မိုမိုလေး

Unicode


အိမ်ထောင်သက် ၂နှစ်ပြည့်သွားပြီဖြစ်တဲ့ အောင်သူ နဲ့ ပိုးအိအိခန့်


မြန်မာ့ဘောလုံးလောကရဲ့ နာမည်ကြီး ဘောလုံးကစားသမားတစ်ဦးဖြစ်တဲ့ အောင်သူ ရဲ့ ဇနီးချောလေး သရုပ်ဆောင် ပိုးအိအိခန့် ဟာဆိုရင်ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင်တစ်ဦးပါ။အောင်သူနဲ့ ပိုးအိအိခန့်တို့က ခုဆိုရင် ချစ်စရာအရမ်းကောင်းတဲ့ သားလေး တစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် အောင်သူနဲ့ ပိုးအိအိခန့် တို့ ရဲ့ အိမ်ထောင်သက် ၂နှစ်ပြည့်သွားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။



အောင်သူနဲ့ ပိုးအိအိခန့်တို့ က သားဦးလေးကို ဂျူလိုင် ၁၉ ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး ပရိသတ်တွေကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သားဦးလေး ပုံရိပ်ကလေးတွေကို ချပြခဲ့ပါတယ်။



ပိုးအိအိခန့် က သားလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ အမြဲ ချပြလေ့ရှိပါတယ်။ဒီတစ်ခါမှာတော့ အောင်သူ နဲ့ ပိုးအိအိခန့် တို့ က အိမ်ထောင်သက် ၂နှစ်ပြည့်သွားပါပြီ။



အောင်သူ က ” 2 year Anniversary ❤️❤️ပါဖောင်းရေ သိပ်ချစ်စရာကောင်းတဲ့သားလေးကိုမွေးပေးတဲ့တွက်ကျေးဇူးများကြီးတင်ပါတယ် ခုလည်းအေးချမ်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတယ်အမြဲတမ်းပိုင်ဆိုင်အောင်တူတူကြိုးစားမယ်တူတူအေးချမ်းတဲ့ဘဝလေးကိုတည်ဆောက်ကြမယ်နော် ❤️❤️” ဆိုပြီး ပြောထားပါတယ်။



အောင်သူနဲ့ ပိုးအိအိခန့် နဲ့ သားလေး ကိုကိုး တို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေး



သရုပ်​ဆောင် ပိုးအိအိခန့် တို့မိသားစုရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

မိုမိုလေး