ရန္ကုန္၊ ဇန္နဝါရီ ၁၀

အိမ္ေထာင္ရွင္မယ္စၾကဝဠာသရဖူဆုရွင္ မဟန္နီသည္ ယေန႔ေန႔လည္ပိုင္းတြင္ Mrs Universe 2019 Winner ဆုႏွင့္အတူ ရန္ကုန္ ၿမိဳ႕သို႔ျပန္လည္ ျပန္လည္ေရာက္ရွိခဲ့ရာ  Homecoming at the airport က်င္းပခဲ့သည္။

မဟန္နီသည္ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံတြင္ ဒီဇင္ဘာ ၂၀ ရက္မွ ၃၀ က်င္းပခဲ့သည့္ ၄၂ ႀကိမ္ေျမာက္ Mrs Universe 2019 ၿပိဳင္ပြဲႀကီးသို႔ ကမၻာ့နိုင္ငံအသီးသီးမွ ကိုယ္စားျပဳအလွမယ္ ၉၀ ေက်ာ္ႏွင့္အတူ ျမန္မာနိုင္ငံကိုယ္စားျပဳ ယွဥ္ၿပိဳင္ခဲ့ၿပီး ဒီဇင္ဘာ ၃၀ ညပိုင္းကက်င္းပသည့္ေနာက္ဆုံးယွဥ္ၿပိဳင္မႈတြင္ Mrs Universe 2019 Winner ဆုကို ဆြတ္ခူးရရွိခဲ့သူျဖစ္သည္။

၎သည္ Miss Golden Land Myanmar Organization ၏ President တစ္ဦးအျဖစ္ တာဝန္ထမ္းရြက္ေနသည့္ အသက္ ၃၇ ႏွစ္အရြယ္ သားသမီး ၃ ဦး၏မိခင္ အိမ္ေထာင္ရွင္မတစ္ဦးျဖစ္သည္။

အိမ္ေထာင္ရွင္မယ္စၾကဝဠာသရဖူဆုရွင္ မဟန္နီသည္ Mrs Universe 2019 Winner ဆုအျပင္ Personality အေကာင္းမြန္ဆုံးဆု၊  ျမန္မာ့ရိုးရာ႐ုပ္ေသးအကျဖင့္ Talent Winner ဆုႏွင့္ Sponsor Visit တြင္ခ်ီးျမႇင့္သည့္ Four Seansons Beautiful Woman ဆုမ်ားကိုလည္း ဆြတ္ခူးရရွိခဲ့သူသည္။

 အဆိုပါၿပိဳင္ပြဲတြင္ Mrs Universe 2019 Winner ဆုကို မဟန္နီကရရွိခဲ့ၿပီး First Runner Up ဆုကို Crimea ႏွင့္ Second Runner Up ဆုကို အိမ္ရွင္ China တို႔က ဆြတ္ခူးရရွိၾကသည္။

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ျပဳလုပ္သည့္ အခမ္းအနားအၿပီးတြင္ ညပိုင္း၌ဆက္လက္ က်င္းပမည့္ Junction Square ရွိရာသို႔ Mrs Universe အလွျပယာဥ္ျဖင့္ လွည့္လည္ သြားေရာက္ခဲ့ၿပီး   Junction Square (Public Area) ၌  Homecoming Ceremony အခမ္းအနားကို  ညေန ၅ နာရီတြင္က်င္းပခဲ့သည္။

ယင္းအခမ္းအနားတြင္  ေတးသံရွင္မ်ား၊ ျမန္မာရိုးရာအကအဖြဲ႕မ်ား၏ ဂုဏ္ျပဳေဖ်ာ္ေျဖေရးအစီအစဥ္မ်ားျဖင့္ က်င္းပရန္စီစဥ္ထားသည္။

ျပည့္ၿဖိဳးျမင့္မြန္





Unicode



အိမ်ထောင်ရှင်မယ်စကြဝဠာသရဖူဆုရှင်မဟန်နီ ရန်ကုန်သို့ ပြန်လည်ရောက်ရှိ



ရန်ကုန်၊ ဇန်နဝါရီ ၁၀

အိမ်ထောင်ရှင်မယ်စကြဝဠာသရဖူဆုရှင် မဟန်နီသည် ယနေ့နေ့လည်ပိုင်းတွင် Mrs Universe 2019 Winner ဆုနှင့်အတူ ရန်ကုန် မြို့သို့ပြန်လည် ပြန်လည်ရောက်ရှိခဲ့ရာ  Homecoming at the airport ကျင်းပခဲ့သည်။

မဟန်နီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဒီဇင်ဘာ ၂၀ ရက်မှ ၃၀ ကျင်းပခဲ့သည့် ၄၂ ကြိမ်မြောက် Mrs Universe 2019 ပြိုင်ပွဲကြီးသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားပြုအလှမယ် ၉၀ ကျော်နှင့်အတူ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး ဒီဇင်ဘာ ၃၀ ညပိုင်းကကျင်းပသည့်နောက်ဆုံးယှဉ်ပြိုင်မှုတွင် Mrs Universe 2019 Winner ဆုကို ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။

၎င်းသည် Miss Golden Land Myanmar Organization ၏ President တစ်ဦးအဖြစ် တာဝန်ထမ်းရွက်နေသည့် အသက် ၃၇ နှစ်အရွယ် သားသမီး ၃ ဦး၏မိခင် အိမ်ထောင်ရှင်မတစ်ဦးဖြစ်သည်။

အိမ်ထောင်ရှင်မယ်စကြဝဠာသရဖူဆုရှင် မဟန်နီသည် Mrs Universe 2019 Winner ဆုအပြင် Personality အကောင်းမွန်ဆုံးဆု၊  မြန်မာ့ရိုးရာရုပ်သေးအကဖြင့် Talent Winner ဆုနှင့် Sponsor Visit တွင်ချီးမြှင့်သည့် Four Seansons Beautiful Woman ဆုများကိုလည်း ဆွတ်ခူးရရှိခဲ့သူသည်။

 အဆိုပါပြိုင်ပွဲတွင် Mrs Universe 2019 Winner ဆုကို မဟန်နီကရရှိခဲ့ပြီး First Runner Up ဆုကို Crimea နှင့် Second Runner Up ဆုကို အိမ်ရှင် China တို့က ဆွတ်ခူးရရှိကြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ပြုလုပ်သည့် အခမ်းအနားအပြီးတွင် ညပိုင်း၌ဆက်လက် ကျင်းပမည့် Junction Square ရှိရာသို့ Mrs Universe အလှပြယာဉ်ဖြင့် လှည့်လည် သွားရောက်ခဲ့ပြီး   Junction Square (Public Area) ၌  Homecoming Ceremony အခမ်းအနားကို  ညနေ ၅ နာရီတွင်ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင်  တေးသံရှင်များ၊ မြန်မာရိုးရာအကအဖွဲ့များ၏ ဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပရန်စီစဉ်ထားသည်။

ပြည့်ဖြိုးမြင့်မွန်