အရက္မူးၿပီး လင္မယားႏွစ္ဦးကို ဆဲဆိုစိန္ေခၚသူ အသတ္ခံရ
ရန္ကုန္၊ ဇန္နဝါရီ ၁၁
ပဲခူးတိုင္းေဒသႀကီး၊ မိုးညိဳၿမိဳ႕နယ္၊ ဝဲႀကီးေက်းရြာတြင္ အရက္မူးေနသည့္ အမ်ိဳးသားတစ္ဦး အိမ္ခ်င္းကပ္ေနထိုင္သည့္ လင္မယားႏွစ္ဦးကို ဆဲဆိုစိန္ေခၚခဲ့ရာမွ အသတ္ခံရေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
အသတ္ခံရသူ ကိုလွိုင္ဝင္း (၃၉) ႏွစ္မွာ ဇန္နဝါရီ ၉ ရက္ ညေနပိုင္းက အရက္ေသစာေသာက္စားၿပီးေနာက္ ေနအိမ္သို႔ ျပန္လာၿပီး ယခင္က ၎၏ အေမျဖစ္သူအား ဆဲဆိုခဲ့သည့္ အိမ္ခ်င္းကပ္ေနထိုင္သည့္ လင္မယားႏွစ္ဦးကို ဆဲဆိုစိန္ေခၚခဲ့သည္။
ယင္းသို႔ ဆဲဆိုစိန္ေခၚေနသျဖင့္ အိမ္ခ်င္းကပ္ေနထိုင္သည္ လင္မယား ႏွစ္ဦးျဖစ္ေသာ မိထူး(ခ) သင္းသင္းစိန္ႏွင့္ ၎၏ ခင္ပြန္းေက်ာ္ခင္တို႔က ေနအိမ္ေအာက္သို႔ ဆင္းလာၿပီး ၿခံဝင္းအတြင္းကိုလွိုင္ဝင္းႏွင့္ လုံးေထြးသတ္ပုတ္ေနစဥ္ ကိုလွိုင္ဝင္း၏ ဇနီးျဖစ္သူက ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ေနအိမ္ထံသို႔ ေျပး၍ အသိေပးအေၾကာင္းၾကားခဲ့သည္။
ယင္းေနာက္ ရန္ပြဲျဖစ္ပြားရာသို႔ သြားေရာက္ၾကည့္ရႈရာ ေျမျပင္ေပၚလဲက်ေနသည့္ ကိုလွိုင္ဝင္းမွာ ထိုးသြင္းဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆုံးေနသည္ကို ေတြ႕ရွိသျဖင့္ ျပစ္မႈက်ဴးလြန္သည့္ လင္မယားႏွစ္ဦးမွ မိထူး(ခ) သင္းသင္း စိန္ကို အခင္းျဖစ္ညတြင္ ဖမ္းမိခဲ့သည္။
အမႈမွ ထြက္ေျပးတိမ္းေရွာင္ေနေသာ မိထူး(ခ) သင္းသင္းစိန္၏ ခင္ပြန္း ျဖစ္သူကို ဇန္နဝါရီ ၁၀ ရက္ နံနက္ ၉ နာရီခန္႔တြင္ ဝဲႀကီးေက်းရြာ၊ ရြာလယ္လမ္းတြင္ ဖမ္းမိသျဖင့္ ၎တို႔လင္မယား ႏွစ္ဦးကို မိုးညိဳၿမိဳ႕မရဲစခန္းက လူသတ္မႈ ပုဒ္မ ၃၀၂/၁၁၄ ျဖင့္ အမႈဖြင့္ အေရးယူ ထားေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
Unicode
အရက်မူးပြီး လင်မယားနှစ်ဦးကို ဆဲဆိုစိန်ခေါ်သူ အသတ်ခံရ
ရန်ကုန်၊ ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာတွင် အရက်မူးနေသည့် အမျိုးသားတစ်ဦး အိမ်ချင်းကပ်နေထိုင်သည့် လင်မယားနှစ်ဦးကို ဆဲဆိုစိန်ခေါ်ခဲ့ရာမှ အသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အသတ်ခံရသူ ကိုလှိုင်ဝင်း (၃၉) နှစ်မှာ ဇန်နဝါရီ ၉ ရက် ညနေပိုင်းက အရက်သေစာသောက်စားပြီးနောက် နေအိမ်သို့ ပြန်လာပြီး ယခင်က ၎င်း၏ အမေဖြစ်သူအား ဆဲဆိုခဲ့သည့် အိမ်ချင်းကပ်နေထိုင်သည့် လင်မယားနှစ်ဦးကို ဆဲဆိုစိန်ခေါ်ခဲ့သည်။
ယင်းသို့ ဆဲဆိုစိန်ခေါ်နေသဖြင့် အိမ်ချင်းကပ်နေထိုင်သည် လင်မယား နှစ်ဦးဖြစ်သော မိထူး(ခ) သင်းသင်းစိန်နှင့် ၎င်း၏ ခင်ပွန်းကျော်ခင်တို့က နေအိမ်အောက်သို့ ဆင်းလာပြီး ခြံဝင်းအတွင်းကိုလှိုင်ဝင်းနှင့် လုံးထွေးသတ်ပုတ်နေစဉ် ကိုလှိုင်ဝင်း၏ ဇနီးဖြစ်သူက ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်ထံသို့ ပြေး၍ အသိပေးအကြောင်းကြားခဲ့သည်။
ယင်းနောက် ရန်ပွဲဖြစ်ပွားရာသို့ သွားရောက်ကြည့်ရှုရာ မြေပြင်ပေါ်လဲကျနေသည့် ကိုလှိုင်ဝင်းမှာ ထိုးသွင်းဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကို တွေ့ရှိသဖြင့် ပြစ်မှုကျူးလွန်သည့် လင်မယားနှစ်ဦးမှ မိထူး(ခ) သင်းသင်း စိန်ကို အခင်းဖြစ်ညတွင် ဖမ်းမိခဲ့သည်။
အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော မိထူး(ခ) သင်းသင်းစိန်၏ ခင်ပွန်း ဖြစ်သူကို ဇန်နဝါရီ ၁၀ ရက် နံနက် ၉ နာရီခန့်တွင် ဝဲကြီးကျေးရွာ၊ ရွာလယ်လမ်းတွင် ဖမ်းမိသဖြင့် ၎င်းတို့လင်မယား နှစ်ဦးကို မိုးညိုမြို့မရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
0 Comments