Unicode ဖြင့်ဖတ်ရန်
ဂျိုကြီးလို့အများသိကြတဲ့ ဂျိုကာကတော့ ရဲလေးရဲ့ညီအဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာသူပါ။ပရိသတ်တွေပျော်ရွှင်အောင် အမြဲစနောက်လေ့ရှိတဲ့အပြင် ဟာသ Tik Tok ဗွီဒီယိုလေးတွေကိုလည်း အမြဲတင်ပေးလေ့ရှိသူပါ။အစ်ကိုဖြစ်သူရဲလေးနဲ့အတူ YLJK Entertainment ကိုတည်ထောင်ထားပြီး သီချင်းဗွီဒီယိုအမိုက်စားလေးတွေဖန်တီးနေသူပါ။မကြာသေးမီက ရုံတင်ပြသခဲ့တဲ့ “ကြောက် ကြောက် ကြောက်-၂” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်တွေကို ကြောက်အောင်ရော၊ ရီမောပျော်ရွှင်အောင်ပါ အကောင်းဆုံးပါဝင်သရုပ်ဆောင်နိုင်ခဲ့သူပါ။
သူကတော့ ပရိသတ်တွေမထင်မှတ်ထားလောက်အောင် ကာလကြာရှည်နေပြီဖြစ်တဲ့ သူ့ရဲ့အချစ်ရေးကို ကြွားခဲ့တာပါ။“ဆယ်နှစ်ကျော်တဲ့အချစ်သံယောဇဉ်တွေနဲ့ ကိုနဲ့ Chayy…အကြောင်းကြောင်းကြောင့် ကိုတို့တွေဝေးခဲ့ကြဖူးတယ် … ပြန်ဆုံခဲ့ကြဖူးတယ် … ပြန်ဝေးခဲ့ကြဖူးတယ် အခုနောက်ဆုံးပြန်ဆုံတွေ့တဲ့ချစ်ခြင်းက ကိုတို့နှစ်ယောက်အတွက် ဟိုအရင်တုန်းကထက်ပိုပြီးအဓိပ္ပါယ်တွေရှိတယ် တစ်ယောက်အကြောင်းလည်းတစ်ယောက်သိ၊စိတ်ကောလူကော တွေးတာချင်းပါတော်တော်လေးကိုမှတူတတ်တဲ့ စိတ်တူကိုယ်တူရှိအရှိရဆုံး၊နားလည်မှုအပေးနိုင်ဆုံး၊ကိုနဲ့ Keyအကိုက်ဆုံးဖြစ်တဲ့ Chayy နဲ့ အမြဲတမ်းမခွဲအတူလက်တွဲပြီးခုထက်ကိုပိုပြီးပိုပြီးချစ်သွားကြမယ် … အဲ့တော့ချစ်တယ်” ဆိုတဲ့ပရိသတ်ကြီးကြွေသွားရလောက်တဲ့ စာသားတွေနဲ့အတူ (၂၀၂၀)ခုနှစ်အတွက် ပထမဆုံးရိုက်ထားတဲ့ဓာတ်ပုံလေးနဲ့ မျှဝေခဲ့တာဖြစ်ပါတယ်။
အခုလို ရွေးချယ်စရာများလာတဲ့ ခေတ်ကြီးထဲမှာ ဂျိုကြီးတို့အတွဲလိုမျိုး နှစ်ရှည်လများ တွဲလာတဲ့ ချစ်သူတွေဆိုတာ မရှိသလောက်ကို ရှားသွားပြီမဟုတ်လား ပရိသတ်ကြီးရေ… ဂျိုကြီးကတော့ ကိုယ်နဲ့စိတ်တူကိုယ်တူရှိတဲ့ ချစ်သူလေးနဲ့ ဆယ်နှစ်ကျော်တိုင် သစ္စာမပျက်ဘဲ လက်တွဲနိုင်တဲ့ ကံကောင်းတဲ့သူတစ်ယောက်ဆိုတော့ ပရိသတ်ကြီးရော အားကျနေကြပြီမလား။
Credit: Burmese asia