Image may contain: sky and outdoor
Image may contain: sky and outdoor
Image may contain: one or more people
အကုန်သိ


Unicode





ပြိုင်ဘက် ယာဉ်လိုင်းများ၏ တိုင်ကြားမှုများကြောင့် YBS ၂၁ သီးသန့်အထူး ယာဉ်လိုင်းပြေးဆွဲမှုကို ဖျက်သိမ်းကာ ပုံမှန်ယာဉ် လိုင်းအနေဖြင့်သာ ပြေးဆွဲသွားမည် ဖြစ်ကြောင်း Power Eleven ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်းဒါရိုက်တာ ကိုတရုတ်လေး က ပြောသည်။


YRTA ၏ ပေါ်လစီနှင့် မကိုက်ညီသည့်အတွက် YBS ၂၁ အထူးယာဉ်လိုင်းကို ရပ်နားလိုက်ပြီဟု သတင်းများဖော်ပြနေမှုနှင့် ပတ် သက်၍ ဆက်သွယ် မေးမြန်းရာစဉ် ၄င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။



“ယာဉ်ပေါ်မှာ ယာဉ်စီးခ မကပ်ထားဘူး။ ခရီးသည်တွေက ပိုပေးလေ့ရှိကြတယ်။ ယာဉ်စီးခ တံဆိပ်မကပ်ထားတော့ စည်းမျဉ်း စည်းကမ်းနဲ့ကျတော့ မကိုက်ညီဘူး။ လမ်းမှာတွေ့ရင် မကြာခဏ ဖမ်းတယ်ယာဉ်ကို။ ခရီးသည်တွေ သက်တောင့်သက်သာဖြစ် အောင် ကားပေါ်မှာ လုပ်ပေးထားတယ်။ လိုက်ကာတွေ ကာတာက အစပေါ့။ ဒါတွေကို ပြိုင်ဘက်ယာဉ်လိုင်းတွေက တိုင်ကြ တယ်။ ဒီအခြေအနေတွေကို ပြန်သုံးသပ်လိုက်တဲ့အခါမှာ ပေးထားတဲ့ ဝန်ဆောင်မှုတွေကို လျှော့ချပြီးတော့ YBS ၂၁ ယာဉ်လိုင်း တွေလိုပုံမှန်အတိုင်းခရီးသည်တင်တယ်။ သူတို့က တရားဝင် ညွှန်ကြားချက်မထုတ်ပေးဘူး။ သူ့ရဲ့နှုတ်မိန့်နဲ့ပဲလုပ်တာ” ဟု ကို တရုတ်လေးက ပြောသည်။



၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် ၈၃ စီးဖြင့် YBS ၂၁ ယာဉ်လိုင်းကို ပြေးဆွဲခဲ့ပြီး ခရီးသည် အပိုမတ်တပ်ရပ်စီးမပါ ခုံအပြည့် သာတင်သည့် YBS ၂၁ သီးသန့် ယာဉ်အစီးရေမှာ ၃၀ ဖြစ်ကြောင်း သိရသည်။

အကုန်သိ