က်န္းမာေရးေကာင္းေနမွသာ လုပ္စရာရွိတဲ့ အလုပ္ေတြကို အဆင္ေျပေျပ လုပ္ႏိုင္မွာပါ။ က်န္းမာေရးဆိုတိုင္း ခႏၶာကိုယ္ က်န္းမာေရးကိုပဲ သတိတရ ဂရုစိုက္ေနလို႔ မျဖစ္ပါဘူး။ က်န္းမာေရးဆိုတာ ကိုယ္ေရာ စိတ္ေရာ က်န္းမာမွသာ က်န္းမာတယ္လို႔ ေခၚတာပါ။ လူတစ္ေယာက္မွာ စိတ္ခံစားမႈေတြ ရွိတတ္တယ္ဆိုေပမဲ့ စိတ္ခံစားခ်က္ေတြကေန ေရာဂါေဝဒနာအျဖစ္လည္း ေရာက္သြားႏုိင္ပါတယ္။ ဒါေၾကာင့္ စိတ္က်န္းမာေရးအတြက္ ကုသဖို႔ လိုေနၿပီဆိုတာကို ဒီအခ်က္ေတြ ၾကည့္ၿပီး သိႏိုင္ေစဖို႔ ေဖာ္ျပလိုက္ရပါတယ္။
(၁) ရွင္သန္ရတာ အဓိပၸာယ္ မရွိေတာ့ဘူးလို႔ ခံစားရတဲ့အခါ

တစ္ေန႔တစ္ေန႔ ပတ္ဝန္းက်င္ တစ္ခုလံုးအေပၚ ဘာမွ ခံစားမႈ သိပ္မရွိေတာ့ပဲ ျဖစ္ေနတယ္။ စိတ္ခံစားခ်က္ေတြက ေပ်ာ္သြားလိုက္ ဝမ္းနည္းလိုက္ ဗလာသက္သက္ ဟာတာတာႀကီး ျဖစ္လိုက္နဲ႔ မၾကာခဏ ေျပာင္းလဲေနတယ္။ ကိုယ့္ကိုယ္ကို ေရွ႕ဆက္ ဘာလုပ္ရမယ္ဆိုတာ မသိဘူး။ ဘာအတြက္ အသက္ရွင္ေနတာလဲ ေတြးမိေနမယ္။ ရွင္သန္ရတာ ေပ်ာ္စရာလည္း မေကာင္း ဘာအဓိပၸာယ္ ရွိလို႔ ရွိမွန္းမသိတာမ်ိဳး ျဖစ္ေနမယ္။ အသက္ရွင္ရတာကို မလုိအပ္ေတာ့ဘူးလို႔ ထင္ေနျပီ ဆိုရင္ သက္ဆိုင္ရာ က်န္းမာေရးစင္တာေတြဆီ သြားေရာက္ၿပီး ေဆြးေႏြးဖုိ႔ လိုအပ္ပါတယ္။




