ဖိလစ္ပိုင္ ႏိုင္ငံတြင္ ခရစၥမတ္ပါတီပြဲက်င္းပသူတခ်ိဳ႕အပါအဝင္ အုန္းသီးဝိုင္ေသာက္သုံးၿပီးေနာက္ အနည္းဆုံး လူ ၁၁ ဦး ေသဆုံးၿပီး ၃၀၀ ေက်ာ္ ေဆး႐ုံတင္ခဲ့ရတယ္လို႔ က်န္းမာေရးႏွင့္ေဒသအာဏာပိုင္မ်ားက ဒီဇင္ဘာ ၂၃ ရက္၊ တနလၤာေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ယခုအဆိပ္သင့္မႈဟာ မနီလာၿမိဳ႕ေတာင္ဘက္ျပည္နယ္ႏွစ္ခုျဖစ္တဲ့ လာဂူနာ နဲ႔ ကြီဇုန္တို႔မွာျဖစ္ပြားခဲ့ၿပီး အားလုံးဟာ ျပည္နယ္ေတြမွာလူႀကိဳက္မ်ားတဲ့ေသာက္စရာျဖစ္ၿပီး အားလပ္ရက္ေတြ၊ အခမ္းအနားေတြမွာ အေသာက္မ်ားတဲ့ လန္ဘေနာ့ lambanog ယမကာ ကိုေသာက္သုံးခဲ့ၾကတာျဖစ္ပါတယ္။

ရီဇယ္ၿမိဳ႕ေတာ္ဝန္ ဗီနာ မူေနာ့ဇ္ရဲ႕ တိုက္တြန္းခ်က္အရ အေတာ္မ်ားမ်ားကို ေဆး႐ုံမ်ားသို႔ ပို႔ေဆာင္ခဲ့ၾကရာမွာ အဲဒီေဆး႐ုံေတြမွာပဲ ၾကာသပေတးေန႔နဲ႔ တနဂၤေႏြေန႔အတြင္းက ေသဆုံးမႈေတြ ျဖစ္ပြားခဲ့တာပဲ ျဖစ္ပါတယ္။

ယခုအခါ စိုးရိမ္ရတဲ့ လူႏွစ္ေယာက္ဟာ အေျခအေနတိုးတက္ေကာင္းမြန္လာၿပီျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ဝန္က ေဒသတြင္းေရဒီယိုကို ေျပာၾကားခဲ့ပါတယ္။ လူနာေတြ ေသာက္သုံးခဲ့ၾကတဲ့ အုန္းသီးဝိုင္ေတြကို သူ႔ၿမိဳ႕မွာ ထုတ္လုပ္ခဲ့တာ ျဖစ္တယ္လို႔လည္း ၄င္းက ထပ္ေလာင္းေျပာၾကားပါတယ္။

ေသြးအေျဖနဲ႔ လမ္ဘေနာ့အႂကြင္းအက်န္ နမူနာေတြကို စုစည္းၿပီး တနလၤာေန႔မွာ စမ္းသပ္ဓာတ္ခြဲသြားမွာ ျဖစ္တယ္လို႔ က်န္းမာေရးဌာနက ေျပာၾကားခဲ့ပါတယ္။ “လမ္ဘေနာ့နဲ႔ ပတ္သက္တဲ့ ၀မ္းနည္းစရာ သမိုင္းရွိသြားၿပီေပါ့”လို႔လည္း က်န္းမာေရးဌာနက အဆိပ္သင့္သူေတြကို ရည္ၫႊန္းေျပာၾကားခဲ့ပါတယ္။

‘တခ်ိဳ႕က အားလပ္ရက္ေသာက္သုံးျခင္းနဲ႔ေမြးေန႔ပြဲအတြက္ အခ်ိဳရည္ဝယ္ယူခဲ့ၾကၿပီး တခ်ိဳ႕ကေတာ့ ခရစၥမတ္ပါတီမွာ လႉဒါန္းျခင္းျဖစ္ေၾကာင္း ေဒသခံအာဏာပိုင္ေတြကေျပာၾကားခဲ့ပါတယ္။
ဖိလစ္ပိုင္ႏိုင္ငံမွာ လမ္ဘေနာ့ Lambanog ကို စည္းမ်ဥ္းစည္းကမ္းမရွိထုတ္လုပ္ေရာင္းခ်မႈေတြရွိေနၿပီး ၄င္းကို အႏၲရာယ္ရွိျဖည့္စြက္ ပစၥည္းေတြနဲ႔ တရားမဝင္ထုတ္လုပ္ေနတာျဖစ္ပါတယ္။

