ကေလး ဇန္နဝါရီ ၁၁

ခ်င္းျပည္နယ္ ပလက္ျဝမို႔နယ္အတြင္းရွိ ေက်းရြာမ်ားတြင္ ေနထိုင္သည့္ ခ်င္းတိုင္းရင္းသူ  မိန္းကေလးမ်ားကို မုဒိမ္းက်င့္ရန္ ႀကံစည္ၿပီး ေက်းရြာသူေက်းရြာသားမ်ားကို ဖမ္းဆီးႏွိပ္စက္ျခင္းမ်ား ျပဳလုပ္ေနသည့္ AA လက္နက္ကိုင္အဖြဲ႕ ကို ျပင္းထန္စြာကန္႔ကြက္ရႈံ႔ခ်ေၾကာင္း ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာေပါင္းစပ္ညႇိႏွိုင္းေရးေကာင္စီ က ထုတ္ျပန္ေၾကညာခဲ့သည္။

AA လက္နက္ကိုင္အဖြဲ႕သည္ လြန္ခဲ့သည့္ တစ္ပတ္ခန္႔မွ စတင္၍ ပလက္ျဝမို႔နယ္ က်ီးေလးေက်းရြာတြင္ အေျခခ်ေနထိုင္စဥ္ ေက်းရြာရွိ အမ်ိဳးသမီးငယ္တစ္ဦး ကို ေအေအအဖြဲ႕မွ လက္နက္ျပၿခိမ္းေျခာက္ၿပီး အဓၶမက်င့္ရန္ ႀကံစည္သျဖင့္ ေက်းရြာလူႀကီးမ်ားက တားျမစ္ခဲ့ရာမွ ေက်းရြာလူႀကီးမ်ားကို ရိုက္ႏွက္ျခင္း လူငယ္မ်ားကို ေက်းရြာအနီး ျမစ္ကမ္းနေဘး ေနပူထဲတြင္ ႀကိဳးတပ္ ေနပူလွန္ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္းယင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပသည္.။

ထိုအျပင္ ပလက္ျဝမို႔နယ္ ဆီးဖေလာင္းေက်းရြာမွ ေက်ာင္းဆရာဦးအာေဗလ ႏွင့္ ေက်းရြာေန ရခိုင္လူမ်ိဳးႏွစ္ဦး ကို ဇန္နဝါရီလ ၇ ရက္ေန႔က ေအေအလက္နက္ကိုင္အဖြဲ႕ က ဖမ္းဆီး ေခၚေဆာင္ၿပီးေနာက္ ဇန္နဝါရီလ ၁၀ ရက္ေန႔တြင္ လည္ေကာင္းတို႔ သုံးဦး ၏ အေလာင္းမ်ားကို ပလက္ျဝမို႔နယ္ အင္ခို၀ေက်းရြာႏွင့္စိမ္းစင္ရြာအၾကား ရွိ ေတာထဲတြင္ ရွာေဖြေတြ႕ရွိခဲ့ရာ အျပစ္မဲ အရပ္သားမ်ားကို ႏွိပ္စက္သတ္ျဖတ္မႈကို ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေပါင္းစပ္ညႇိႏွိုင္းေရးေကာင္စီမွ အဆိုပါ လုပ္ရပ္ကို ျပင္းထန္စြာကန္႔ကြက္ရႈံ႔ခ်ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

"အၾကမ္းဖက္ လုပ္ရပ္ေတြကို ကၽြန္ေတာ္တို႔ လက္မခံပါဘူး"ဟု အဆိုပါ ေကာ္မတီမွ ေျပာေရးဆိုခြင့္ရွိသူ ဦးေစာၿမ က ေျပာသည္။

ခ်င္းတိုင္းရင္းသားမ်ား အေပၚ AA လက္နက္ကိုင္ အဖြဲ႕၏ ျပဳမႈမႈႏွင့္ ပတ္သက္၍ (AA) ျပန္ၾကားေရး တာဝန္ခံ ခိုင္သုခထံ ဆက္သြယ္ေသာ္လည္း ဆက္သြယ္၍ မရရွိခဲ့ေပ။