(၂) တစ္ေလာကလံုးမွာ ကိုယ္တစ္ေယာက္တည္းပဲ ရွိေတာ့သလို ခံစားရတဲ့ အခါအထီးက်န္တယ္ဆိုတာ ကိုယ့္အနားမွာ ဘယ္သူမွ မရွိလို႔ ခံစားရတာမ်ိဳးဆိုေပမဲ့ စိတ္ေနမေကာင္းဘူးဆိုရင္ေတာ့ အနားမွာ လူေတြ ရွိေနလည္း အထီးက်န္တာကို ခံစားရမွာပါ။ သူငယ္ခ်င္းေတြနဲ႔ စကားေျပာတဲ့အခါ ဟက္ဟက္ပက္ပက္ မရွိေတာ့သလို ခံစားရျပီး ကိုယ့္ကို နားလည္ေပးမယ့္သူ မရွိဘူးလို႔ ခံစားလာရတာက ပတ္ဝန္းက်င္ေၾကာင့္လည္း ျဖစ္သလို၊ သင့္ရဲ႕ စိတ္အေျခအေနေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္္။ ဒီလို အထီးက်န္မႈကေန လူေတြကို ေရွာင္ဖယ္ၿပီး ေနခ်င္လာတတ္ပါတယ္။ လူေတြကို ေရွာင္ဖယ္ၿပီး ေနရာက တစ္ေလာကလံုးမွာ ဘယ္သူကမွ ကိုယ့္ကို စိတ္ႏွစ္ၿပီး မရင္းႏွီးေတာ့သလို တျဖည္းျဖည္း ခံစားလာရရင္ စိတ္က်ေရာဂါပါ ျဖစ္သြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ အခုလိုေတြ ခံစားေနရၿပီး ကိုယ့္ကို နားလည္ေပးတဲ့သူ မရွိေေတာ့ဘူးထင္ရင္ စိတ္ပညာရွင္ေတြနဲ႔ ေဆြးေႏြးတိုင္ပင္ဖို႔ လိုပါတယ္။
(၃) အရမ္းပင္ပန္းလြန္းလို႔ အခုလို အေျခအေနမ်ိဳးနဲ႔ ေရွ႕မဆက္ခ်င္ေတာ့တဲ့အခါမိသားစုနဲ႔ အဆင္မေျပ ျဖစ္လို႔ပဲ ျဖစ္ေစ၊ ခ်စ္သူရည္းစား၊ သူငယ္ခ်င္းနဲ႔ အဆင္ေျပျဖစ္လို႔ပဲ ျဖစ္ေစ သင္ လက္ရွိ ရပ္တည္ေနရတဲ့ ပတ္ဝန္းက်င္အေျခအေနမွာ ေနရတာ မြန္းၾကပ္ၿပီး ပင္ပန္းလာတယ္။ ဒီတိုင္း ဆက္ၿပီး ေနရရင္ အသက္ေတာင္ မရွင္ခ်င္ေတာ့ဘူး ဆိုတာမ်ိဳး ခံစားရေလာက္တဲ့အထိ ျဖစ္ရင္ေတာ့ သတိထားသင့္ပါၿပီ။ ဒီအေျခအေနကို ျငင္းပယ္လို႔လည္း မရဘူး။ အဆင္လည္း မေျပဘူး။ ဘယ္လို ေရွာင္ရမလဲလည္း မသိေတာ့ဘူးဆိုရင္ေတာ့ ပညာရွင္နဲ႔ တိုင္ပင္မွသာ အဲ့အေျခအေနကေန လြတ္ေျမာက္ၿပီး သင့္ရဲ႕ ပံုမွန္ဘဝကို ျပန္လည္ ရရွိမွာ ျဖစ္ပါတယ္။

.
(၄) စိတ္အတက္အက် ျမန္ေနတဲ့အခါ
စိတ္ခံစားအရမ္းလြယ္တယ္လို႔ လူအမ်ားက ေျပာတတ္ၾကပါတယ္။ ဒီလို အေျခအေနက မေပါ့ဆသင့္ပါဘူး။ ပံုမွန္ စိတ္ခံစားခ်က္တစ္ခုလို သေဘာထားၿပီး အမႈမဲ့အမွတ္မဲ့ ေနေနမယ္ဆိုရင္ သင့္ရဲ႕ လူမႈပတ္ဝန္းက်င္ကိုပါ ထိခိုက္သြားေစႏိုင္ပါတယ္။ ရုတ္တရက္ ေဒါသအလြန္အကၽြံထြက္မယ္၊အလြန္အမင္း ဝမ္းနည္းမယ္၊ ရုတ္တရက္ ဝမ္းနည္းရာက ျပန္ေပ်ာ္သြားတယ္ စတဲ့ ရုတ္ခ်ည္းျမန္တဲ့ စိတ္အေျခအေန ျဖစ္ေနတယ္ဆုိရင္ေတာ့ က်န္းမာေရးစင္တာေတြမွာ ကုသမႈ ခံယူသင့္ပါတယ္။
(၅) သတ္ေသဖို႔ ေတြးေနမိတာ ႀကံစည္မိသလုိ ျဖစ္ေနတာ
ပံုမွန္ လူေကာင္းတစ္ေယာက္ဟာ သတ္ေသဖို႔ ေတြးေလ့ မရွိပါဘူး။ ဒါေၾကာင့္ သင္က သတ္ေသဖို႔ စဥ္းစားမိတယ္ဆိုရင္ သင့္မွာ စိတ္က်န္းမာေရးခ်ိဳ႕ယြင္းေနလို႔ပဲ ျဖစ္ပါတယ္။ စိတ္က်န္းမာေရးခ်ိဳ႕ယြင္းတာက ရွက္စရာ မဟုတ္ပါဘူး။ ကိုယ္ထဲမွာ ျဖစ္ပ်က္တဲ့ က်န္းမာေရးထဲက တစ္စိတ္တစ္ပိုင္းပဲ ျဖစ္ပါတယ္။ မၾကာခဏ သင္က သတ္ေသလိုက္မယ္ဆိုရင္ အဆင္ေျပသြားမွာပဲ ေတြးမိေနတာမ်ိဳး၊ သင္ မရွိေတာ့ရင္ သင္လည္း ခံစားရမွာ မဟုတ္ေတာ့ဘူး ေတြးမိတာေနတာမ်ိဳး၊ ရွင္ေနလည္း သိပ္ေတာ့ မထူးတာမို႔ ေသတာလည္း ေကာင္းတယ္လို႔ ေတြးေနမိတာမ်ိဳးေတြ ျဖစ္လာတယ္ဆိုရင္ေတာ့ ေဆးကုသမႈကို အျမန္ဆံုး ခံယူလိုက္သင့္ပါတယ္ေနာ္။
အားလံုးပဲ က်န္းမာေပ်ာ္ရႊင္ေသာ ဘဝကို ပိုင္ဆိုင္ၾကပါေစေနာ္။


