ရထား၊ ကားႏွင့္ သေဘၤာ သုံးမ်ိဳးခ်ိတ္ဆက္နိုင္ရန္ ၾကည့္ျမင္တိုင္ဘူတာကို အဆင့္ျမႇင့္တင္ေနဟု ဝန္ႀကီးခ်ဳပ္ဆို

ရန္ကုန္၊ ဇန္နဝါရီ ၁၆
ရန္ကုန္ၿမိဳ႕ သယ္ယူပို႔ေဆာင္ေရးစနစ္ဖြံၿဖိဳးတိုးတက္ရန္အတြက္ မီးရထား၊ YBS ဘတ္စ္ကားႏွင့္ သေဘၤာ (ေရလမ္းခရီး) သုံးမ်ိဳးကို ခ်ိတ္ဆက္နိုင္မည့္ ၾကည့္ျမင္တိုင္ဘူတာ႐ုံကို အဆင္ျမႇင့္တင္ေနၿပီး ယခုႏွစ္အတြင္းၿပီးစီးရန္ ေဆာင္ရြက္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းမွ ေျပာသည္။
ၾကည့္ျမင္တိုင္ဘူတာ႐ုံသည္ ကားလမ္းမ်ား၊ ရထားလမ္းမ်ားႏွင့္ ေရေၾကာင္းလမ္းမ်ားဆုံသည့္ေနရာ ျဖစ္ျခင္းေၾကာင့္ ပိုမိုဖြံၿဖိဳးတိုးတက္ေအာင္ အဆင့္ျမႇင့္တင္ျခင္းျဖစ္ေၾကာင္း ၎က ဇန္နဝါရီ ၁၆ ရက္က က်င္းပျပဳလုပ္ခဲ့သည့္ YRTA ၃ ႏွစ္ျပည့္ အခမ္းအနားတြင္ေျပာသည္။
“ရထားလမ္းေတြကေတာ့ ကၽြန္ေတာ္တို႔ အဆင့္ျမႇင့္တင္ေဆာင္ရြက္ေနၿပီ ျဖစ္ပါတယ္။ ရထားလမ္းဆုံရာ ကားလမ္းေတြ ေရေၾကာင္းလမ္းေတြ ဆုံတဲ့ေနရာကို အဆင့္ျမႇင့္တင္ဖို႔ျပင္ဆင္ေနပါတယ္။ ”ဟု ဦးၿဖိဳးမင္းသိန္းက ဆိုသည္။
မီးရထား၊ YBS ဘတ္စ္ကားႏွင့္ ေရလမ္းခရီး သုံးခုခ်ိတ္ဆက္နိုင္မည့္ သုံးမ်ိဳးဆုံသည့္ ၾကည့္ျမင္တိုင္အျပင္ ပုဇြန္ေတာင္ဘူတာႏွင့္ အျခားေသာဘူတာႀကီးမ်ားကိုလည္း အဆင့္ျမႇင့္တင္သည့္လုပ္ငန္းမ်ားကို ေဆာင္ရြက္သြား မည္ျဖစ္ေၾကာင္း YRTA ထံမွ သိရသည္။
ရန္ကုန္ၿမိဳ႕၏ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး ဘတ္စ္ကားအဆင့္ျမႇင့္တင္သည့္ စီမံကိန္းျဖစ္သည့္ မီးရထားႏွင့္ YBS ယာဥ္လိုင္း ခ်ိတ္ဆက္ေျပးဆြဲမႈကို သမိုင္းဘူတာ႐ုံမွတ္တိုင္တြင္ ပထမဆုံးအႀကိမ္ Pilot Project အျဖစ္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာ ၂ ရက္ေန႔တြင္ စတင္ေဆာင္ရြက္ခဲ့ေၾကာင္း YRTA ထံမွ သိရသည္။
ရထားလမ္းအဆင့္ျမႇင့္တင္သည့္ စီမံကိန္းမစတင္ခင္အခ်ိန္က တစ္ေန႔လၽွင္ရထားစီးသည့္ ခရီးသည္ဦးေရမွာ ရွစ္ေသာင္းခြဲမွ ကိုးေသာင္းအထိရွိၿပီး ရထားလမ္းျပဳျပင္ခ်ိန္တြင္ တစ္လမ္းပိတ္တစ္လမ္းသြားစနစ္ေၾကာင့္ အခက္အခဲအခ်ိဳ႕ရွိၿပီး အခ်ိန္မွန္မႈအားနည္းျခင္း၊ ရထားတစ္စင္းလာခ်ိန္တြင္ အျခားတစ္စင္းက ေစာင့္ေနရျခင္းေၾကာင့္ ခရီးသည္ ငါးေသာင္းနီးပါးက်ဆင္းသြားေၾကာင္း ျမန္မာ့မီးရထားထံမွ သိရသည္။
မို႔မို႔ေအး
Unicode
