ဂ်ကာတာ၊ ဇန္နဝါရီ ၉။            ။ တ႐ုတ္ပိုင္ေရယာဥ္မ်ားသည္ အျငင္းပြားေနသည့္ ေတာင္တ႐ုတ္ပင္လယ္အတြင္း က်ဴးေက်ာ္ဝင္ေရာက္လာခဲ့ေသာေၾကာင့္ တ႐ုတ္ႏွင့္ အင္ဒိုနီးရွားနိုင္ငံအၾကား သံတမန္ဆက္ဆံေရး ကေတာက္ကဆတ္ျဖစ္လာၿပီးေနာက္ပိုင္း အင္ဒိုနီးရွားက တိုက္ေလယာဥ္မ်ားႏွင့္ စစ္သေဘၤာမ်ားကို အဆိုပါေရပိုက္နက္အနီး၌ ကင္းလွည့္ရန္ တပ္ျဖန႔္ခ်ထားသည္။

ေတာင္တ႐ုတ္ပင္လယ္ကို တ႐ုတ္နိုင္ငံႏွင့္အတူ အေရွ႕ေတာင္အာရွနိုင္ငံမ်ားျဖစ္သည့္ ဗီယက္နမ္၊ ဖိလစ္ပိုင္ႏွင့္ မေလးရွားတို႔က သူပိုင္ငါပိုင္ အျငင္းပြားေနၾကျခင္းျဖစ္သည္။ ထိုပိုင္နက္ႏွင့္ကပ္လ်က္ရွိသည့္ နာတူနာကၽြန္း တစ္ဝိုက္ ငါးဖမ္းဧရိယာဆီသို႔ ဇန္နဝါရီ ၈ ရက္က အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒို လာေရာက္ၾကည့္ရႈခဲ့သည္။

အင္ဒိုနီးရွားစစ္တပ္သည္ ဝီဒိုဒို ခရီးစဥ္မတိုင္မီ စစ္သေဘၤာ ၈ စီးႏွင့္ တိုက္ေလယာဥ္ ၄ စင္းတို႔ကို တပ္ျဖန႔္ခ်ထားကာ ထိုေဒသအေပၚ အခ်ဳပ္အျခာအာဏာပိုင္ေၾကာင္း ျပသခဲ့သည္။



ကမ္းေျခေစာင့္တ႐ုတ္ေရယာဥ္တစ္စီးကိုလည္း ေတြ႕မိေၾကာင္း အင္ဒိုနီးရွားဘက္မွေျပာသည္။

အင္ဒိုနီးရွားသည္ ၎တို႔ေရပိုင္နက္အတြင္း နိုင္ငံရပ္ျခားမွေရယာဥ္မ်ားသြားလာေနမႈေၾကာင့္ ပိုက္နက္လုံျခဳံေစရန္ ပုံမွန္ကင္းလွည့္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီး လာမည့္ ဇန္နဝါရီ ၁၀ ရက္၌ ၾကည္း၊ ေရ၊ ေလ တပ္မ်ားမွ စစ္သည္အင္အား ၆၀၀ ေက်ာ္ကို နာတူနာကၽြန္း၌ တပ္ျဖန႔္ခ်ထားမည္ဟု ဆိုသည္။

ၿပီးခဲ့သည့္အပတ္က အင္ဒိုနီးရွားရွိ တ႐ုတ္သံအမတ္ႀကီးအား အစိုးရမွဆင့္ေခၚၿပီး ဒီဇင္ဘာ လလယ္က အဆိုပါကၽြန္းအနီး တ႐ုတ္ငါးဖမ္းေလွမ်ားကို တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕ေရယာဥ္မ်ားက ေစာင့္ေရွာက္ေပးေနမႈအေပၚ  ဆန႔္က်င္ေျပာခဲ့ေသးသည္။  ထိုကိစၥျဖစ္ၿပီးေနာက္ပိုင္း အျငင္းပြားေနသည့္ေရပိုက္နက္အနီး ယခုကဲ့သို႔ တပ္ျဖန႔္ခ်ထားမ်ားလုပ္ေဆာင္လာခဲ့ျခင္းျဖစ္သည္။


Unicode










ဂျကာတာ၊ ဇန်နဝါရီ ၉။            ။ တရုတ်ပိုင်ရေယာဉ်များသည် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း ကျူးကျော်ဝင်ရောက်လာခဲ့သောကြောင့် တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံအကြား သံတမန်ဆက်ဆံရေး ကတောက်ကဆတ်ဖြစ်လာပြီးနောက်ပိုင်း အင်ဒိုနီးရှားက တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများကို အဆိုပါရေပိုက်နက်အနီး၌ ကင်းလှည့်ရန် တပ်ဖြန့်ချထားသည်။

တောင်တရုတ်ပင်လယ်ကို တရုတ်နိုင်ငံနှင့်အတူ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့က သူပိုင်ငါပိုင် အငြင်းပွားနေကြခြင်းဖြစ်သည်။ ထိုပိုင်နက်နှင့်ကပ်လျက်ရှိသည့် နာတူနာကျွန်း တစ်ဝိုက် ငါးဖမ်းဧရိယာဆီသို့ ဇန်နဝါရီ ၈ ရက်က အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို လာရောက်ကြည့်ရှုခဲ့သည်။

အင်ဒိုနီးရှားစစ်တပ်သည် ဝီဒိုဒို ခရီးစဉ်မတိုင်မီ စစ်သင်္ဘော ၈ စီးနှင့် တိုက်လေယာဉ် ၄ စင်းတို့ကို တပ်ဖြန့်ချထားကာ ထိုဒေသအပေါ် အချုပ်အခြာအာဏာပိုင်ကြောင်း ပြသခဲ့သည်။



ကမ်းခြေစောင့်တရုတ်ရေယာဉ်တစ်စီးကိုလည်း တွေ့မိကြောင်း အင်ဒိုနီးရှားဘက်မှပြောသည်။

အင်ဒိုနီးရှားသည် ၎င်းတို့ရေပိုင်နက်အတွင်း နိုင်ငံရပ်ခြားမှရေယာဉ်များသွားလာနေမှုကြောင့် ပိုက်နက်လုံခြုံစေရန် ပုံမှန်ကင်းလှည့်မှုများလုပ်ဆောင်ခဲ့ပြီး လာမည့် ဇန်နဝါရီ ၁၀ ရက်၌ ကြည်း၊ ရေ၊ လေ တပ်များမှ စစ်သည်အင်အား ၆၀၀ ကျော်ကို နာတူနာကျွန်း၌ တပ်ဖြန့်ချထားမည်ဟု ဆိုသည်။

ပြီးခဲ့သည့်အပတ်က အင်ဒိုနီးရှားရှိ တရုတ်သံအမတ်ကြီးအား အစိုးရမှဆင့်ခေါ်ပြီး ဒီဇင်ဘာ လလယ်က အဆိုပါကျွန်းအနီး တရုတ်ငါးဖမ်းလှေများကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်များက စောင့်ရှောက်ပေးနေမှုအပေါ်  ဆန့်ကျင်ပြောခဲ့သေးသည်။  ထိုကိစ္စဖြစ်ပြီးနောက်ပိုင်း အငြင်းပွားနေသည့်ရေပိုက်နက်အနီး ယခုကဲ့သို့ တပ်ဖြန့်ချထားများလုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။