Zawgyiျဖင့္ဖတ္ရန္

ညဘက္ ေသာက္တာမ်ားသြားလို႔ မနက္ ေခါင္းကိုက္ေနရင္ ဝန္ထမ္းအမ်ားစုက ဖ်ားေနလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အလုပ္ကိုခြင့္ယူေလ့ရွိပါတယ္။

ဒါေပမဲ့ ၿဗိတိန္ကုမၸဏီတခုမွာေတာ့ ဒီလို လိမ္ေျပာဖို႔ မလိုေတာ့ပါဘူး။ အေၾကာင္းကေတာ့ အလုပ္ရွင္ေတြက အရက္ေသာက္ မ်ားသြားတဲ့ ဝန္ထမ္းေတြအတြက္ အရက္နာခြင့္ (Hangover day off) ခြင့္ျပဳေပးထားလို႔ပါပဲ။

Audit Lab လို႔ေခၚတဲ့ ဒစ္ဂ်စ္တယ္မားကတ္တင္းကုမၸဏီက ဒီစနစ္ကို က်င့္သုံးေနတာ ျဖစ္ၿပီး ခဏခဏ ခြင့္ယူေနတာမ်ိဳး မဟုတ္ရင္ အရက္နာက်တဲ့ေန႔မွာ ဝန္ထမ္းေတြဟာ အလုပ္ကို လာစရာမလိုဘဲ အိမ္ကေနပဲ လုပ္စရာရွိတာေတြလုပ္ဖို႔ ခြင့္ျပဳေပးထားပါတယ္။

ဒါတင္မဟုတ္ေသးဘဲ ဘယ္ေန႔ ဘယ္ရက္ ‌ေသာက္စားဖို႔ အစီအစဥ္ လုပ္ထားရင္ အရက္နာခြင့္ကို ႀကိဳတင္လို႔ရေအာင္လည္း စီစဥ္ေပးထားပါတယ္။

Audit Lab ကို ပူးတြဲတည္ေထာင္တဲ့ ခ်ာလီခ႐ြမ့္တြန္က “က်ေနာ္တို႔အေနနဲ႔ ညဘက္ အျပင္ထြက္ကဲတတ္တဲ့ လူငယ္ဝန္ထမ္းေတြအတြက္ တခုခု စီစဥ္ေပးခ်င္ခဲ့ၿပီးေတာ့ ဒီလိုလုပ္ဖို႔ စိတ္ကူးရခဲ့ပါတယ္။ သူတို႔ အရက္ေသာက္မယ့္ေန႔ကို ႀကိဳၿပီး စီစဥ္ထားတယ္ဆိုရင္ ဒီခြင့္ကို ႀကိဳယူထားလို႔လည္း ရပါတယ္” လို႔ ေျပာပါတယ္။

“ဒီခြင့္ယူထားတယ္ဆိုရင္ သူတို႔ဟာ သူတို႔အိမ္က အိပ္ရာထဲမွာပဲ လုပ္စရာရွိတာကို ေအးေအးေဆးေဆးလုပ္ေနႏိုင္ပါတယ္”လို႔လည္း ဆက္ေျပာပါတယ္။

“ဒါဟာ ခြင့္လို႔ သတ္မွတ္ေပမယ့္ တကယ္ေတာ့ အိမ္ကေန အလုပ္လုပ္ေပးရမွာ ျဖစ္ပါတယ္။ က်ေနာ္တို႔ဘက္က ဒီလိုခြင့္ျပဳထားေပမယ့္ ဝန္ထမ္းတဦးဦးက တပတ္ကို သုံး ေလးေခါက္ေလာက္ ဒီလိုခြင့္ယူၿပီး အေရးႀကီးတဲ့အစည္းအေဝးေတြ လြတ္ကုန္တယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ဒီကိစၥကို ျပန္လည္သုံးသပ္ရမွာပါ။ ဒါေပမဲ့ အခုခ်ိန္ထိေတာ့ ဘယ္ဝန္ထမ္းကမွ ဒီလိုမ်ိဳး မေလးမစား မလုပ္ၾကေသးပါဘူး။”

အရက္နာခြင့္ကို လူငယ္ဝန္ထမ္းေတြအတြက္ ရည္႐ြယ္ ဖန္တီးထားတာ ျဖစ္ေပမယ့္ လက္ေတြ႕မွာေတာ့ ဒီကိစၥဟာ သားသမီးေတြရွိတဲ့ အႀကီးပိုင္းဝန္ထမ္းေတြအတြက္လည္း အဆင္ေျပေစပါတယ္။

ပုံမွန္ဆို အရက္ေသာက္မ်ားသြားလို႔ အလုပ္မလာႏိုင္တဲ့အေပၚ ဆင္ေျခမ်ိဳးစုံေပးၿပီး ခြင့္ယူရမွာျဖစ္ေပမယ့္ ဒီလိုမ်ိဳး အလုပ္ရွင္ဘက္က ၾကည္ၾကည္ျဖဴျဖဴနဲ႔ ခြင့္ေပးထားျခင္းက အလုပ္သမားေတြအတြက္လည္း အဆင္ေျပေစပါတယ္။

မၾကာေသးခင္က အရက္နာခြင့္ယူခဲ့တဲ့ Audit Lab ဝန္ထမ္းတဦးက “အရက္နာက်ေနတာကို ေနမေကာင္းဘူးလို႔ ေျပာၿပီး လိမ္ညာ ခြင့္ယူလိုက္ရင္ ေနာက္ေန႔ အလုပ္ဆင္းတဲ့အခါ အလုပ္ရွင္ကို မ်က္ႏွာပူရပါတယ္။ ဒီလိုမ်ိဳး ခြင့္ေပးထားေတာ့ က်မတို႔အေနနဲ႔ ႐ိုး႐ိုးသားသားပဲ အနားယူႏိုင္တာေပါ့” လို႔ေျပာပါတယ္။