ရထား၊ ကားနှင့် သင်္ဘော သုံးမျိုးချိတ်ဆက်နိုင်ရန် ကြည့်မြင်တိုင်ဘူတာကို အဆင့်မြှင့်တင်နေဟု ဝန်ကြီးချုပ်ဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၆
ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးစနစ်ဖွံဖြိုးတိုးတက်ရန်အတွက် မီးရထား၊ YBS ဘတ်စ်ကားနှင့် သင်္ဘော (ရေလမ်းခရီး) သုံးမျိုးကို ချိတ်ဆက်နိုင်မည့် ကြည့်မြင်တိုင်ဘူတာရုံကို အဆင်မြှင့်တင်နေပြီး ယခုနှစ်အတွင်းပြီးစီးရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ပြောသည်။
ကြည့်မြင်တိုင်ဘူတာရုံသည် ကားလမ်းများ၊ ရထားလမ်းများနှင့် ရေကြောင်းလမ်းများဆုံသည့်နေရာ ဖြစ်ခြင်းကြောင့် ပိုမိုဖွံဖြိုးတိုးတက်အောင် အဆင့်မြှင့်တင်ခြင်းဖြစ်ကြောင်း ၎င်းက ဇန်နဝါရီ ၁၆ ရက်က ကျင်းပပြုလုပ်ခဲ့သည့် YRTA ၃ နှစ်ပြည့် အခမ်းအနားတွင်ပြောသည်။
“ရထားလမ်းတွေကတော့ ကျွန်တော်တို့ အဆင့်မြှင့်တင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ရထားလမ်းဆုံရာ ကားလမ်းတွေ ရေကြောင်းလမ်းတွေ ဆုံတဲ့နေရာကို အဆင့်မြှင့်တင်ဖို့ပြင်ဆင်နေပါတယ်။ ”ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
မီးရထား၊ YBS ဘတ်စ်ကားနှင့် ရေလမ်းခရီး သုံးခုချိတ်ဆက်နိုင်မည့် သုံးမျိုးဆုံသည့် ကြည့်မြင်တိုင်အပြင် ပုဇွန်တောင်ဘူတာနှင့် အခြားသောဘူတာကြီးများကိုလည်း အဆင့်မြှင့်တင်သည့်လုပ်ငန်းများကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။
ရန်ကုန်မြို့၏ အများပြည်သူသယ်ယူပို့ဆောင်ရေး ဘတ်စ်ကားအဆင့်မြှင့်တင်သည့် စီမံကိန်းဖြစ်သည့် မီးရထားနှင့် YBS ယာဉ်လိုင်း ချိတ်ဆက်ပြေးဆွဲမှုကို သမိုင်းဘူတာရုံမှတ်တိုင်တွင် ပထမဆုံးအကြိမ် Pilot Project အဖြစ် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း YRTA ထံမှ သိရသည်။
ရထားလမ်းအဆင့်မြှင့်တင်သည့် စီမံကိန်းမစတင်ခင်အချိန်က တစ်နေ့လျှင်ရထားစီးသည့် ခရီးသည်ဦးရေမှာ ရှစ်သောင်းခွဲမှ ကိုးသောင်းအထိရှိပြီး ရထားလမ်းပြုပြင်ချိန်တွင် တစ်လမ်းပိတ်တစ်လမ်းသွားစနစ်ကြောင့် အခက်အခဲအချို့ရှိပြီး အချိန်မှန်မှုအားနည်းခြင်း၊ ရထားတစ်စင်းလာချိန်တွင် အခြားတစ်စင်းက စောင့်နေရခြင်းကြောင့် ခရီးသည် ငါးသောင်းနီးပါးကျဆင်းသွားကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
မို့မို့အေး
0 Comments