မႏၲေလး မဟာမုနိ႐ုပ္ရွင္ေတာ္ျမတ္ကို လာေရာက္တဲ့ ႏိုင္ငံျခားသား ခရီးသြားဧည့္သည္ေတြဆီက ဝင္ေၾကးေငြေကာက္ခံေနၿပီး ၆ လအတြင္း က်ပ္သိန္း ၆၀၀၀ နီးပါး ရခဲ့တယ္လို႔ ေဂါပကအဖြဲ႕တာဝန္ရွိသူက ေျပာပါတယ္။ဇူလိုင္လကစလို႔ ႏိုင္ငံျခားခရီးသြားဧည့္သည္တဦးကို က်ပ္ေငြ ၅၀၀၀ ႏႈန္းနဲ႔ စတင္ေကာက္ခံခဲ့တာျဖစ္ၿပီး ၂၀၁၉ ဒီဇင္ဘာ ၃၁ ရက္ေန႔အထိ ႏိုင္ငံျခားသားဦးေရ ၁ သိန္းေက်ာ္ ဝင္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။
Image result for မဟာျမတ္မုနိ
မဟာမုနိ႐ုပ္ရွင္ေတာ္ ေဂါပကအဖြဲ႕ ဥကၠ႒ ဦးစိုးလင္းက “ဘုရားဘ႑ာအေနနဲ႔ ရရွိတာကေတာ့ ၅၉၈၅ သိန္း နီးပါးေလာက္ရတယ္။ ၈၄ သိန္းေက်ာ္ေက်ာ္ေပါ့။ က်ေနာ္တို႔ ဘုရားဟာ သာယာလွပၿပီးေတာ့ ေနခ်င့္စဖြယ္၊ လာခ်င့္စဖြယ္ စိတ္ခ်မ္းသာစရာေကာင္းတဲ့ ပတ္ဝန္းက်င္တခုျဖစ္ဖို႔၊ သန႔္ရွင္းသာယာဖို႔ အေရးႀကီးတယ္။ ငါးကန္နားတဝိုက္မွာလည္း လူသြားလမ္းေတြ ထိုင္စရာေနရာေတြ လုပ္ေပးတယ္။ ေနာက္ၿပီးေတာ့ အေနာက္ ၄၅ တာ ျခင္းလုံး႐ုံတဝိုက္၊ ၿပီးေတာ့ ကားပါကင္ ဆက္လုပ္ဖို႔ရွိတယ္”
Image result for မဟာျမတ္မုနိ
ႏိုင္ငံျခား ခရီးသြားဧည့္သည္ေတြကို ေရွးေဟာင္းယဥ္ေက်းမႈ ပုဂံေဒသမွာ ေကာက္ခံတဲ့ပုံစံမ်ိဳးပဲ ေကာက္ခံသင့္တယ္လို႔ မႏၲေလးဧည့္လမ္းၫႊန္မ်ားအသင္း ဥကၠ႒ ဦးဝင္းေဇာ္ဦးက ေျပာပါတယ္။
“မႏၲေလးေတာင္က ၁၀၀၀ က်ပ္ဆိုၿပီး စေကာက္လိုက္တယ္။ ဒါေပမဲ့ သူတို႔ေကာက္တာက မႏၲေလးတိုင္းေဒသႀကီးရဲ႕ ခြင့္ျပဳခ်က္နဲ႔မွ ေကာက္လို႔ရတာကို။ ခြင့္ျပဳလိုက္တာကို။ အမွန္ကေတာ့ အဲ့လို မေကာက္သင့္ဘူးလို႔ထင္တယ္။ ေလာေလာဆယ္အေနနဲ႔ေပါ့။ က်ေနာ္တို႔က ခရီးသြားေတြ လာေအာင္ လုပ္ရဦးမွာ။ အခမဲ့ေတြ ေပးရမယ္။ Zone ေၾကး ၁ ခါေကာက္ထားၿပီးတာနဲ႔ အားလုံးအတြက္ ျဖစ္ရမွာေပါ့။ တေနရာၿပီး တေနရာေပးဆိုေတာ့ ေရာင္းရတဲ့ ကုမၸဏီအတြက္လည္း ေပးရတာေတြ မ်ားသြားတာေပါ့။ အပိုထပ္ၿပီးေတာင္းရတာေတြ မ်ားတယ္။ အခုဆို ဆက္တိုက္လာေတာ့မယ္။ က်ေနာ္တို႔က သတင္းက ၾကားေနၿပီ။ အဲဒါကေတာ့ ျမန္မာ့တိုရစ္ဇင္အတြက္ အထူးသျဖင့္ မႏၲေလး တိုရစ္ဇင္အတြက္ မေကာင္းဘူးခင္ဗ်။ ပုဂံလို ၂ ေသာင္းခြဲဆို ၂ ေသာင္းခြဲ အျပတ္ေကာက္လိုက္။ ဘယ္ေနရာမွ ထပ္မေကာက္နဲ႔ေတာ့။ အဲဒါဆို တြက္ရခ်က္ရတာလည္း လြယ္တယ္။ ၾကည့္လို႔လည္းေကာင္းတယ္။ ဧည့္သည္ေပၚမွာလည္း ဝန္ထုပ္ဝန္ပိုးမျဖစ္ေတာ့ဘူး”
Image result for မဟာျမတ္မုနိ
ေကာက္ခံရရွိတဲ့ ဝင္ေၾကးေတြကို မဟာမုနိ႐ုပ္ရွင္ေတာ္ ဘက္စုံဖြံ႕ၿဖိဳးေရး လုပ္ငန္းေတြအတြက္ အသုံးျပဳေနတာျဖစ္သလို လက္ရွိအခ်ိန္မွာ လာေရာက္လည္ပတ္တဲ့ ခရီးသည္ေတြအတြက္ Tourist Information Center၊ ကားရပ္နားဖို႔ေနရာ၊ နားေနေဆာင္၊ အခမဲ့ သန႔္စင္ခန္းေတြနဲ႔ အခမဲ့ ဖိနပ္စင္ေတြ ေဆာက္လုပ္ေပးထားၿပီး ဆက္လက္ေဆာက္လုပ္သြားဖို႔လည္း ရွိတယ္လို႔ သိရပါတယ္။
ဒီဗြီဘီ


