Image may contain: 3 people, people standing, car, child and outdoor
Image may contain: 1 person, standing
Image may contain: 4 people, child and outdoor
အကုန်သိ
Unicode
ဆရာ/ဆရာမများ အပြင်းအထန်ကန့်ကွက်နေသည့် အခြေခံပညာ ကျောင်းဖွင့်ရက်များ လျှော့ချ
အခြေခံပညာ ဆရာ/ဆရာမများ၏ ကန့်ကွက်မှုမြင့်တက်နေသည့် အငြင်းပွားဖွယ် ကျောင်းတက်ရက်များကို လျှော့ချလိုက်ပြီဖြစ် ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
မူလက အခြေခံပညာကျောင်းများအား မတ်လ ၃၁ ရက်အထိ ဖွင့်လှစ်ရန် ညွှန်ကြားထားရာမှ ဇန်နဝါရီလ ၉ ရက်က ကျင်းပသည့် တိုင်းနှင့် ပြည်နယ်များမှ ပညာရေးမှူးများပါဝင်သည့် စုံညီအစည်းဝေးတွင် အခြေခံပညာ ဦးစီးဌာနမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မူလက မတ်လ ၃၁ ရက်အထိ ကျောင်းဖွင့်လှစ်ရန် ညွှန်ကြားထားရာမှ မတ်လ၂၅ ရက်နောက်ပိုင်း အခြေခံပညာ ကျောင်းများ အားလုံး ပိတ်ရန် ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းဖြစ်သည်။“အမှန်ကတော့ ကလေးတွေ ကျောင်းတက်တဲ့ ရက်ပေါ့ဗျာ။ ၃၁ ရက်အထိ စာမေးပွဲ စစ်လိုက်လို့ရှိရင် တစ်ရက်နေ့မှာ ဆယ် တန်း စာစစ်သွားမှာလေ။ အဲဒီတော့ ကိုးတန်းစာမေးပွဲတွေက စာစစ်ချိန်ရော နောက်တစ်ခုက ကိုတန်းအဖြေလွှာစစ်တဲ့ အချိန် ရယ် ကျောင်းစစ်တွေ အဖြေလွှာစစ်တဲ့ အချိန် အထူးသဖြင့် ဆယ်တန်းစာစစ်ချိန်သွားမှာနဲ့ တိုက်နေလို့။ အဲဒါကြောင့် သူ့ကို အချိန်ပေးဖို့အတွက်ကို ကျွန်တော်တို့က လုပ်လိုက်တာ။ ၂၅ ရက်မှာ ကျောင်းတွင်းစစ်တွေ အကုန်ဖြတ်၊ ပြီးရင် ကလေးတွေ ကျောင်းပိတ်လိုက်မှာ။ အဲဒီလို လုပ်လိုက်တာ။ ဒါပေမဲ့ မူလသက်မှတ်ချက် အတိုင်းပါပဲ။ ၂၃ ရက်ကနေ ၃၁ ရက်အထိ စစ်ရမယ် လို့ မြန်မာနိုင်ငံစာစစ်အဖွဲ့က သက်မှတ်ထားတယ်လေ။ ၃၁ မှာ အပြီး စစ်ရမှာ မဟုတ်ဘူး။ ဒီကြားထဲမှာ ကြိုက်တဲ့ အချိန်စစ်နိုင် တယ်”ဟု ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတွင် အခြေခံပညာ ကျောင်းပေါင်း လေးသောင်းကျော် ဆရာ၊ ဆရာမပေါင်း သိန်းနှင့် ချီရှိပြီး မတ်လအတွင်း အတန်းငယ်များ ကျောင်းမပိတ်ဘဲ ကျောင်းဖွင့်လှစ်ထားရှိမည့်အပေါ် အခြေခံပညာ ဆရာ၊ ဆရာမ အများ စုက ကန့်ကွက်နေကြခြင်းလည်း ဖြစ်သည်။
အကုန်သိ