ရန္ကုန္၊ ဇန္နဝါရီ ၁၁

တ႐ုတ္နိုင္ငံ၏ အာရွေရးရာအထူးကိုယ္စားလွယ္သည္ ကခ်င္ျပည္နယ္လိုင္ဇာသို႔လာေရာက္ၿပီး KIO၊ AA အစရွိသည့္ တိုင္းရင္းသားလက္နက္ကိုင္မ်ားႏွင့္ ေတြ႕ဆုံခဲ့ၿပီးတ႐ုတ္ႏွစ္သစ္ကူးကာလအတြင္း နယ္စပ္ေဒသ တည္ၿငိမ္ေရးေဆာင္ရြက္ရန္ ေျပာၾကားသြားေၾကာင္း အဆိုပါအဖြဲ႕မ်ားထံမွ သိရသည္။

တ႐ုတ္နိုင္ငံျခားေရးဌာန အာရွေရးရာ အထူးကိုယ္စားလွယ္မစၥတာဆြန္ေကာ္ရွန္းသည္ ကခ်င္လြတ္လပ္ေရးအဖြဲ႕ (KIO/KIA) ဌာနခ်ဳပ္ရွိရာကခ်င္ျပည္နယ္ လိုင္ဇာသို႔ ဇန္နဝါရီလ ၁၀ ရက္ေန႔က လာေရာက္ခဲ့ကာ KIO ဥကၠ႒

ဗိုလ္ခ်ဳပ္ႀကီးအင္ဘန္လ အပါအဝင္ ဗဟိုေကာ္မတီဝင္မ်ား၊ AAလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ စသည္တို႔ႏွင့္ ေတြ႕ဆုံခဲ့သည္။

တ႐ုတ္အာရွေရးရာ အထူးကိုယ္စားလွယ္အေနႏွင့္ ႏွစ္သစ္ကူးကာလနယ္စပ္တည္ၿငိမ္ေရးအပါအဝင္ အခ်က္သုံးခ်က္ကို အဓိကထားေျပာၾကားခဲ့ေၾကာင္းကခ်င္လြတ္လပ္ေရးအဖြဲ႕ (KIO/KIA) ၏ ျပန္ၾကားေရးတာဝန္ခံ

ဗိုလ္မႉးႀကီးေနာ္ဘူက The Voice Daily သို႔ ေျပာၾကားသည္။

တ႐ုတ္ကိုယ္စားလွယ္က တ႐ုတ္ႏွစ္သစ္ကူးကာလအတြင္း ကခ်င္လူႀကီးမ်ားကိုရိုးရာအရလာေရာက္ေတြ႕ဆုံျခင္းျဖစ္ေၾကာင္း၊ ႏွစ္သစ္ကူးကာလအတြင္းနယ္စပ္တည္ၿငိမ္ေအးခ်မ္းေရးေဆာင္ရြက္ရန္ တိုက္ပြဲမ်ားမရွိေစရန္ အပါအဝင္ျမန္မာနိုင္ငံ၏ ျပည္တြင္းစစ္ကို နိဂုံးခ်ဳပ္နိုင္ေရးႀကိဳးစားရန္အစရွိသည့္ အခ်က္မ်ားကို ေျပာၾကားသြားေၾကာင္း ၎ကဆိုသည္။

လာမည့္ ဇန္နဝါရီလ ၁၇ ရက္ေန႔တြင္ ျမန္မာနိုင္ငံသို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္၏ ခရီးစဥ္ရွိေနၿပီး ယင္းခရီးစဥ္မတိုင္မီ