တိုင္းျပည္၏အစားအစာႏွင့္ေဆးဝါးကြပ္ကဲမႈဦးစီးဌာန (FDA)က အိမ္တြင္းလုပ္ဘီယာေတြမွာ ျဖည့္စြက္ပစၥည္းအေနနဲ႔ မက္သေနာအသုံးျပဳျခင္းကိုတားျမစ္ထားၿပီး အသုံးျပဳပါကအႏၲရာယ္ရွိေၾကာင္း ယခင္ကသတိေပးခဲ့ပါေသးတယ္။ လြန္ခဲ့တဲ့ တစ္ႏွစ္က FDA နဲ႔ ရဲေတြကို အမ်ားျပည္သူကိုပြင့္လင္းစြာေရာင္းခ်ေနၿပီး မွတ္ပုံတင္ထားျခင္းမရွိတဲ့ lambanog ေတြကို ရွာေဖြသိမ္းဆည္းဖယ္ရွားပစ္ခဲ့ၿပီး ေရာင္းခ်သူေတြကိုလည္းတရားစြဲမယ္လို႔ ၿခိမ္းေျခာက္ထားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က လမ္ဘေနာ့ lambanog ကိုေသာက္သုံးၿပီး ၂၁ ဦးေသဆုံးခဲ့တယ္လို႔ မီဒီယာေတြကေဖာ္ျပခဲ့ပါတယ္။

Unicode ဖြင့်ဖတ်ရန်

ဖိလစ်ပိုင်နိုင်ငံတွင် ခရစ္စမတ်ပါတီပွဲကျင်းပသူတချို့အပါအဝင် အုန်းသီးဝိုင်သောက်သုံးပြီးနောက် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၃၀၀ ကျော် ဆေးရုံတင်ခဲ့ရတယ်လို့ ကျန်းမာရေးနှင့်ဒေသအာဏာပိုင်များက ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

ယခုအဆိပ်သင့်မှုဟာ မနီလာမြို့တောင်ဘက်ပြည်နယ်နှစ်ခုဖြစ်တဲ့ လာဂူနာ နဲ့ ကွီဇုန်တို့မှာဖြစ်ပွားခဲ့ပြီး အားလုံးဟာ ပြည်နယ်တွေမှာလူကြိုက်များတဲ့သောက်စရာဖြစ်ပြီး အားလပ်ရက်တွေ၊ အခမ်းအနားတွေမှာ အသောက်များတဲ့ လန်ဘနော့ lambanog ယမကာ ကိုသောက်သုံးခဲ့ကြတာဖြစ်ပါတယ်။

ရီဇယ်မြို့တော်ဝန် ဗီနာ မူနော့ဇ်ရဲ့ တိုက်တွန်းချက်အရ အတော်များများကို ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြရာမှာ အဲဒီဆေးရုံတွေမှာပဲ ကြာသပတေးနေ့နဲ့ တနင်္ဂနွေနေ့အတွင်းက သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

ယခုအခါ စိုးရိမ်ရတဲ့ လူနှစ်ယောက်ဟာ အခြေအနေတိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း မြို့တော်ဝန်က ဒေသတွင်းရေဒီယိုကို ပြောကြားခဲ့ပါတယ်။ လူနာတွေ သောက်သုံးခဲ့ကြတဲ့ အုန်းသီးဝိုင်တွေကို သူ့မြို့မှာ ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။

သွေးအဖြေနဲ့ လမ်ဘနော့အကြွင်းအကျန် နမူနာတွေကို စုစည်းပြီး တနင်္လာနေ့မှာ စမ်းသပ်ဓာတ်ခွဲသွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောကြားခဲ့ပါတယ်။ “လမ်ဘနော့နဲ့ ပတ်သက်တဲ့ ဝမ်းနည်းစရာ သမိုင်းရှိသွားပြီပေါ့”လို့လည်း ကျန်းမာရေးဌာနက အဆိပ်သင့်သူတွေကို ရည်ညွှန်းပြောကြားခဲ့ပါတယ်။

‘တချို့က အားလပ်ရက်သောက်သုံးခြင်းနဲ့မွေးနေ့ပွဲအတွက် အချိုရည်ဝယ်ယူခဲ့ကြပြီး တချို့ကတော့ ခရစ္စမတ်ပါတီမှာ လှူဒါန်းခြင်းဖြစ်ကြောင်း ဒေသခံအာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ လမ်ဘနော့ Lambanog ကို စည်းမျဉ်းစည်းကမ်းမရှိထုတ်လုပ်ရောင်းချမှုတွေရှိနေပြီး ၎င်းကို အန္တရာယ်ရှိဖြည့်စွက် ပစ္စည်းတွေနဲ့ တရားမဝင်ထုတ်လုပ်နေတာဖြစ်ပါတယ်။

တိုင်းပြည်၏အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)က အိမ်တွင်းလုပ်ဘီယာတွေမှာ ဖြည့်စွက်ပစ္စည်းအနေနဲ့ မက်သနောအသုံးပြုခြင်းကိုတားမြစ်ထားပြီး အသုံးပြုပါကအန္တရာယ်ရှိကြောင်း ယခင်ကသတိပေးခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က FDA နဲ့ ရဲတွေကို အများပြည်သူကိုပွင့်လင်းစွာရောင်းချနေပြီး မှတ်ပုံတင်ထားခြင်းမရှိတဲ့ lambanog တွေကို ရှာဖွေသိမ်းဆည်းဖယ်ရှားပစ်ခဲ့ပြီး ရောင်းချသူတွေကိုလည်းတရားစွဲမယ်လို့ ခြိမ်းခြောက်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က လမ်ဘနော့ lambanog ကိုသောက်သုံးပြီး ၂၁ ဦးသေဆုံးခဲ့တယ်လို့ မီဒီယာတွေကဖော်ပြခဲ့ပါတယ်။

Writer_Aung Moe ( XYZ NEWS )