ပလက္ျဝမို႔သည္ ခ်င္းျပည္နယ္ေတာင္ပိုင္း အစြန္ဆုံးတြင္ တည္ရွိသည့္ ၿမိဳ႕ျဖစ္ကာ ျမစ္ေခ်ာင္းေပါမ်ားၿပီး ေတာေတာင္ထူထပ္ကာ ျမန္မာ-အိႏၵိယ-ဘဂၤလာေဒ့ရွ္ သုံးနိုင္ငံ နယ္စပ္အနီးတြင္ တည္ရွိသည့္ ၿမိဳ႕ျဖစ္သည္။

ေအေအလက္နက္ကိုင္အဖြဲ႕သည္ ၂၀၁၅ ခုႏွစ္ မွ စတင္ အေျချပဳ လႈပ္ရွားခဲ့ရာမွ ပလက္ျဝမို႔နယ္အတြင္းရွိေက်းရြာမ်ား ရြာလုံးကၽြတ္ ထြက္ေျပးၾကရျခင္း မိုင္းနင္းမိေသဆုံးျခင္း ဖမ္းဆီးႏွိပ္စက္ခံရျခင္းမ်ား အျပင္ ပလက္ျဝမို႔နယ္မွအမ်ိဳးသားလႊတ္ေတာ္ကိုယ္စာလွယ္ဦးေဝွ႕တင္း ကို ဖမ္းဆီးေခၚေဆာင္ထားျခင္းမ်ား ျပဳလုပ္ခဲ့သည္။

 NLD ပါတီ ဘူသီးေတာင္ၿမိဳ႕နယ္ မွ  ဥကၠဌ မွာ  ICJ အေရး သြားေရာက္ေျဖရွင္းေနေသာ ေဒၚေအာင္ဆန္းစုၾကည္ ကို ေထာက္ခံပြဲ

ျပဳလုပ္ရန္ေက်းရြာမ်ားသို႔ သြားေရာက္ေနစဥ္ AA အဖြဲ႕၏ ဖမ္းဆီးျခင္း ခံရၿပီးေနာက္ ေသဆုံးခဲသည္။

 ပလက္ျဝမို႔အနီး AA လက္နက္ကိုင္အဖြဲ႕ လႈပ္ရွားမႈမ်ား ျပဳလုပ္ေနသျဖင့္  ၂၀၁၉ခုႏွစ္ နို၀င္ဘာလ ၁၁ ရက္ေန႔မွ စတင္ ညမထြက္ရ  ထားရသည္။



R20





Unicode





NEWS

ချင်း တိုင်းရင်းသူများအား မုဒိမ်းကျင့်ရန် ကြံစည်ဟုဆိုကာ AA လက်နက်ကိုင်အဖွဲ့ ကို ရှုံ့ချ


ကလေး ဇန်နဝါရီ ၁၁

ချင်းပြည်နယ် ပလက်ဝြမို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်သည့် ချင်းတိုင်းရင်းသူ  မိန်းကလေးများကို မုဒိမ်းကျင့်ရန် ကြံစည်ပြီး ကျေးရွာသူကျေးရွာသားများကို ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေသည့် AA လက်နက်ကိုင်အဖွဲ့ ကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ က ထုတ်ပြန်ကြေညာခဲ့သည်။

AA လက်နက်ကိုင်အဖွဲ့သည် လွန်ခဲ့သည့် တစ်ပတ်ခန့်မှ စတင်၍ ပလက်ဝြမို့နယ် ကျီးလေးကျေးရွာတွင် အခြေချနေထိုင်စဉ် ကျေးရွာရှိ အမျိုးသမီးငယ်တစ်ဦး ကို အေအေအဖွဲ့မှ လက်နက်ပြခြိမ်းခြောက်ပြီး အဓ္ဓမကျင့်ရန် ကြံစည်သဖြင့် ကျေးရွာလူကြီးများက တားမြစ်ခဲ့ရာမှ ကျေးရွာလူကြီးများကို ရိုက်နှက်ခြင်း လူငယ်များကို ကျေးရွာအနီး မြစ်ကမ်းနဘေး နေပူထဲတွင် ကြိုးတပ် နေပူလှန်ခြင်းများ ပြုလုပ်ခဲ့ကြောင်းယင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်.။