Unicode






မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကို လာရောက်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေဆီက ဝင်ကြေးငွေကောက်ခံနေပြီး ၆ လအတွင်း ကျပ်သိန်း ၆၀၀၀ နီးပါး ရခဲ့တယ်လို့ ဂေါပကအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ဇူလိုင်လကစလို့ နိုင်ငံခြားခရီးသွားဧည့်သည်တဦးကို ကျပ်ငွေ ၅၀၀၀ နှုန်းနဲ့ စတင်ကောက်ခံခဲ့တာဖြစ်ပြီး ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ နိုင်ငံခြားသားဦးရေ ၁ သိန်းကျော် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။



မဟာမုနိရုပ်ရှင်တော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက “ဘုရားဘဏ္ဍာအနေနဲ့ ရရှိတာကတော့ ၅၉၈၅ သိန်း နီးပါးလောက်ရတယ်။ ၈၄ သိန်းကျော်ကျော်ပေါ့။ ကျနော်တို့ ဘုရားဟာ သာယာလှပပြီးတော့ နေချင့်စဖွယ်၊ လာချင့်စဖွယ် စိတ်ချမ်းသာစရာကောင်းတဲ့ ပတ်ဝန်းကျင်တခုဖြစ်ဖို့၊ သန့်ရှင်းသာယာဖို့ အရေးကြီးတယ်။ ငါးကန်နားတဝိုက်မှာလည်း လူသွားလမ်းတွေ ထိုင်စရာနေရာတွေ လုပ်ပေးတယ်။ နောက်ပြီးတော့ အနောက် ၄၅ တာ ခြင်းလုံးရုံတဝိုက်၊ ပြီးတော့ ကားပါကင် ဆက်လုပ်ဖို့ရှိတယ်”



နိုင်ငံခြား ခရီးသွားဧည့်သည်တွေကို ရှေးဟောင်းယဉ်ကျေးမှု ပုဂံဒေသမှာ ကောက်ခံတဲ့ပုံစံမျိုးပဲ ကောက်ခံသင့်တယ်လို့ မန္တလေးဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ပြောပါတယ်။

“မန္တလေးတောင်က ၁၀၀၀ ကျပ်ဆိုပြီး စကောက်လိုက်တယ်။ ဒါပေမဲ့ သူတို့ကောက်တာက မန္တလေးတိုင်းဒေသကြီးရဲ့ ခွင့်ပြုချက်နဲ့မှ ကောက်လို့ရတာကို။ ခွင့်ပြုလိုက်တာကို။ အမှန်ကတော့ အဲ့လို မကောက်သင့်ဘူးလို့ထင်တယ်။ လောလောဆယ်အနေနဲ့ပေါ့။ ကျနော်တို့က ခရီးသွားတွေ လာအောင် လုပ်ရဦးမှာ။ အခမဲ့တွေ ပေးရမယ်။ Zone ကြေး ၁ ခါကောက်ထားပြီးတာနဲ့ အားလုံးအတွက် ဖြစ်ရမှာပေါ့။ တနေရာပြီး တနေရာပေးဆိုတော့ ရောင်းရတဲ့ ကုမ္ပဏီအတွက်လည်း ပေးရတာတွေ များသွားတာပေါ့။ အပိုထပ်ပြီးတောင်းရတာတွေ များတယ်။ အခုဆို ဆက်တိုက်လာတော့မယ်။ ကျနော်တို့က သတင်းက ကြားနေပြီ။ အဲဒါကတော့ မြန်မာ့တိုရစ်ဇင်အတွက် အထူးသဖြင့် မန္တလေး တိုရစ်ဇင်အတွက် မကောင်းဘူးခင်ဗျ။ ပုဂံလို ၂ သောင်းခွဲဆို ၂ သောင်းခွဲ အပြတ်ကောက်လိုက်။ ဘယ်နေရာမှ ထပ်မကောက်နဲ့တော့။ အဲဒါဆို တွက်ရချက်ရတာလည်း လွယ်တယ်။ ကြည့်လို့လည်းကောင်းတယ်။ ဧည့်သည်ပေါ်မှာလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်တော့ဘူး”


ကောက်ခံရရှိတဲ့ ဝင်ကြေးတွေကို မဟာမုနိရုပ်ရှင်တော် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အသုံးပြုနေတာဖြစ်သလို လက်ရှိအချိန်မှာ လာရောက်လည်ပတ်တဲ့ ခရီးသည်တွေအတွက် Tourist Information Center၊ ကားရပ်နားဖို့နေရာ၊ နားနေဆောင်၊ အခမဲ့ သန့်စင်ခန်းတွေနဲ့ အခမဲ့ ဖိနပ်စင်တွေ ဆောက်လုပ်ပေးထားပြီး ဆက်လက်ဆောက်လုပ်သွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။

ဒီဗွီဘီ