တ႐ုတ္ကိုယ္စားလွယ္အေနႏွင့္ ယင္းသို႔ လိုင္ဇာသို႔လာေရာက္ခဲ့ျခင္းလည္းျဖစ္သည္။

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္အေနႏွင့္ ျမန္မာနိုင္ငံသို႔ သမၼတအျဖစ္ပထမဦးဆုံးလာေရာက္သည့္ ခရီးစဥ္ျဖစ္လာမည္ျဖစ္ၿပီး ခရီးစဥ္အတြင္းတ႐ုတ္နိုင္ငံ၏ အဓိကစီမံကိန္းျဖစ္သည့္ Belt and Road Initiativeစီမံကိန္းႏွင့္ပတ္သက္၍ ျမန္မာအစိုးရေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးရန္ရွိေၾကာင္း သုံးသပ္မႈမ်ားရွိေနသည္။

တ႐ုတ္သမၼတ၏ ခရီးစဥ္အတြင္း ျမန္မာနိုင္ငံအတြင္း စီမံကိန္းအခ်ိဳ႕လက္မွတ္ထိုးသြားရန္ ရွိေနသည္ဟု သုံးသပ္မႈမ်ားရွိေနေသာ္လည္းလိုင္ဇာသို႔လာေရာက္ခဲ့သည့္ တ႐ုတ္ကိုယ္စားလွယ္အေနႏွင့္ေတာ့ အဆိုပါ

စီးပြားေရး စီမံကိန္းမ်ားႏွင့္ ပတ္သက္၍ တစ္စုံတစ္ရာေျပာၾကားသြားခဲ့ျခင္းမရွိေၾကာင္း ဗိုလ္မႉးႀကီးေနာ္ဘူက

ဆက္လက္ေျပာၾကားသည္။

“အဓိကကေတာ့ တ႐ုတ္ႏွစ္သစ္ကူး ကာလအတြင္းမွာနယ္စပ္တည္ၿငိမ္ေအာင္ေဆာင္ရြက္ဖို႔ကို ေျပာသြားတာေပါ့။ သေဘာကေတာ့တိုက္ပြဲေတြမျဖစ္ဖို႔ကို ေျပာသြားတာေပါ့။ ၿပီးေတာ့ ျမန္မာနိုင္ငံရဲ့ျပည္တြင္းစစ္ကို နိဂုံးခ်ဳပ္ဖို႔ ႀကိဳးစားဖို႔ကိုလည္းတိုက္တြန္းသြားပါတယ္” ဟု ၎ကဆိုသည္။

တ႐ုတ္ကိုယ္စားလွယ္ႏွင့္ AA ေခါင္းေဆာင္တို႔ လိုင္ဇာတြင္ေတြ႕ဆုံမႈရွိခဲ့ေသာ္လည္း သီးသန႔္ေတြ႕ဆုံခဲ့ျခင္း ရွိ မရွိကိုမူ မသိရေၾကာင္းလည္း၎ကေျပာဆိုသည္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ (KIO/KIA) လက္နက္ကိုင္အဖြဲ႕သည္ အစိုးရႏွင့္တပ္မေတာ္တို႔ႏွင့္ ပဏာမ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္တစ္ခုလက္မွတ္ေရးထိုးနိုင္ရန္ ေဆြးေႏြးလ်က္ရွိေနဆဲျဖစ္သည့္လက္နက္ကိုင္အဖြဲ႕ျဖစ္သည္။

J-08



Unicode



နှစ်သစ်ကူးကာလ မြန်မာ - တရုတ် နယ်စပ်တည်ငြိမ်ရန် တရုတ်လိုလား



ရန်ကုန်၊ ဇန်နဝါရီ ၁၁

တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ်သည် ကချင်ပြည်နယ်လိုင်ဇာသို့လာရောက်ပြီး KIO၊ AA အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံခဲ့ပြီးတရုတ်နှစ်သစ်ကူးကာလအတွင်း နယ်စပ်ဒေသ တည်ငြိမ်ရေးဆောင်ရွက်ရန် ပြောကြားသွားကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်မစ္စတာဆွန်ကော်ရှန်းသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်ရှိရာကချင်ပြည်နယ် လိုင်ဇာသို့ ဇန်နဝါရီလ ၁၀ ရက်နေ့က လာရောက်ခဲ့ကာ KIO ဥက္ကဋ္ဌ

