
တစ္ေခတ္တစ္ခါက ေမာ္ဒယ္ေလာကမွာ လ်ွမ္းလ်ွမ္းေတာက္ ေအာင္ျမင္ခဲ့တဲ့ မင္းသမီးေခ်ာေလး စမိုင္းလ္က အခုဆိုရင္ အိမ္ေထာင္က်ၿပီး အႏုပညာလုပ္ငန္းေတြကို သိပ္မလုပ္ကိုင္ေတာ့ပါဘူး။ စမိုင္းလ္က ခင္ပြန္းျဖစ္သူနဲ႔ စီးပြားအတူတူ႐ွာရင္း သမီးေလးႏွစ္ေယာက္ကို ထိမ္းေၾကာင္းျပဳစုေနတာပဲ ျဖစ္ပါတယ္။ အပူအပင္ကင္းၿပီး သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ စမိုင္းလ္တို႔ မိသားစုကေတာ့ ပရိသတ္ေတြ အားက်ျခင္းခံရတဲ့ မိသားစုေလးတစ္စု ျဖစ္ပါတယ္။

ဒီေန႔ ဇန္နဝါရီ္လ (၁၂) ရက္ေန႔မွာေတာ့ စမုိင္းလ္က လူေပါင္း (၁၂၀၀) ကိုဦးေဆာင္ၿပီး သစ္တံခါးဆရာေတာ္ဘုရားႀကီးရဲ႕ က်ိဳက္ငါးက်ိဳက္ အဓိဌာန္ဝင္ခဲ့တာပဲ ျဖစ္ပါတယ္။

စမိုင္းလ္က “ဘုန္းႀကီးမဟုတ္ ဘိုးေတာ္မဟုတ္ သာမန္လူတစ္ေယာက္ရဲ့ဦးေဆာင္မွုနဲ႔ လူေပါင္း ၁၂၀၀ေက်ာ္ ရန္ကုန္ၿမိဳ့ႀကီးမွာအဓိဌာန္ဝင္နိုင္ခဲ့တာအရမ္းကိုပီတိျဖစ္ရပါတယ္။ ေပ်ာ္လြန္းလို့ငိုၿပီရွင္” ဆိုၿပီး သူမရဲ႕ ေကာင္းမွဴေလးကို ပီတိျဖစ္စြာ ေျပာျပထားပါတယ္။

စမိုင္းလ္က ကားႀကီး (၂၅) စီးနဲ႔ လူအေယာက္ (၁၂၀၀) ေက်ာ္ကို ဦးေဆာင္ၿပီး က်ိဳက္ငါးက်ိဳက္ အဓိဌာန္ဝင္ခဲ့ကာ ဗိုလ္တစ္ေထာင္ေစတီေတာ္မွာ စတုဒိသာ ေကြၽးေမြးခဲ့တာပဲ ျဖစ္ပါတယ္။

စမိုင္းလ္ကေတာ့ ေတာ္ရံုပိုက္ဆံခ်မ္းသာတဲ့သူေတာင္ မလုပ္ႏိုင္တဲ့ ေကာင္းမႈအလွဴႀကီးကို စိတ္ေရာလူပါႏွစ္ၿပီး ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း စမိုင္းလ္ရဲ႕ အလွဴေလးကို သာဓုေခၚေပးၾကဦးေနာ္။
Unicode
တစ်ခေတ်တစ်ခါက မော်ဒယ်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီးချောလေး စမိုင်းလ်က အခုဆိုရင် အိမ်ထောင်ကျပြီး အနုပညာလုပ်ငန်းတွေကို သိပ်မလုပ်ကိုင်တော့ပါဘူး။ စမိုင်းလ်က ခင်ပွန်းဖြစ်သူနဲ့ စီးပွားအတူတူရှာရင်း သမီးလေးနှစ်ယောက်ကို ထိမ်းကြောင်းပြုစုနေတာပဲ ဖြစ်ပါတယ်။ အပူအပင်ကင်းပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ စမိုင်းလ်တို့ မိသားစုကတော့ ပရိသတ်တွေ အားကျခြင်းခံရတဲ့ မိသားစုလေးတစ်စု ဖြစ်ပါတယ်။
ဒီနေ့ ဇန်နဝါရီ်လ (၁၂) ရက်နေ့မှာတော့ စမိုင်းလ်က လူပေါင်း (၁၂၀၀) ကိုဦးဆောင်ပြီး သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ ကျိုက်ငါးကျိုက် အဓိဌာန်ဝင်ခဲ့တာပဲ ဖြစ်ပါတယ်။
စမိုင်းလ်က “ဘုန်းကြီးမဟုတ် ဘိုးတော်မဟုတ် သာမန်လူတစ်ယောက်ရဲ့ဦးဆောင်မှုနဲ့ လူပေါင်း ၁၂ဝဝကျော် ရန်ကုန်မြို့ကြီးမှာအဓိဌာန်ဝင်နိုင်ခဲ့တာအရမ်းကိုပီတိဖြစ်ရပါတယ်။ ပျော်လွန်းလို့ငိုပြီရှင်” ဆိုပြီး သူမရဲ့ ကောင်းမှူလေးကို ပီတိဖြစ်စွာ ပြောပြထားပါတယ်။
စမိုင်းလ်က ကားကြီး (၂၅) စီးနဲ့ လူအယောက် (၁၂၀၀) ကျော်ကို ဦးဆောင်ပြီး ကျိုက်ငါးကျိုက် အဓိဌာန်ဝင်ခဲ့ကာ ဗိုလ်တစ်ထောင်စေတီတော်မှာ စတုဒိသာ ကျွေးမွေးခဲ့တာပဲ ဖြစ်ပါတယ်။
စမိုင်းလ်ကတော့ တော်ရုံပိုက်ဆံချမ်းသာတဲ့သူတောင် မလုပ်နိုင်တဲ့ ကောင်းမှုအလှူကြီးကို စိတ်ရောလူပါနှစ်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ အလှူလေးကို သာဓုခေါ်ပေးကြဦးနော်။
0 Comments