Written by Kham


Unicode


သင် စိတ်ကျန်းမာရေးကုသဖို့ လိုနေပြီဆိုတာကို ပြနေတဲ့အချက်များ 




ကျန်းမာရေးကောင်းနေမှသာ လုပ်စရာရှိတဲ့ အလုပ်တွေကို အဆင်ပြေပြေ လုပ်နိုင်မှာပါ။ ကျန်းမာရေးဆိုတိုင်း ခန္ဓာကိုယ် ကျန်းမာရေးကိုပဲ သတိတရ ဂရုစိုက်နေလို့ မဖြစ်ပါဘူး။ ကျန်းမာရေးဆိုတာ ကိုယ်ရော စိတ်ရော ကျန်းမာမှသာ ကျန်းမာတယ်လို့ ခေါ်တာပါ။ လူတစ်ယောက်မှာ စိတ်ခံစားမှုတွေ ရှိတတ်တယ်ဆိုပေမဲ့ စိတ်ခံစားချက်တွေကနေ ရောဂါဝေဒနာအဖြစ်လည်း ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးအတွက် ကုသဖို့ လိုနေပြီဆိုတာကို ဒီအချက်တွေ ကြည့်ပြီး သိနိုင်စေဖို့ ဖော်ပြလိုက်ရပါတယ်။

(၁) ရှင်သန်ရတာ အဓိပ္ပာယ် မရှိတော့ဘူးလို့ ခံစားရတဲ့အခါ

Sponsored
တစ်နေ့တစ်နေ့ ပတ်ဝန်းကျင် တစ်ခုလုံးအပေါ် ဘာမှ ခံစားမှု သိပ်မရှိတော့ပဲ ဖြစ်နေတယ်။ စိတ်ခံစားချက်တွေက ပျော်သွားလိုက် ဝမ်းနည်းလိုက် ဗလာသက်သက် ဟာတာတာကြီး ဖြစ်လိုက်နဲ့ မကြာခဏ ပြောင်းလဲနေတယ်။ ကိုယ့်ကိုယ်ကို ရှေ့ဆက် ဘာလုပ်ရမယ်ဆိုတာ မသိဘူး။ ဘာအတွက် အသက်ရှင်နေတာလဲ တွေးမိနေမယ်။ ရှင်သန်ရတာ ပျော်စရာလည်း မကောင်း ဘာအဓိပ္ပာယ် ရှိလို့ ရှိမှန်းမသိတာမျိုး ဖြစ်နေမယ်။ အသက်ရှင်ရတာကို မလိုအပ်တော့ဘူးလို့ ထင်နေပြီ ဆိုရင် သက်ဆိုင်ရာ ကျန်းမာရေးစင်တာတွေဆီ သွားရောက်ပြီး ဆွေးနွေးဖို့ လိုအပ်ပါတယ်။







(၂) တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းပဲ ရှိတော့သလို ခံစားရတဲ့ အခါ

အထီးကျန်တယ်ဆိုတာ ကိုယ့်အနားမှာ ဘယ်သူမှ မရှိလို့ ခံစားရတာမျိုးဆိုပေမဲ့ စိတ်နေမကောင်းဘူးဆိုရင်တော့ အနားမှာ လူတွေ ရှိနေလည်း အထီးကျန်တာကို ခံစားရမှာပါ။ သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ ဟက်ဟက်ပက်ပက် မရှိတော့သလို ခံစားရပြီး ကိုယ့်ကို နားလည်ပေးမယ့်သူ မရှိဘူးလို့ ခံစားလာရတာက ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်သလို၊ သင့်ရဲ့ စိတ်အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ််။ ဒီလို အထီးကျန်မှုကနေ လူတွေကို ရှောင်ဖယ်ပြီး နေချင်လာတတ်ပါတယ်။ လူတွေကို ရှောင်ဖယ်ပြီး နေရာက တစ်လောကလုံးမှာ ဘယ်သူကမှ ကိုယ့်ကို စိတ်နှစ်ပြီး မရင်းနှီးတော့သလို တဖြည်းဖြည်း ခံစားလာရရင် စိတ်ကျရောဂါပါ ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် အခုလိုတွေ ခံစားနေရပြီး ကိုယ့်ကို နားလည်ပေးတဲ့သူ မရှိေတော့ဘူးထင်ရင် စိတ်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။

