ့ ပါတယ်ခင်ဗျာ။ ကျွန်တော်လဲ အရမ်းစိတ်မကောင်း ပါဘူးခင်ဗျာ။”
“ကျွန်တော်တို့ နောက်ဆုံး အထိ အင်အားအပြည့် ကြိုးစား သွား ပါမယ် ခင်ဗျာ။ နောက်ဆုံး အထိ အားပေး ပေးကြပါလို့ တောင်းဆို ပါတယ်ခင်ဗျာ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ပြောထားပါတယ်။ မိုရီဆာကီဝင်းရဲ့ PRIZMAX အဖွဲ့က Win’s Shooow Time! အစီအစဉ်ကြောင့် မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဖြစ်ပါတယ်။ ပရိသတ်တွေကြီးလည်း မိုရီဆာကီဝင်းနဲ့အတူတူ ဝမ်းနည်းစိတ်မကောင်း ဖြစ်နေမယ် ထင်ပါတယ်။


Credit: Rowena


Source: Morisaki Win,