ဗိုလ်ချုပ်ကြီးအင်ဘန်လ အပါအဝင် ဗဟိုကော်မတီဝင်များ၊ AAလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် စသည်တို့နှင့် တွေ့ဆုံခဲ့သည်။

တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ်အနေနှင့် နှစ်သစ်ကူးကာလနယ်စပ်တည်ငြိမ်ရေးအပါအဝင် အချက်သုံးချက်ကို အဓိကထားပြောကြားခဲ့ကြောင်းကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ၏ ပြန်ကြားရေးတာဝန်ခံ

ဗိုလ်မှူးကြီးနော်ဘူက The Voice Daily သို့ ပြောကြားသည်။

တရုတ်ကိုယ်စားလှယ်က တရုတ်နှစ်သစ်ကူးကာလအတွင်း ကချင်လူကြီးများကိုရိုးရာအရလာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ နှစ်သစ်ကူးကာလအတွင်းနယ်စပ်တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန် တိုက်ပွဲများမရှိစေရန် အပါအဝင်မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို နိဂုံးချုပ်နိုင်ရေးကြိုးစားရန်အစရှိသည့် အချက်များကို ပြောကြားသွားကြောင်း ၎င်းကဆိုသည်။

လာမည့် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရုတ်သမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်ရှိနေပြီး ယင်းခရီးစဉ်မတိုင်မီ

တရုတ်ကိုယ်စားလှယ်အနေနှင့် ယင်းသို့ လိုင်ဇာသို့လာရောက်ခဲ့ခြင်းလည်းဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနှင့် မြန်မာနိုင်ငံသို့ သမ္မတအဖြစ်ပထမဦးဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်လာမည်ဖြစ်ပြီး ခရီးစဉ်အတွင်းတရုတ်နိုင်ငံ၏ အဓိကစီမံကိန်းဖြစ်သည့် Belt and Road Initiativeစီမံကိန်းနှင့်ပတ်သက်၍ မြန်မာအစိုးရခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။

တရုတ်သမ္မတ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွင်း စီမံကိန်းအချို့လက်မှတ်ထိုးသွားရန် ရှိနေသည်ဟု သုံးသပ်မှုများရှိနေသော်လည်းလိုင်ဇာသို့လာရောက်ခဲ့သည့် တရုတ်ကိုယ်စားလှယ်အနေနှင့်တော့ အဆိုပါ

စီးပွားရေး စီမံကိန်းများနှင့် ပတ်သက်၍ တစ်စုံတစ်ရာပြောကြားသွားခဲ့ခြင်းမရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက

ဆက်လက်ပြောကြားသည်။

“အဓိကကတော့ တရုတ်နှစ်သစ်ကူး ကာလအတွင်းမှာနယ်စပ်တည်ငြိမ်အောင်ဆောင်ရွက်ဖို့ကို ပြောသွားတာပေါ့။ သဘောကတော့တိုက်ပွဲတွေမဖြစ်ဖို့ကို ပြောသွားတာပေါ့။ ပြီးတော့ မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကို နိဂုံးချုပ်ဖို့ ကြိုးစားဖို့ကိုလည်းတိုက်တွန်းသွားပါတယ်” ဟု ၎င်းကဆိုသည်။

တရုတ်ကိုယ်စားလှယ်နှင့် AA ခေါင်းဆောင်တို့ လိုင်ဇာတွင်တွေ့ဆုံမှုရှိခဲ့သော်လည်း သီးသန့်တွေ့ဆုံခဲ့ခြင်း ရှိ မရှိကိုမူ မသိရကြောင်းလည်း၎င်းကပြောဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) လက်နက်ကိုင်အဖွဲ့သည် အစိုးရနှင့်တပ်မတော်တို့နှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုလက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးလျက်ရှိနေဆဲဖြစ်သည့်လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

J-08