ထိုအပြင် ပလက်ဝြမို့နယ် ဆီးဖလောင်းကျေးရွာမှ ကျောင်းဆရာဦးအာဗေလ နှင့် ကျေးရွာနေ ရခိုင်လူမျိုးနှစ်ဦး ကို ဇန်နဝါရီလ ၇ ရက်နေ့က အေအေလက်နက်ကိုင်အဖွဲ့ က ဖမ်းဆီး ခေါ်ဆောင်ပြီးနောက် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် လည်ကောင်းတို့ သုံးဦး ၏ အလောင်းများကို ပလက်ဝြမို့နယ် အင်ခိုဝကျေးရွာနှင့်စိမ်းစင်ရွာအကြား ရှိ တောထဲတွင် ရှာဖွေတွေ့ရှိခဲ့ရာ အပြစ်မဲ အရပ်သားများကို နှိပ်စက်သတ်ဖြတ်မှုကို ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ အဆိုပါ လုပ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

"အကြမ်းဖက် လုပ်ရပ်တွေကို ကျွန်တော်တို့ လက်မခံပါဘူး"ဟု အဆိုပါ ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောမြ က ပြောသည်။

ချင်းတိုင်းရင်းသားများ အပေါ် AA လက်နက်ကိုင် အဖွဲ့၏ ပြုမှုမှုနှင့် ပတ်သက်၍ (AA) ပြန်ကြားရေး တာဝန်ခံ ခိုင်သုခထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ပလက်ဝြမို့သည် ချင်းပြည်နယ်တောင်ပိုင်း အစွန်ဆုံးတွင် တည်ရှိသည့် မြို့ဖြစ်ကာ မြစ်ချောင်းပေါများပြီး တောတောင်ထူထပ်ကာ မြန်မာ-အိန္ဒိယ-ဘင်္ဂလာဒေ့ရှ် သုံးနိုင်ငံ နယ်စပ်အနီးတွင် တည်ရှိသည့် မြို့ဖြစ်သည်။

အေအေလက်နက်ကိုင်အဖွဲ့သည် ၂၀၁၅ ခုနှစ် မှ စတင် အခြေပြု လှုပ်ရှားခဲ့ရာမှ ပလက်ဝြမို့နယ်အတွင်းရှိကျေးရွာများ ရွာလုံးကျွတ် ထွက်ပြေးကြရခြင်း မိုင်းနင်းမိသေဆုံးခြင်း ဖမ်းဆီးနှိပ်စက်ခံရခြင်းများ အပြင် ပလက်ဝြမို့နယ်မှအမျိုးသားလွှတ်တော်ကိုယ်စာလှယ်ဦးဝှေ့တင်း ကို ဖမ်းဆီးခေါ်ဆောင်ထားခြင်းများ ပြုလုပ်ခဲ့သည်။

 NLD ပါတီ ဘူသီးတောင်မြို့နယ် မှ  ဥက္ကဌ မှာ  ICJ အရေး သွားရောက်ဖြေရှင်းနေသော ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံပွဲ

ပြုလုပ်ရန်ကျေးရွာများသို့ သွားရောက်နေစဉ် AA အဖွဲ့၏ ဖမ်းဆီးခြင်း ခံရပြီးနောက် သေဆုံးခဲသည်။

 ပလက်ဝြမို့အနီး AA လက်နက်ကိုင်အဖွဲ့ လှုပ်ရှားမှုများ ပြုလုပ်နေသဖြင့်  ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင် ညမထွက်ရ  ထားရသည်။

R20