Unicode ဖြင့်ဖတ်ရန်

ညဘက် သောက်တာများသွားလို့ မနက် ခေါင်းကိုက်နေရင် ဝန်ထမ်းအများစုက ဖျားနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ကိုခွင့်ယူလေ့ရှိပါတယ်။

ဒါပေမဲ့ ဗြိတိန်ကုမ္ပဏီတခုမှာတော့ ဒီလို လိမ်ပြောဖို့ မလိုတော့ပါဘူး။ အကြောင်းကတော့ အလုပ်ရှင်တွေက အရက်သောက် များသွားတဲ့ ဝန်ထမ်းတွေအတွက် အရက်နာခွင့် (Hangover day off) ခွင့်ပြုပေးထားလို့ပါပဲ။

Audit Lab လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်မားကတ်တင်းကုမ္ပဏီက ဒီစနစ်ကို ကျင့်သုံးနေတာ ဖြစ်ပြီး ခဏခဏ ခွင့်ယူနေတာမျိုး မဟုတ်ရင် အရက်နာကျတဲ့နေ့မှာ ဝန်ထမ်းတွေဟာ အလုပ်ကို လာစရာမလိုဘဲ အိမ်ကနေပဲ လုပ်စရာရှိတာတွေလုပ်ဖို့ ခွင့်ပြုပေးထားပါတယ်။

ဒါတင်မဟုတ်သေးဘဲ ဘယ်နေ့ ဘယ်ရက် ‌သောက်စားဖို့ အစီအစဉ် လုပ်ထားရင် အရက်နာခွင့်ကို ကြိုတင်လို့ရအောင်လည်း စီစဉ်ပေးထားပါတယ်။

Audit Lab ကို ပူးတွဲတည်ထောင်တဲ့ ချာလီခရွမ့်တွန်က “ကျနော်တို့အနေနဲ့ ညဘက် အပြင်ထွက်ကဲတတ်တဲ့ လူငယ်ဝန်ထမ်းတွေအတွက် တခုခု စီစဉ်ပေးချင်ခဲ့ပြီးတော့ ဒီလိုလုပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။ သူတို့ အရက်သောက်မယ့်နေ့ကို ကြိုပြီး စီစဉ်ထားတယ်ဆိုရင် ဒီခွင့်ကို ကြိုယူထားလို့လည်း ရပါတယ်” လို့ ပြောပါတယ်။

“ဒီခွင့်ယူထားတယ်ဆိုရင် သူတို့ဟာ သူတို့အိမ်က အိပ်ရာထဲမှာပဲ လုပ်စရာရှိတာကို အေးအေးဆေးဆေးလုပ်နေနိုင်ပါတယ်”လို့လည်း ဆက်ပြောပါတယ်။

“ဒါဟာ ခွင့်လို့ သတ်မှတ်ပေမယ့် တကယ်တော့ အိမ်ကနေ အလုပ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ဒီလိုခွင့်ပြုထားပေမယ့် ဝန်ထမ်းတဦးဦးက တပတ်ကို သုံး လေးခေါက်လောက် ဒီလိုခွင့်ယူပြီး အရေးကြီးတဲ့အစည်းအဝေးတွေ လွတ်ကုန်တယ်ဆိုရင်တော့ ကျနော်တို့ ဒီကိစ္စကို ပြန်လည်သုံးသပ်ရမှာပါ။ ဒါပေမဲ့ အခုချိန်ထိတော့ ဘယ်ဝန်ထမ်းကမှ ဒီလိုမျိုး မလေးမစား မလုပ်ကြသေးပါဘူး။”

အရက်နာခွင့်ကို လူငယ်ဝန်ထမ်းတွေအတွက် ရည်ရွယ် ဖန်တီးထားတာ ဖြစ်ပေမယ့် လက်တွေ့မှာတော့ ဒီကိစ္စဟာ သားသမီးတွေရှိတဲ့ အကြီးပိုင်းဝန်ထမ်းတွေအတွက်လည်း အဆင်ပြေစေပါတယ်။

ပုံမှန်ဆို အရက်သောက်များသွားလို့ အလုပ်မလာနိုင်တဲ့အပေါ် ဆင်ခြေမျိုးစုံပေးပြီး ခွင့်ယူရမှာဖြစ်ပေမယ့် ဒီလိုမျိုး အလုပ်ရှင်ဘက်က ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပေးထားခြင်းက အလုပ်သမားတွေအတွက်လည်း အဆင်ပြေစေပါတယ်။

မကြာသေးခင်က အရက်နာခွင့်ယူခဲ့တဲ့ Audit Lab ဝန်ထမ်းတဦးက “အရက်နာကျနေတာကို နေမကောင်းဘူးလို့ ပြောပြီး လိမ်ညာ ခွင့်ယူလိုက်ရင် နောက်နေ့ အလုပ်ဆင်းတဲ့အခါ အလုပ်ရှင်ကို မျက်နှာပူရပါတယ်။ ဒီလိုမျိုး ခွင့်ပေးထားတော့ ကျမတို့အနေနဲ့ ရိုးရိုးသားသားပဲ အနားယူနိုင်တာပေါ့” လို့ပြောပါတယ်။