(၃) အရမ်းပင်ပန်းလွန်းလို့ အခုလို အခြေအနေမျိုးနဲ့ ရှေ့မဆက်ချင်တော့တဲ့အခါ

မိသားစုနဲ့ အဆင်မပြေ ဖြစ်လို့ပဲ ဖြစ်စေ၊ ချစ်သူရည်းစား၊ သူငယ်ချင်းနဲ့ အဆင်ပြေဖြစ်လို့ပဲ ဖြစ်စေ သင် လက်ရှိ ရပ်တည်နေရတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ နေရတာ မွန်းကြပ်ပြီး ပင်ပန်းလာတယ်။ ဒီတိုင်း ဆက်ပြီး နေရရင် အသက်တောင် မရှင်ချင်တော့ဘူး ဆိုတာမျိုး ခံစားရလောက်တဲ့အထိ ဖြစ်ရင်တော့ သတိထားသင့်ပါပြီ။ ဒီအခြေအနေကို ငြင်းပယ်လို့လည်း မရဘူး။ အဆင်လည်း မပြေဘူး။ ဘယ်လို ရှောင်ရမလဲလည်း မသိတော့ဘူးဆိုရင်တော့ ပညာရှင်နဲ့ တိုင်ပင်မှသာ အဲ့အခြေအနေကနေ လွတ်မြောက်ပြီး သင့်ရဲ့ ပုံမှန်ဘဝကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။


.
(၄) စိတ်အတက်အကျ မြန်နေတဲ့အခါ

စိတ်ခံစားအရမ်းလွယ်တယ်လို့ လူအများက ပြောတတ်ကြပါတယ်။ ဒီလို အခြေအနေက မပေါ့ဆသင့်ပါဘူး။ ပုံမှန် စိတ်ခံစားချက်တစ်ခုလို သဘောထားပြီး အမှုမဲ့အမှတ်မဲ့ နေနေမယ်ဆိုရင် သင့်ရဲ့ လူမှုပတ်ဝန်းကျင်ကိုပါ ထိခိုက်သွားစေနိုင်ပါတယ်။ ရုတ်တရက် ဒေါသအလွန်အကျွံထွက်မယ်၊အလွန်အမင်း ဝမ်းနည်းမယ်၊ ရုတ်တရက် ဝမ်းနည်းရာက ပြန်ပျော်သွားတယ် စတဲ့ ရုတ်ချည်းမြန်တဲ့ စိတ်အခြေအနေ ဖြစ်နေတယ်ဆိုရင်တော့ ကျန်းမာရေးစင်တာတွေမှာ ကုသမှု ခံယူသင့်ပါတယ်။

(၅) သတ်သေဖို့ တွေးနေမိတာ ကြံစည်မိသလို ဖြစ်နေတာ

ပုံမှန် လူကောင်းတစ်ယောက်ဟာ သတ်သေဖို့ တွေးလေ့ မရှိပါဘူး။ ဒါကြောင့် သင်က သတ်သေဖို့ စဉ်းစားမိတယ်ဆိုရင် သင့်မှာ စိတ်ကျန်းမာရေးချို့ယွင်းနေလို့ပဲ ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးချို့ယွင်းတာက ရှက်စရာ မဟုတ်ပါဘူး။ ကိုယ်ထဲမှာ ဖြစ်ပျက်တဲ့ ကျန်းမာရေးထဲက တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ မကြာခဏ သင်က သတ်သေလိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပဲ တွေးမိနေတာမျိုး၊ သင် မရှိတော့ရင် သင်လည်း ခံစားရမှာ မဟုတ်တော့ဘူး တွေးမိတာနေတာမျိုး၊ ရှင်နေလည်း သိပ်တော့ မထူးတာမို့ သေတာလည်း ကောင်းတယ်လို့ တွေးနေမိတာမျိုးတွေ ဖြစ်လာတယ်ဆိုရင်တော့ ဆေးကုသမှုကို အမြန်ဆုံး ခံယူလိုက်သင့်ပါတယ်နော်။

အားလုံးပဲ ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်ကြပါစေနော်။





Written by Kham