မိုမိုလေး


Unicode



နှင်းတောထဲက ဘန်ဂလိုအမိုက်စားကြီးမှာ တည်းခိုခဲ့တဲ့ ဝတ်မှုံရွှေရည်


နိုင်ငံကျော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ဝတ်မှုံရွှေရည်က အခုအရွယ်ထိတိုင် နာမည်လုံးဝမကျသွားပဲ အောင်မြင်မှုအပေါင်း သရဖူဆောင်းထားသူလေး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာလည်း ပရိသတ်တွေအတွက် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက် ရှိပါတယ်။



ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ ဆွစ်ဇာလန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတာ ဖြစ်ပြီး သူမရဲ့ အားလပ်ရက်လေးကို အကျိုးရှိရှိ အသုံးချနေတာပဲ ဖြစ်ပါတယ်။



ဝတ်မှုံရွှေရည်က ဆွစ်ဇာလန်နိုင်ငံက Grindelwald ဆိုတဲ့ တောင်ပေါ်ရွာလေးကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က Grindelwald က အရမ်းလှတဲ့ ဘန်ဂလိုလုံးလုံးလေးမှာ တည်းခိုခဲ့တာ ဖြစ်ပါတယ်။



ဝတ်မှုံရွှေရည်က လက်ရှိမှာ အနောက်ဥရောပနိုင်ငံတွေကို သွားရောက်လည်ပတ်နေသလို မကြာခင်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။



ဝတ်မှုံရွှေရည် ရောက်နေတဲ့နေရာလေးက အရမ်းလှပြီး နေချင်စဖွယ်လေးနော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ခရီးသွားပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။

မိုမိုလေး